Steemit ဆိုသည်မှာ
ခုရက်ပိုင်းတော့စာမရေးဖြစ်တာလဲအတော်ကြာခဲ့ပြီ။ဈေးတွေကလည်းကျနေတော့အားတင်းနေခဲ့ရတာတွေတစ်ဖြေးဖြေးအားလျော့လာခဲ့သည်။တစ်ချိန်ချိန်ဈေးပြန်တက်လာမှာပါဆိုတဲ့အတွေးလေးနဲ့တောင့်ခံရသည်မှာလပေါင်းမနည်းတော့ပေ။ဈေးကလည်းကျနေတော့ free voter လေးတွေရဲ့ vote လေးတွေနဲ့အသက်ဆက်လိုက်၊promotion ပေးတဲ့အခါကျတော့လည်း MSU အဖွဲ့ကဗုပ်လေးတွေနဲ့သာယာလိုက်နဲ့အဆင်ပြေနေပြန်ရော။steemit ဆိုသည်မှာစာရေးရုံဖြင့် $ ရတဲ့ site တစ်ခုဖြစ်လှတဲ့အတွက်အပြင်လောကမှာလိုပင်ပင်ပန်းပန်းရှာစရာမလိုပဲသက်သက်သာသာဖြင့်ငွေရှာနိုင်မှာဖြစ်သလို စလုပ်တဲ့သူတွေအတွက်ကတော့အရနည်းနေသေးပေမဲ့တစ်နှစ်၊နှစ်နှစ်လောက်အချိန်ကြာသွားတဲ့အခါမှာတော့ထိုက်သင့်သလောက်တစ်ဖြေးဖြေးပါဝါတွေမြင့်|rpတွေတိုးကာ estimated value မှာလဲတစ်ဖြေးဖြေးတိုးလာတဲ့အခါဝမ်းသာကြရမှာဖြစ်ပါတယ်။steemit ဆိုတဲ့အရာကတော့ခဏတာ ဝင်ခိုလို့ရတဲ့ဇရပ်မဟုတ်တဲ့အတွက် သူများတွေ $ ရတယ်ဆိုလို့ခဏတာ လာပီးစာရေးတာတို့နဲ့တော့အဆင်မပြေဘူးဗျ။ကိုယ့်အိုးကိုယ့်အိမ်လိုသဘောထားပြီးနှစ်ရှည်လများစွဲစွဲမြဲမြဲလုပ်လာတဲ့သူတွေအဖို့မှာတော့ရေရှည် အနာဂတ်အတွက်တစ်ခုခုတော့အကျိုးရှိကျန်ရစ်နေလိမ့်မည်။
ဈေးကျနေချိန်တွင်စာရေးသူတွေမရှိသလောက်နည်းနေပေမဲ့ voting power တွေပိုနေသော်လည်းဈေးတက်ချိန်တွင်လူပေါင်းများစွာရေးလာကြမည်ဖြစ်၍ voting power မလောက်ဖြစ်ကြမည်ကိုမြင်ယောင်နေမိသေးသည်။ကျွန်တော်လည်းတစ်ယောက်တည်းအချိန်ကာလတွေတုန်းက $ မတက်စိတ်ပျက်၍သုံးလလောက်နားခဲ့သည်။MSU မှလူသစ်(newbies )ခေါ်နေသည်ဟုကြားသည်နှင့်တစ်ပြိုက်နက် စားရင်းပေးကာအဖွဲဝင်ဖြစ်ခဲ့သည်။ဥကွဲသည့်ဘဝသို့ရောက်ရှိကာစာရေးလေးလိုက်၊ပရိုမဟုတ်တဲ့နေ့တွေဆိုပုံလေးတင်လိုက်နှင့်အဆင်ပြေခဲ့သည့်အချိန်တွေပို၍များပြားလာခဲ့သည်။
Steemit လုပ်မည်ဆိုရင် ရေရှည်လုပ်ဖို့တော့အကြံပြုပါရစေ။အနာဂတ်အတွက်ဘဝအာမခံချက်တစ်ခုလို့တော့ပြောလို့ရလောက်ပါတယ်။
Written by @mgzayyar
Photo from @mgzayyar
Post on busy
Msu-053
fighting bro @aggamun 😄
Thz bro
Right
Heee