သားလည်းမေမေ့ကျေးဇူးဆပ်ချင်တာပေါ့
သားတစ်ယောက်ရဲ့ခံစားချက် အမေသိပါစေ…
' အမေ , သားကျောင်းထွက်တော့မယ် '
စူးရှတဲ့အမေ့ရဲ့အကြည့်တေနဲ့
ပြင်းထန်တယ့် လက်ဝါးတချက်
ကျကိုပေါ်ကို.. ရိုက်ချလိုက်တယ်....
အမေရယ် ,
သားလည်းအမေ့အတွက်ကြိုးစားချင်တာပေါ့ ဒါပေမဲ့ဒီလိုတစ်ပိုင်းတစ်စပညာရေး နဲ့ကျောင်းမပီးခဲ့ရတာကလည်းအမေအဖေတို့ရဲ့အပြစ်တေမဟုတ်ပါဘူး
သားပညာကံကဒီလောက်ဘဲပါလာလို့နေမာပေါ့
အဖေမရှိတဲ့မိသားစုနဲ့
တနေ့တခြား ဆိုးလာတဲ့အမေ့ကျန်းမာရေး ..
လ'ကုန်တိုင်းမျက်နှာငယ်နေရတဲ့
ညီ၊ညီမရဲ့ ကျောင်း ဖိုးကျူရှင် ဖိုးစရိတ် . . .
ဆယ်ကျော်သက်အရွယ်ဖြစ်တော့ငယ်ချစ်သူလေးနဲ့လည်းတက္ကသိုလ်တူတူတက်ချင်တာပေါ့ ဒါပေမဲ့မဖြစ်နိုင်တော့အခြေအနေရောက်နေတော့လက်တွဲဖြုတ်ခဲ့ရတာပေါ့
တစ်ချို့လူတွေကပြောကြတယ် ,
ခလေးပညာရေး အညွန့်ကျိုးပီပေါ့တဲ့ ရပါတယ် ကျွန်တော်ရှေ့ဆက်တိုးဖို့အတွက်ကို့အညွန့ကိုချိုးလိုက်တာပါ
ဆိုက္ကားနင်းဖို့ , အင်္ဂလိပ်စကား တက်စရာမလိုပါဘူး ...
စပါယ်ယာလုပ်ဖို့ , ဘွဲ့လက်မှတ်မလိုပါဘူး ...
ဂျာနယ်ရောင်းဖို့ , သင်တန်းဆင်းဖြစ်ဖို့မလိုဘူး...
" ကျတော့် အတွက် အလုပ်တွေ တပုံကြီးပါ "
တိုက်ကြီးကြီး မဝယ်ပေးနိုင်ပေမယ့်
အမေ့ကို တစ်နေ့ပူပင်ကြောင့်ကျမရှိထားပေးမာပါ
အမေ့ ကုသိုလ်ရေးတေကိုလည်းသားလုပ်အားလေးနဲ့အမေအလျုအတန်းမပျက်အောင်သားကြိုးစားမာပါ
အမေရယ် ...
ညီမလေးက ,
စာသိပ်တော်တာ
ကြီးလာရင် ကျောင်းဆရာမ ဖြစ်မယ် ထင်တယ် . . .
ညီလေးကလည်း ,
ပုံဆွဲ တအားတော်တာ ...
ဘွဲ့ရရင် အင်ဂျင်နီယာ လုပ်မယ်ပြောတယ် ...
ကျတော့်တွက်တော့အမေမပူပါနဲ့
အမေပေးထားခဲ့တဲ့လက်တေခြေထောက်တေ ခွန်အားတေနဲ့သား ကြိုးစားနိုင်ပါသေးတယ်
မငိုပါနဲ့ . . . အမေရယ် ..
သား လေ ... မိသားစုအတွက်
"အားကိုးထိုက်တဲ့သားကြီးဖြစ်ချင်မိတယ် ညီမလေးအားကိုးတဲ့အ်းကိုကောင်းတစ်ယောက်လည်းဖြစ်ချင်မိတယ်
ရင်တွင်းခံစားချက်
Crd google photo
Nyiphyo
MSU-072
ရေးတက်လိုက်ကြတာဟေး
တွေးတောရင်းရေး😢
Nice Post
5ting Bro
ဟုတ်