Steemit တွင်အပြစ်ပေးခံရခြင်း(သို့)Flag ပြခံရခြင်း

in #msu6 years ago

imageSteemit တွင်ဘယ်လိုတွေပြုမူရင် အပြစ်ပေးခံရမယ်၊Flag ပြခံရမယ်ဆိုတာကိုရှင်းပြသွားမှာဖြစ်ပါတယ်။steemit ကတော့ social media တစ်ခုဖြစ်ပြီး တစ်ခြား social media များဖြစ်ကြတဲ့ Facebook,Line,wechat,instagram တို့လိုတော့ တစ်ခြားကနေပုံလေးတွေကြိုက်လို့ဖြစ်ဖြစ်ကူးလာတာမျိုးတော့လက်ခံမှာမဟုတ်ပါဘူးဗျ။
image
Steemit မှာပထမဦးဆုံးသတိထားရမှာကတော့ copy & paste ဖြစ်ပါတယ်။အဓိကတင်းကြပ်တဲ့စည်းကမ်းတစ်ခုဆိုလည်းမမှားနိုင်ပါဘူး။copyrightပို့ကိုတော့ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။ဒီကြားထဲကမှ copyright post တွေဆက်တိုက်တင်နေမယ်ဆိုရင်တော့ အကောင့်ပိတ်သိမ်းခံရနိုင်တဲ့အခြေအနေထိရင်ဆိုင်နိုင်ရမှာဖြစ်ပါတယ်။copy post မဖြစ်ဖို့ဆိုရင်တော့ steemit မှာကိုယ်တင်ချင်တဲ့အကြောင်းကိုဦးစွာ ပထမဦးဆုံးတင်ရမှာဖြစ်ပါတယ်။တစ်ခြား media တွေဖြစ်တဲ့ Facebook,Line,we chat,instagram တို့မှာတင်ပြီးသားpostတွေကို steemit မှာလာတင်ရင်တော့ copy ဖြစ်ပြီသာမှတ်လိုက်ပါ။ဒါကြောင့် steemit မှာဦးစွာပထမ တင်ပါလို့ ဒုတိယအကြိမ်တိုက်တွန်းသတိပေးနှိုးဆော်လိုက်ရပါတယ်။နောက်တစ်ခုကတော့ cheetah ပါ။ အဲလို တစ်ခြား social media တွေဖြစ်တဲ့Facebook,Line,we chat,instagram တို့မှာတင်ပြီးသားတွေသာမက google ကနေရှာပြီးကူးတာတို့၊ ဒီတိုင်းစာအုပ်တွေထဲကကူးချတာမျိုးတွေကိုပြင်းထန်စွာကန့်ကွက်ပါတယ်ဗျ။online ရဲ့တစ်နေရာရာမှာတင်ပြီးသားဟာကိုယ့်ထက်စောနေရင် ကိုယ့်ရဲ့ post က copy ဖြစ်ဖို့တော့အခွင့်အလမ်းများနေပြီဖြစ်ပါတယ်။cheetah ခဏခဏလာနေရင်တော့အတော်လေးသတိထားရမှာဖြစ်ပါတယ်။cheetah ထိနေတာကိုဂရုမစိုက်ပဲ ဒီတိုင်းဆက်သွားနေရင်တော့ကိုယ့်ကိုအကူအညီပေးနေတဲ့အဖွဲ့အစည်း(သို့မဟုတ်) အသင်းသားတွေ ပါထိခိုက်နစ်နာစေနိုင်မှာဖြစ်တဲ့အတွက် copy post မဖြစ်စေရန်အထူးဂရုစိုက်ရန်လိုအပ်ပါသည်။cheetah ထက်ဆိုးတဲ့နောက်တစ်ခုကတော့ steemcleaner ဆိုတဲ့အကောင့်ဖြစ်ပါတယ်။အရမ်းဆိုပါတယ်၊လုံးဝကိုသတိထားရမဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကိုယ့်ရဲ့ post မှာ သူ့ရဲ့ name လေးမြင်ရင်တော့ကံဆိုးမိုးမှောင်ကျပြီလို့သာမှတ်လိုက်ပါ။ကိုယ့် post က dollar $ တွေများနေရင်တော့ $ တွေလျော့သွားပြီးတော့ rp လျော့သွားမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ပိုစ့်ကိုတစ်ခြားသူတွေလာဗုပ်ရင် + လေးနဲ့ဖြစ်ပြီး(cheetah)အပါအဝင်ဖြစ်ပြီး steemcleaner လာvote ရင်တော့ - လေးနဲ့ဖြစ်နေမှာပါ။ကိုယ့်ရဲ့ post ကရထားတဲ့ dollar များနေရင်တော့ သိပ်ပြဿနာမရှိပေမဲ့ ခုမှစလုပ်တဲ့ beginner တွေအတွက်ကတော့ ကံဆိုးခြင်းပါပဲ။ပို့စ်ကအရောင်ဖျော့သွားမှာဖြစ်ပြီး showလိုနှိပ်ကြည့်မှမြင်နိုင်တဲ့အဆင့်ရောက်သွားမှာပါ။အဲလို post ကို ကိုယ့်ရဲ့အသင်းသားတွေကပဲဖြစ်ဖြစ်၊ကိုယ့်ကို followလုပ်ထားတဲ့သူတွေကပဲဖြစ်ဖြစ်၊ဒီတိုင်း ကိုယ့်ရဲ့ upvote ကိုလိုချင်လို့လာvote ထားတဲ့သူတွေကိုလည်းတန်ပြန်သက်ရောက်မှုရှိစေနိုင်ပါတယ်။Facebook သုံးပြီးအချိန်ဖြုန်းနေမဲ့အစား အကျိုးလည်းရှိ၊ဗဟုသုတလည်းရ၊အသိပညာလည်းတိုး၊စားများများဖတ်ကာလူတော်လူတတ်တွေဖြစ်ကြပါစေဗျာ။အဲတော့ကိုယ့်ရဲ့ပို့စ်လေးလဲ upvote $ လေးရအောင် အလကားမဖြစ်အောင်ကြိုးစားရင်း steemcleaner လေးလည်းမလာအောင် ပိုပြီးကြိုးစားအားထုတ်၍ စုပေါင်းကြိုးစားကြရအောင်လားဗျာ။
image
ကိုယ့်အဖွဲ့သားတွေထဲက steemcleaner ထိတော့စိတ်မကောင်းဖြစ်ရသလို post တွေကိုပိုမိုဂရုစိုက်ပြီးတင်ဖို့အကြံပြုအပ်ပါတယ်ဗျာ။အားလုံးပဲကျွန်တော်တို့ဝိုင်းဝန်းစုဖွဲကာကြိုးစားနေသောလိုရာပန်းတိုင်ဆီသို့ဦးတည်လျှက်။

Written by @mgzayyar
Photo from @mgzayyar
MSU-053

Sort:  

Thank steemတွက်​လိုအပ်​တာ​တေ လိုက်​နာစရာ​တေထပ်​တင်​​ပေး ပါအုံးဗျ

ဟုတ်ကဲ့ပါ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

right
ဒါပေမယ့် အဲ့ချိးတက်ကြီး က မဟုတ်မဟတ် link တေ လာချပေးတတ်သေးတယ် နော်
အာ့မျိုးဆိုရင် copy မဟုတ်ကြောင်း link မှားနေကြောင်းreply ပြန်ပေးပါ

Cheetah ကတော့errorရှိတယ်။
Cleaner ကတော့လာရင်သေပီပဲ

Spamminator တို့ mack-bot တို့လဲ ရှိသေးတယ်။

အထိနာတဲ့သူတွေပြောပြတာပါ

အင်းလေ အဲ့ဒါတွေ အကြောင်းလဲ ထည့်ရေးပေါ့။ ဒါမှမဟုတ်လဲ နောက်ထပ် ပိုစ့်တစ်ခုရေး။

ရှုပ်တယ်ဗျာ အာ့ နှစ်ကောင်ကို အရင် flag ဝိုင်းပြလိုက်မယ် 😜

သိနေတယ်လေ

Thank For Sharing😎

Nice Post
Thank U For Ur Sharing

Ok bro,more try for promotion post

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63815.31
ETH 3124.40
USDT 1.00
SBD 3.99