Waiting For Tinker Bell

in #msu6 years ago (edited)

Waiting For Tinker Bell
.
.
မျှော်ဆဲ ...
လာမယ့်လမ်းကို ဝေ့ကြည့်တော့ ...
ဆံနွယ်ဝဲဝဲတွေလည်းမတွေ့ရ ...
နံနက်ခင်းရဲ့နေခြည်နွေးထဲ ...
ကိုယ်မျှော်တဲ့လိပ်ပြာလေးရဲ့ အတောင်ပံခပ်သံလည်းမကြားမိသေး ...
သေချာတယ် ...
ကိုယ့်အတွက် နံနက်ခင်းဟာ အလှတရားတစ်ခုမဖြစ်သေးဘူး။

FB_IMG_1532094261016.jpg

မြို့ပြရဲ့ ကားမှတ်တိုင်ဟာ အသွေးအရောင်စုံ အသံစုံနဲ့
ရုပ်ဝတ္ထုတွေပေါလျှံပြည့်ဝနေတယ် ..
မှိုင်းနံ့စွဲနေတဲ့ အတ္တခြုံထည်တွေနဲ့ မနုဿ တွေ ...
Shit ...!!!
နားထဲမှာ ညီထွဋ်ရဲ့ " လူ " သီချင်းပဲကြားမိနေတယ်။

ရုတ်တရက်တုန်ခါသွားတဲ့ ကိုယ့်ဖုန်းလေးရဲ့ စေ့ဆော်မှုမှာ
လှပ်ခနဲ့ခုန်သွားတဲ့ရင်ဟာ နှုတ်ခမ်းအစုံကို အပြုံးအဖြစ်ရေးခြစ်လိုက်ကြတယ်။
ကိုယ့်လိပ်ပြာလေးရဲ့ " Msg " လေလား !!!
Shit !!! (ဒါက ဒုတိယအကြိမ်)...
သူနဲ့ကိုယ်နဲ့ သမီးရည်းစားမဟုတ်ပဲ ...
ခဏခဏ စာတိုတွေအပို့ခံရတာ ...
စိတ်ညစ်ညူးစရာပါ ။
ဖြစ်နိုင်ရင်မပို့ပါနဲ့ ...
မလိုဘူးလေ။
ကိုယ်မင်းကိုအောင့်နမ်းပေးထားတာပဲ !(နော်ဝေသူရယ်)

ကိုယ့်လက်ကောက်ဝတ်က နာရီလေးမှာ ...
စက္ကန့်တံလေး အလုပ်ကြိုးစားနေတာကိုယ်သိပါတယ် ...
မင်းလိုပဲငါ့နှလုံးသားလေးလည်း သိပ်အလုပ်များနေတယ်။(တဒိတ်​ဒိတ်​ နဲ့)
လိပ်ပြာလေးလာမှ မင်းရဲ့စည်းချက်နဲ့ ကိုယ့်နှလုံးသားရဲ Rhythm..
Perfect ဖြစ်တော့မယ်ထင်တယ်...။ .......... ။
★ Lay Cho. ★
#MSU-061
#LayCho

Sort:  

အင်း ရည်းစားစာလေး တစ်စောင်လောက် ရေးပေးခိုင်းရင် ကောင်းမလား

အိမ်က မဟေသီကြီးပစ်ထားပြီး .. ဒီမှာလူပျိုလာလုပ်နေတယ်ပေါ့လေ .. ဟိဟိ

ထူးအိမ်​သင်း သီချင်း​တွေလိုပဲ....စာသား​လေး​တွေ✅

အဲ့လိုတောင်မတင်စားပါနဲ့ဗျာ ..
မခံယူရဲပါ ..

ကျွန်​​တော်​က ကိုငှက်​အသံနဲ့စာသားကိုသီချင်းပုံစံရွတ်​လိုက်​ပီးမှ​ပြေားတာပါဗျာ😃

အို ... အဲ့ကဗျာရွတ်သံလေး နားထောင်ချင်မိ

မ​ပြေား​တော့ပဘူး​လေ...😝

Thz a lot bro.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02