အလွမ်းဖန်ဆင်းရှင် မိုး
မိုး ... မြေနံသင်းပျံ့
လွမ်းအောင်ဖန်ဆင်း
ဝန်းကျင်စိုစေ
သာယာစေလေ့
လူတိုင်းတောင်းတ
ရွေမိုးနှမအား
ငြင်းသူရှားလိမ့်
အဝေးရောက်ချစ်သူ
ပြန်ဖော်သတိပေး
လွမ်းစေဆွေးစေ
သူပုံဖော်ပေး
မိုးတစ်စက်ကျ
အသဲတစ်ခါကြွေ
ကြေကြေကြွေနင့်
ရင်ကိုဆင့်လို့
အလွမ်းဖိတ်ခေါ်
သူတတ်နိုင်တယ်
ကိုရွေမိုး
မင်းလဲမိုးရွာ
ငါလဲရွာမိုး
မျက်ရည်မိုးစေ
မျက်ဝန်းစိုလို့
ပြစ်သွားကြာသည်
သတိရပြန်မိ
ငယ်ချစ်ဆီသို့
နှစ်တစ်ရာမဟုတ်
နှစ်တစ်ထောင်ဘယ်မေ့မလဲ
ဝသန်မိုးရယ်
နှစ်စဉ်လာတိုင်း
ငါအချစ်လွမ်းကို
အမြဲလှုပ်နိုးဆဲ.....
ဘယ်မေ့လို့ရမလဲ
မိုးသီရောက်တိုင်း
ငါရင်ကွဲဆဲ မိုးတွေသဲဆဲ
ကဗျာ
ဈန်
MSU No 059
go 1
Nice
Nice poem
အောက်ဆုံးအပိုဒ်လေးကထောက်နေတယ်လို့ခံစားရတယ်။
ရှေးမူတွေအတိုင်းရေးဖွဲ့ထားတဲ့ ကာရံနဘေစပ်ပုံစံမို့....
ကာရံတွေကိုထိထိမိမိချိတ်နိင်ရင်ပိုကောင်းလာပါလိမ့်မယ်။
ဒီလိုကဗျာအမျိုးအစားကျတော့ကျနော်လဲမကျွမ်းကျင်ပါဘူး။
မြင်မိတာလေးပြေားခဲ့တာပါ။try fri.
ကဗျာလေးကောင်းတယ်ဗျာ
nice