Steemd ကိုအသုံးပြုစေချင်
ခုတစ်လော steemit update လုပ်ပြီးပြင်ဆင်ချက်တွေပြောင်းလဲသွားတဲ့အခါ အရင်နဲ့မတူတော့ပဲ post တစ်ခုတင်တိုင်း resources credit လျော့နေတာကိုတော့သတိထားမိကြမှာပါ။အရင်ကတော့ vote လိုက်တိုင်း comment ပေးတိုင်း resources credit ကျမသွားပါဘူး။ခုပြင်ဆင်ပြီးနောက်ပိုင်းမှာတော့ comment မန့်လျှင်သော်လည်းကောင်း၊ပို့စ်တင်ရင်သော်လည်းကောင်း resources credit ကျမှာဖြစ်တဲ့အတွက်အထူးသတိပြုရပါလိမ့်မယ်။အရင်တုန်းကလို မန့်ချင်သလို၊ပို့စ်တင်ချင်သလိုတင်လို့မရတော့ပါဘူး။ဒါပေမဲ့စိတ်ပူစရာမလိုပါဘူး။ကိုယ်ဘယ်လောက် vote ပေးလို့ရမယ်၊ဘယ်လောက် comment ပေးလို့ရမယ်၊ဘယ်လောက်ပို့စ်တင်လို့ရလဲ၊steem power တွေဘယ်လောက်ထိရွေ့ပြောင်းမှုလုပ်နိုင်မလဲဆိုတာကိုအတိအကျသိရမဲ့နည်းလမ်းလေးရှိပါတယ်။အဲတာကတော့ www.steemd.com ပဲဖြစ်ပါတယ်။ကိုယ်ဘယ်လောက်ထိဗုပ်လို့ရသေး၊မန့်လို့ရသေး၊ပို့စ်တင်လို့ရသေးတာကအစအသေးစိတ်ပါတဲ့အတွက် တစ်နေ့တစ်နေ့ပိုပြီးထိန်းသိမ်းလို့ရစေမှာတော့အမှန်ပါ။နည်းနည်းလေးလျော့ရင်တော့စိတ်မပူပါနဲ့။ခဏလေးနဲ့ပြန်အပြည့်မြန်သလိုတစ်ခုခုလုပ်တာနဲ့ တမ်းလျော့မှာဖြစ်ပါတယ်။
ကျွန်တော်ပြောထားတဲ့လင့်လေးကနေဝင်ကြည့်ပြီးအကုန်အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ။တစ်ခုခုနားမလည်တာရှိခဲ့လျှင်လည်း chat box ကနေမေးမြန်းနိုင်ပါတယ်ဗျာ။
Written by @mgzayyar
Photo by @mgzayyar
Post on busy
MSU-053
steemd.com ထဲဝင်ပြီးရင်ဘယ်ကိုဆက်သွားရမှာလဲခင်ဗျာ
Login with steemit account