Solo (2017) အညွှန်း

in #msu8 years ago

ကျွန်တော်ဟာ ကုလားကားကြိုက်သူဖြစ်ပေမယ့် ဘောလိဝုဒ် ကားတွေလောက်သာကြည့်ပြီး တောင်ပိုင်းကုလားကားများဖြစ်တဲ့ တမီးလ် တေလေဂူး စတဲ့ ဇာတ်ကားများကိုတော့ ပေါကား ဟု သတ်မှတ်ထားသူတစ်ဦးပါ။ ဒါပေမယ့် ဒီဇာတ်ကားကို ကြည့်အပြီးမှာတော့ တစ်နာရီ လောက်ဆွံအသွားပါတော့တယ် နောက်ပြီး အရင်က အထင်မကြီးခဲ့မိတာတွေကိုပါ အားနာသွားမိပါတယ်။ ဥပမာ ပြောရရင် မြန်မာပေါကားတွေကြားက ဥပါယ်တံမျှဉ် လို ကွဲထွက်နေတဲ့ ကားမျိုး ဖြစ်နေလို့ပါ။ ဒီဇာတ်ကားက ကုလားကားတွေထုံးစံ ၂နာရီခွဲလောက် ကြာမြင့်ပါတယ် ဒါပေမယ့် အဲ့ဒီ၂နာရီအတွင်းမှာ အနှစ်သာရအရမ်းပြည့်ဝတဲ့ ဇာတ်လမ်းတို ငါးမျိုးကို ခံစားရသွားမှာပါ။ ဇာတ်လမ်းတိုလေးတွေ တစ်ပုဒ်ချင်းစီတိုင်းက ရသတစ်မျိုးဆိုတော့ အချိန်၂နာရီခွဲ ပေးရတာ အရမ်းတန်ပါတယ်။ Rating 7.1 ရရှိထားတဲ့ကားဖြစ်ပြီးတော့ ဆုပါ တစ်ကြိုစာရင်း အပေးခံလိုက်ရပါသေးတယ်။ ဇာတ်လမ်းတိုလေးတွေရဲ့အကြောင်းကိုတော့ ပြောမပြတော့ဘူး ကျွန်တော်စကြည့်တုန်းက ဟင်ခနဲ ဖြစ်သွားတဲ့ ခံစားချက်လေး ရစေချင်လို့ပါ။ ဒီဇာတ်ကားမှာ ချီးကျူးဖို့ အကောင်းဆုံးလူကိုပြပါဆိုရင် မင်းသား Dulquer Salmaan ပါပဲ မတူညီတဲ့ ဇာတ်ကောင်တိုင်းကို အပိုအလိုမရှိ သပ်သပ်ရပ်ရပ်လေး သရုပ်ဆောင်ပြသွားနိုင်ခဲ့ပါတယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ် ကြားမှာ ဒီမင်းသားပဲဟ ဆိုတဲ့ ခံစားချက်မရှိပဲ မင်သားအသစ်တစ်ယောက်များလား ထင်မိအောင် ကွဲထွက်နေအောင်လုပ်ပြသွားနိုင်ခဲ့ပါတယ်။ နောက်ထပ် ပိုမိုက်သွားတဲ့အချက်က မင်းသမီးတွေပါ ကျွန်တော်တခါမှ မမြင်ဖူးတဲ့ မင်းသမီးတွေဖြစ်ပေမယ့် သရုပ်ဆောင်ရော ရုပ်ရည်ရော ဘော်ဒီရောက ဘယ်လိုပြောရမလဲ လူကို နှလုံးရောဂါ ရအောင်လုပ်နေသလိုပါပဲ။
ကဲ အညွှန်းကတော့ ဒီလောက်ပါပဲဗျာ။ နောက်နေ့ ကြည့်ဖြစ်တဲ့ လူသိပ်မသိတဲ့ ကားကောင်းလေးတွေတွေ့ရင်လဲ ညွှန်းပေးပါ့မယ်ခင်ဗျာ။

Myo Khant
MSU-063

Photo Credit: https://www.imdb.com/title/tt6613814/mediaviewer/rm2637833216

Sort:  

Get a free Bible for your phone, tablet, and computer. bible.com

တယ်ညွှန်းတဲ့ စာပါလား ဟ ကြည့်ဦးမှ

အေးအေး ကလော်ကားမကြိုက်ဘူး

အာ့ဆို ကလယ်ကား ပြောင်းကြည့်ပါ ခင်မျာ

ကြည့ချြင်ဘူး 😂😂😂

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.087
BTC 58315.44
ETH 1569.20
USDT 1.00
SBD 0.38