အလွမ်းနိဒါန်း

ငယ်ကချစ်ပေမယ့်
အနှစ်တရာမဆုံနိုင်ခြင်းအပေါ်
ကျနော် နောင်တမရချင်တော့ဘူး။
နင့်နင့်နဲနဲလွမ်းနေမယ်နော် ဆိုတာကလွဲရင်
နှုတ်တွေဆွံ့အ
မျက်ရည်တွေသာတဖြုတ်ဖြုတ်ကျရတယ်
ပေးတာတွေယူတာတွေဘာမှမရှိဘဲ
ချစ်ခဲ့ဖူးတာကိုပါချန်လိုက်ရင်
သူနဲ့ကျနော်မှာ ကြေကွဲစရာတွေသာရှိတော့တယ်
ကျနော်ဘယ်ခွဲရက်ပါ့မလဲ
ကျနော်ဘယ်ခွဲချင်ပါ့မလဲ။
ငယ်ချစ်ဟာ ကျနော့်အတွက်
ကြည်နူးဝမ်းမြောက်မှုတွေသယ်ဆောင်ပေးခဲ့တယ်
ငယ်ချစ်ဟာ ကျနော့်အတွက်
ရင့်ကျက်တည်ငြိမ်မှုတွေ ဆောင်နှင်းပေးခဲ့တယ်
အခုတခါ
ငယ်ချစ်ဟာ ကျနော့်အတွက်
မျက်ရည်ဖြိုင်ဖြိုင် သွန်းစေပြန်တယ်။
ချစ်သူဟာ အပြစ်မယူဘဲ
ကျနော့်ကို
လျစ်လျူရှုခဲ့လေလိမ့်မလားလို့
စိုးရိမ်ထိတ်လန့် စိတ်ပြန့်နေခဲ့ပြန်သေးတယ်
ကျနော်မှားလာတဲ့အချိန်တိုင်း ဝန်ချ
ပြင်မရတဲ့အဖြစ်တွေကိုလည်း
ချစ်သူရှေ့မှာတိုင်တည်ငိုယိုခဲ့ဖူးတယ်။
အခုတော့ နေပျော်တဲ့အရပ်ကို
ကျနော်ဖြတ်ရတော့မယ်
အသက်တမျှ ချစ်ခဲ့ဖူးတဲ့
ငယ်ချစ်ကို တကယ်ပစ်ချရတော့မယ်
ရင်နာခြင်းတခြမ်းပဲ့နဲ့
ဘဝချိုချိုတွေရှေ့ဆက်ဖို့အတွက်
ကျနော်
အသဲတွေဟက်တက်ကွဲ ငိုပွဲတွေလည်း ဆင်ရတော့မယ်။
#စုမွန်သွယ်
msu 057
ကဗျာဆရာမလေးပေါ့
so nice
နယူတန် ရဲ့ ဥပဒေသ ဟာမှန်ရဲ့လားဗျ
ကဗျာအလန်း👍
nice post