Steemit တွက်ငွေထုတ်ခြင်း (Part-1)
Steemit ကိုသုံးစွဲသူများလာတာနဲ့အလျှောက်တစ်ဖြေးဖြေးပိုပြီးတွင်ကျယ်လာသော်လည်းsteemit သုံးသူတိုင်းကတော့ ငွေမထုတ်တတ်ကြပါဘူး။ကျွန်တော်ခုတစ်ခါပြောပြပေးမှာကတော့ steemit ပေါ်မှာကိုယ်တိုင်ငွေထုတ်နိုင်စေရန်အသိပညာမျှဝေလိုခြင်းဖြစ်ပါသည်။
Steemit တွင် coin နှစ်မျိုးကိုအသုံးပြုထားကာလည်ပတ်နေသော social media တစ်ခုဖြစ်လေသည်။တစ်ချို့တွေကလည်းနီးစပ်ရာယုံကြည်စိတ်ချရတဲ့exchanger တွေဆီမှာရောင်းကြဝယ်ကြသလို တစ်ချို့ကိုယ်တိုင်ထုတ်ရတာကိုကြိုက်တဲ့သူတွေအနေဲ့ကလည်းကိုယ်တိုင်ထုတ်နိုင်ရန်ပြောပြပေးမှာဖြစ်ပါတယ်။
Steem နဲ့ SBD ထုတ်ရာမှာ blocktrades ကိုအသုံးပြုရပါတယ်။ နှစ်မျိုးထဲမှကိုယ်ကြိုက်ရာထုတ်နိုင်၍ SBD (steem dollar )ထုတ်နည်းပြသွားမှာဖြစ်ပါတယ်။blocktrades မှာတစ်ခြားကွိုင်များရှိသော်ငြားလည်း ကျွန်တော်ကတော့ doge coin ကိုပဲအသုံးပြုပါတယ်။ကိုယ်ရတဲ့အမြတ်ထဲကအများကြီးပါသွားရင်နှမြောစရာပေါ့ဗျာ။Doge coin ကတော့ fee ကြေးဖြတ်တဲ့နေရာမှာဈေးအနည်းဆုံးကွိုင်ဖြစ်တဲ့အတွက်အသုံးပြုပါတယ်။ SBD TO DOGE ဈေးလေးကြည့်ပြီးအဆင်ပြေပြီချိန်းမယ်ဆို အောက်က Dogecoin address နေရာမှာ doge wallet address လေးထည့်၊ပြီးရင် Get deposit address ကိုနှိပ်လိုက်ရင် အောက်မှာ စာတန်းလေးတစ်ခုထပ်ပေါ်လာပါလိမ့်မယ်။အဲစာလေးကို copy ယူပြီး Steemit >>wallet>> transfer>> To နေရာမှာ blocktrades ဆိုပြီးမှန်ကန်စွာရိုက်နှိပ်ပြီး 10 sbd ပြောင်းချင်ရင် 10 sbd နှိပ်၊ ခုနကကူးလာတဲ့ address ကို Memo မှာဖြည့်လိုက်ပါ။ခဏအကြာတွင်ကိုယ့် doge coin wallet ထဲ dogeများရောက်လာပါလိမ့်မယ်။ လမ်းတစ်ဝက်ရောက်ပီဗျာ။
နောက်အပတ်မှာတော့ Dogecoin to Perfect money (PM) ကိုပြောင်းနည်းဆက်လက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့နည်းထက်ကောင်းလျှင်လည်းပြန်သင်ပြပေးနိုင်ပါတယ်။ကျွန်တော်လည်း ခုမှလေ့လာသင်ယူနေဆဲသူတစ်ယောက်ပါ။
Written by @mgzayyar
Photo from @mgzayyar
Post on busy
MSU-053
free များတယ် ကွယ်
ဟုတ်တယ်ဗျ
ကျေးဇူးပါ...မသိသေးတာ သိရလို့
ဟုတ် ဒုတိယအပိုင်းလေး ရှိသေးတယ်နော်
အတော်ပဲ နက်ဖြန် sbd 500 000 လောက် ထုတ်ပြိုက်လိုက်မယ် 😜 😜
အဲလောက်ထုတ်ရင် sbd 1000 လောက် fee ကြေးဖြတ်ခံရမာနော်
😢
သိုင်းကျူးးbro မသိတာတွေသိရလို့
ရပါတယ်ဗျာ