အေမ့အိမ္ေလးဆီသို႔

in #msu8 years ago

image
Zawgyi Version
ကၽြန္ေတာ္က ေနျပည္ေတာ္ၿမိဳ႕မွာေနတဲ့ ေနျပည္ေတာ္သားဗ်။ ဆယ္တန္းၿပီးေတာ့ နည္းပညာတကၠသိုလ္(ရမည္းသင္း)မွာ ေက်ာင္းဆက္တက္ေနခဲ့တာေပါ့။ အခ်ိန္ေတြလည္း ၾကာၿပီး အတန္းေတြလည္း ႀကီးလာေတာ့ ဒီပတ္ဝန္းက်င္နဲ႔ သိပ္မစိမ္းေတာ့ဘူးေလ။ ရမည္းသင္းဆိုတာ ကိုယ့္ၿမိဳ႕၊ကိုယ့္ရြာလိုေတာင္ ျဖစ္လာခဲ့တယ္။ အေပါင္းသငြးသစ္ေတြ၊ မိတ္ေဆြသစ္ေတြ ထပ္ၿပီးရလာတယ္။ကိုယ့္ကိုကိုယ္ လူတြင္က်ယ္လာသလိုလည္း ခံစားရတယ္။ ေရာက္တဲ့အရပ္မွာ ပညာရွာရင္း ေပ်ာ္ေအာင္ေနခဲ့တယ္။ ထမင္းစားတဲ့အခ်ိန္နဲ႔ အိပ္ယာထဲအိပ္တဲ့အခ်ိန္ဆို ေခါင္းထဲကို အေတြးေတြက ဝင္ဝင္လာတယ္။ အိမ္ကိုလြမ္းလာတယ္။ အိမ္က မိသားစုထမင္းဝိုင္းေလးကို လြမ္းတယ္။ မိသားစု သိုက္သိုက္ဝန္းဝန္းနဲ႔ ထမင္းဝိုင္းေလးကို လြမ္းတယ္။ ဒီလိုနဲ႔ ေက်ာင္းေရာက္ၿပီး ၁လေလာက္အၾကာမွာ အိမ္ျပန္ခ်င္တာနဲ႔ ျပန္ဖို႔ ဆံုးျဖတ္လိုက္တယ္။ ေသာၾကာေန႔မနက္ခင္းတစ္ခုမွာ လူက အလိုလိုတက္ႂကြေနသည္။ လုပ္သမၽွလည္း တက္တက္ႂကြႂကြျဖစ္ေနသည္။ မနက္ပိုင္းေက်ာင္းသြားတက္တယ္။ၿပီးေတာ့ ညေနပိုင္းပါ သြားတက္ၿပီး ညေန၃နာရီခြဲေတာ့ အတန္းၿပီးေတာ့ အေဆာင္ျပန္ေရာက္တာနဲ႔ အိမ္ျပန္ဖို႔ အလၽွင္အျမန္ျပင္ဆင္ပါေတာ့တယ္။ ေလၽွာ္ဖို႔ အဝတ္နည္းနည္းနဲ႔ တစ္ေယာင္တစ္ေဆာင္ စာက်က္ဖို႔ စာအုပ္ေလးေတြကို ေက်ာပိုးအိပ္ထဲထည့္ၿပီး သိမ္းစရာရွိတာေတြ သိမ္း ကားထြက္ေစာင့္ေနလိုက္တယ္။ ထေနာင္းပင္ႀကီးေအာက္က ခုံေလးေပၚမွာ ထိုင္ၿပီး အနက္ေရာင္ ကတၱရာလမ္းမႀကီးကို ေငးကာ ေျမာက္ကေနေတာင္ကို လာေနတဲ့ busကားေတြကို ေစာင့္ေနသည္။ ၄နာရီခြဲေလာက္မွာ busကားတစ္စီး ေျမာက္မွေတာင္ကို ေမာင္းလာတာေတြ႕ေတာ့ ေပ်ာ္သြားတယ္။ ကားကို လက္ျပတားကာ ကားေပၚကို တက္လိုက္တယ္။ ထိုင္ခံုကမရေတာ့ မက္တပ္ဘဲ စီးရတာေပါ့။ ကားစီးရင္ ပင္ပန္းမယ္သိေပမဲ့ အိမ္ျပန္ခ်င္ေနတဲ့ ကၽြန္ေတာ့္ မက္တပ္ရပ္ပဲ စီးခဲ့တယ္။ အိပဲ့အိပဲ့ကားေလး ေျမာက္အရပ္ကေန ေတာင္အရပ္ကို ဦးတည္ကာ ကၽြန္ေတာ့ကို အိမ္အေရာက္ပို႔ေပးေနၿပီး။ လမ္းမွတ္တိုင္တစ္ခုမွာ လူတစ္ေယာက္ဆင္းသြားေတာ့ ထိုင္ခုန္ရတယ္။ ထိုင္ခုန္ေပၚထိုင္ၿပီး ေတြးရင္းေတြးရင္းနဲ႔ ေနျပည္ေတာ္ေရႊၿမိဳ႕ေတာ္ႀကီးဆီသို႔ အေရာက္သြားေနခဲ့သည္။ ေနျပည္ေတာ္ၿမိဳ႕ထဲေရာက္ေတာ့ ဆင္းဖို႔ျပင္လိုက္တယ္။ အိမ္နဲ႔ ကားလမ္းနဲ႔က ၁၅မိနစ္ေလာက္ လမ္းေလၽွာက္သြားရေသးတယ္။ မွတ္တိုင္မွာ ဆင္းၿပီးတာနဲ႔ ေျခလမ္းေတြ သြတ္ေနတယ္။ အိမ္ကို ေရာက္လိုစိတ္ေတြ ျပင္ထန္ေနခဲ့တယ္။ အိမ္ကို ဖုန္းဆက္ၿပီး လာႀကိဳဖို႔ ေခၚရင္ ရတယ္။ အံဩသြားေစခ်င္လို႔ မေခၚဘဲ လမ္းေလၽွာက္ျပန္သြားခဲ့သည္။ အိမ္အေပါက္ေရာက္ေတာ့ တခါးကို အသာျဖင့္ၿပီး အိမ္ထဲဝင္လိုက္သည္။ အေမ့ကို ျမင္ရၿပီ။ အေမလည္း အံ့ဩေနၿပီး ျပန္လာတာ ဘာလို႔မေျပာတာလဲတဲ့။ ေမာလာသမၽွ အေမာေတြေျပၿပီး ေအးျမသြားေစခဲ့တဲ့ အေမ့ရဲ႕ႀကိဳဆိုပံုနဲ႔ အေမ့အိမ္ေလးကို ေရာက္ခဲ့ၿပီ။ အဲ့ညက ညစာကို မိသားစုစံုစံုညီညီနဲ႔ စားခဲ့ၾကသည္။ အိမ္ကလူေတြလည္း ေပ်ာ္ေနၾကသည္။ ကၽြန္ေတာ္လည္း ေပ်ာ္သည္။ ထမင္းစားၿပီးၾကေတာ့ tvၾကည့္ရင္း ေက်ာင္းမွာ ျဖစ္ခဲ့တဲ့အေၾကာင္းေတြကို ေဖာက္သည္ခ်ခဲ့ေသးသည္။

ဘယ္ေနရာ ဘယ္ဌာန
ဘယ္ေလာက္ေကာင္းေကာင္း
အေမ့အိမ္ေလာက္ မေကာင္း
ဘယ္ေနရာ ဘယ္ဌာန
ေပ်ာ္ဖို႔ေကာင္းေကာင္း
အေမ့အိမ္ေလာက္ ေပ်ာ္ဖို႔မေကာင္း
ဘယ္သူလက္ယာေကာင္းေကာင္း
အေမခ်က္တဲ့ လက္ယာေလာက္ မေကာင္း

အေမ့အိမ္နဲ႔ ေဝးေနသူေတြ အေမ့အိမ္ကို အျမန္ျပန္ႏိုင္ၾကပါေစ။

@kyawzinwin14
Msu-016
အမွားေတြပါခဲ့ရင္ ခြတ္လြတ္ေပးဖို႔ ေတာင္းပန္အပ္ပါသည္။
Photo-google
Unicode Version
ကျွန်တော်က နေပြည်တော်မြို့မှာနေတဲ့ နေပြည်တော်သားဗျ။ ဆယ်တန်းပြီးတော့ နည်းပညာတက္ကသိုလ်(ရမည်းသင်း)မှာ ကျောင်းဆက်တက်နေခဲ့တာပေါ့။ အချိန်တွေလည်း ကြာပြီး အတန်းတွေလည်း ကြီးလာတော့ ဒီပတ်ဝန်းကျင်နဲ့ သိပ်မစိမ်းတော့ဘူးလေ။ ရမည်းသင်းဆိုတာ ကိုယ့်မြို့၊ကိုယ့်ရွာလိုတောင် ဖြစ်လာခဲ့တယ်။ အပေါင်းသငွးသစ်တွေ၊ မိတ်ဆွေသစ်တွေ ထပ်ပြီးရလာတယ်။ကိုယ့်ကိုကိုယ် လူတွင်ကျယ်လာသလိုလည်း ခံစားရတယ်။ ရောက်တဲ့အရပ်မှာ ပညာရှာရင်း ပျော်အောင်နေခဲ့တယ်။ ထမင်းစားတဲ့အချိန်နဲ့ အိပ်ယာထဲအိပ်တဲ့အချိန်ဆို ခေါင်းထဲကို အတွေးတွေက ဝင်ဝင်လာတယ်။ အိမ်ကိုလွမ်းလာတယ်။ အိမ်က မိသားစုထမင်းဝိုင်းလေးကို လွမ်းတယ်။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ထမင်းဝိုင်းလေးကို လွမ်းတယ်။ ဒီလိုနဲ့ ကျောင်းရောက်ပြီး ၁လလောက်အကြာမှာ အိမ်ပြန်ချင်တာနဲ့ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ သောကြာနေ့မနက်ခင်းတစ်ခုမှာ လူက အလိုလိုတက်ကြွနေသည်။ လုပ်သမျှလည်း တက်တက်ကြွကြွဖြစ်နေသည်။ မနက်ပိုင်းကျောင်းသွားတက်တယ်။ပြီးတော့ ညနေပိုင်းပါ သွားတက်ပြီး ညနေ၃နာရီခွဲတော့ အတန်းပြီးတော့ အဆောင်ပြန်ရောက်တာနဲ့ အိမ်ပြန်ဖို့ အလျှင်အမြန်ပြင်ဆင်ပါတော့တယ်။ လျှော်ဖို့ အဝတ်နည်းနည်းနဲ့ တစ်ယောင်တစ်ဆောင် စာကျက်ဖို့ စာအုပ်လေးတွေကို ကျောပိုးအိပ်ထဲထည့်ပြီး သိမ်းစရာရှိတာတွေ သိမ်း ကားထွက်စောင့်နေလိုက်တယ်။ ထနောင်းပင်ကြီးအောက်က ခုံလေးပေါ်မှာ ထိုင်ပြီး အနက်ရောင် ကတ္တရာလမ်းမကြီးကို ငေးကာ မြောက်ကနေတောင်ကို လာနေတဲ့ busကားတွေကို စောင့်နေသည်။ ၄နာရီခွဲလောက်မှာ busကားတစ်စီး မြောက်မှတောင်ကို မောင်းလာတာတွေ့တော့ ပျော်သွားတယ်။ ကားကို လက်ပြတားကာ ကားပေါ်ကို တက်လိုက်တယ်။ ထိုင်ခုံကမရတော့ မက်တပ်ဘဲ စီးရတာပေါ့။ ကားစီးရင် ပင်ပန်းမယ်သိပေမဲ့ အိမ်ပြန်ချင်နေတဲ့ ကျွန်တော့် မက်တပ်ရပ်ပဲ စီးခဲ့တယ်။ အိပဲ့အိပဲ့ကားလေး မြောက်အရပ်ကနေ တောင်အရပ်ကို ဦးတည်ကာ ကျွန်တော့ကို အိမ်အရောက်ပို့ပေးနေပြီး။ လမ်းမှတ်တိုင်တစ်ခုမှာ လူတစ်ယောက်ဆင်းသွားတော့ ထိုင်ခုန်ရတယ်။ ထိုင်ခုန်ပေါ်ထိုင်ပြီး တွေးရင်းတွေးရင်းနဲ့ နေပြည်တော်ရွှေမြို့တော်ကြီးဆီသို့ အရောက်သွားနေခဲ့သည်။ နေပြည်တော်မြို့ထဲရောက်တော့ ဆင်းဖို့ပြင်လိုက်တယ်။ အိမ်နဲ့ ကားလမ်းနဲ့က ၁၅မိနစ်လောက် လမ်းလျှောက်သွားရသေးတယ်။ မှတ်တိုင်မှာ ဆင်းပြီးတာနဲ့ ခြေလမ်းတွေ သွတ်နေတယ်။ အိမ်ကို ရောက်လိုစိတ်တွေ ပြင်ထန်နေခဲ့တယ်။ အိမ်ကို ဖုန်းဆက်ပြီး လာကြိုဖို့ ခေါ်ရင် ရတယ်။ အံဩသွားစေချင်လို့ မခေါ်ဘဲ လမ်းလျှောက်ပြန်သွားခဲ့သည်။ အိမ်အပေါက်ရောက်တော့ တခါးကို အသာဖြင့်ပြီး အိမ်ထဲဝင်လိုက်သည်။ အမေ့ကို မြင်ရပြီ။ အမေလည်း အံ့ဩနေပြီး ပြန်လာတာ ဘာလို့မပြောတာလဲတဲ့။ မောလာသမျှ အမောတွေပြေပြီး အေးမြသွားစေခဲ့တဲ့ အမေ့ရဲ့ကြိုဆိုပုံနဲ့ အမေ့အိမ်လေးကို ရောက်ခဲ့ပြီ။ အဲ့ညက ညစာကို မိသားစုစုံစုံညီညီနဲ့ စားခဲ့ကြသည်။ အိမ်ကလူတွေလည်း ပျော်နေကြသည်။ ကျွန်တော်လည်း ပျော်သည်။ ထမင်းစားပြီးကြတော့ tvကြည့်ရင်း ကျောင်းမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဖောက်သည်ချခဲ့သေးသည်။

ဘယ်နေရာ ဘယ်ဌာန
ဘယ်လောက်ကောင်းကောင်း
အမေ့အိမ်လောက် မကောင်း
ဘယ်နေရာ ဘယ်ဌာန
ပျော်ဖို့ကောင်းကောင်း
အမေ့အိမ်လောက် ပျော်ဖို့မကောင်း
ဘယ်သူလက်ယာကောင်းကောင်း
အမေချက်တဲ့ လက်ယာလောက် မကောင်း

အမေ့အိမ်နဲ့ ဝေးနေသူတွေ အမေ့အိမ်ကို အမြန်ပြန်နိုင်ကြပါစေ။

@kyawzinwin14
Msu-016
အမှားတွေပါခဲ့ရင် ခွတ်လွတ်ပေးဖို့ တောင်းပန်အပ်ပါသည်။
Photo-google

Sort:  

မွန္တာေပါ့ဗ်ာ bro

ကောင်းပါတယ်

နားခိုလို႔​အ​ေကာင္​းဆံုး​ေနရာ အ​ေမ့အိမ္​ပါပဲ​ေလ

အ​ေမ့အိမ္​သာ အ​ေႏြး​ေထြးဆံုးကမၻာ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 63229.00
ETH 1747.23
USDT 1.00
SBD 0.39