Mind

in #msu8 years ago (edited)

နှစ်သစ်မှာ မကောင်းတဲ့အကျင့်လေးတွေကို ဖယ်ရှားရအောင်
image
မြန်မာ့နှစ်သစ်ကူးကာလ ရောက်ပါပြီနော်။
ဒီတော့ နှစ်သစ်ကနေစပြီး ကိုယ့်ရဲ့ ဘယ်လိုအမူအကျင့်တွေကို ပြင်မယ်၊ ဘာတွေလုပ်မယ်ဆိုပြီး အစီအစဉ်တွေချထားတတ်ကြတာ သဘာဝပါ။
ဒါပေမယ့် ကောင်းတဲ့အကျင့်တွေကို လုပ်ယူရတာ ရကောင်းရနိုင်ပေမယ့် လုပ်နေကျ အသားကျနေတဲ့ အကျင့်ဆိုးတွေကို ပြင်ရခက်လေ့ရှိပါတယ်။ ဥပမာပြောရရင် မနက်စောစော အိပ်ရာမထနိုင်တာ၊ အဆီအဆိမ့်နဲ့ အချိုတွေကို လျှော့လို့မရတာ၊ အပြင်ခဏခဏထွက်တဲ့အကျင့်ကို ဖြတ်လို့မရတာ စသည်ဖြင့် ဖြစ်တတ်ပါတယ်။

အဲဒီတော့ မကောင်းတဲ့အကျင့်တွေကို ပြင်မယ်ဆိုတာထက် ကောင်းတဲ့အကျင့်တွေ စလုပ်မယ်ဆိုပြီး အစီအစဉ်ဆွဲပါ။ မနက်စောစောထတာ ကောင်းတာဖြစ်တဲ့အတွက် မနက်စောစောထမယ်၊ အိပ်ရာစောစောဝင်မယ်ဆိုပြီး အစီအစဉ်ဆွဲပါ။

အကျင့်ဆိုတာက ထပ်တလဲလဲလုပ်တဲ့ကိစ္စကို ပြောတာဖြစ်လို့ ကိစ္စတစ်မျိုးတည်းကိုပဲ ရက် ၂၀ ကနေ ၂၈ ရက်လောက် မပျက်မကွက်လုပ်လိုက်မယ်ဆိုရင် အကျင့်ဖြစ်သွားတတ်ပါတယ်။ တကယ်လို့ ကိုယ်ဟာ အကျင့်တစ်ခုကို ၂၁ ရက်ကျော်အောင် ဆက်တိုက် လုပ်နိုင်ပြီဆိုရင်တော့ အခက်ခဲဆုံးဆိုတဲ့ အပိုင်းကြီးကို ကျော်သွားပြီပဲ ဖြစ်ပါတယ်။

ဒီလိုအကျင့်ရအောင်လုပ်နိုင်တဲ့ နည်းလမ်းလေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပထမဆုံးအကြိမ်မှာ လွယ်ကူတဲ့ အကျင့်လေးတစ်ခုကနေ စပြီးလုပ်ပါ၊

(၂) ပုံမှန်အချိန်တစ်ချိန်သတ်မှတ်ပြီး ကိုယ်ရွေးချယ်ထားတဲ့ အကျင့်လေးကို ပုံမှန်လုပ်ပါ၊

(၃) ၂၈ ရက်ကျော်အောင်လုပ်မယ်ဆိုပြီး သန္နိဋ္ဌာန်ထားပါ၊

(၄) တစ်ရက်ပြီးသွားတိုင်း အမှတ်အသားလေးတစ်ခု လုပ်ထားပါ၊

(၅) သတ်မှတ်ပြီးသားအချိန်ကို မပြောင်းပါနဲ့၊

(၆) မကောင်းတဲ့အတွေးတွေကို ဖျောက်ပစ်ပါ၊

(၇)မလိုအပ်ပဲ ပိုက်ဆံကိုမသုံးပါနဲ့၊အသုံးနဲ့အဖြုန်းကိုနားလည်ပါစေ၊

ဒီအချက်လေးတွေအတိုင်း လိုက်နာပြီး ဆောင်ရွက်မယ်ဆိုရင် အကျင့်ကောင်းလေးတစ်ခု ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကြိုးစားကြည့်ကြပါဦးနော်။

MSU..033
Written..@yehtetaung
Photo..google

Sort:  

ကြိုးစားကြည့်​မယ်​ bro ​ရေ

World of Photography
>Visit the website<

Thank you for participating in #smartphonephotography

You have earned 5.40 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.08
Server time: 04:56:15
Account Level: 0
Total XP: 83.70/100.00
Total Photos: 16
Total comments: 1
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

30688195_442396722853716_3392771258985742336_n.jpg

You receive 100% Vote From @wailinn. Because Your Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Thank kowailin.

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

IMG_20180420_115856.jpg
You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Nice to meet you.

Awesome bro Keep Trying

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.102
BTC 62554.16
ETH 1783.65
USDT 1.00
SBD 0.38