တိုးတက်လာတဲ့အခါ
ခေတ်တိုင်းမှာ နည်းပညာ တိုးတက်လာတဲ့အခါ ပျောက်ကွယ်ပေးရတဲ့ လူတန်းစားတွေ၇ှိတယ်။
ဒါက သဘာဝ ပဲ။
ဥပမာ
ကွန်ပြူတာတွေ သုံးလာတော့ ပုံနှိပ်တိုက်မှာ ခဲစီသမားတွေ အကုန် အလုပ် လက်မဲ့ဖြစ်ကုန်ကြရတယ်။
ကွန်ပြူတာနဲ့ပရင်တာက ပိုလွယ်ကူလာတော့ လက်နှိပ်စက်သမားတွေ အလုပ် လက်မဲ့ဖြစ်ကုန်တယ်။ (အချို့ရုံးတွေလောက်သာနေရာကျန်တော့တယ်)
ဗီနိုင်း(အများအခေါ်) တွေ ခေတ်စားလာတော့ ဆိုင်းဘုတ်ရေးတဲ့ လူတန်းစားတစ်ရပ် ပျောက်ကွယ်ပေးခဲ့ရတယ်။
ဓါတ်ပုံထုတ်စက်ကြီးတွေဝင်လာတော့ ဓါတ်ပုံကို ဖလင်နဲ့ဖောက်ပြီး လက်နဲ့ပြန်ဖြည့်ရတဲ့ အဖြူအမဲဆရာတွေ အလုပ်ဆိုတာ မလိုတော့ဘူး။
Facebook ပေါ်လာတော့ စာအုပ်အငှားဆိုင်လေးတွေ တဖြုတ်ဖြုတ် ပိတ်ကုန်ကြရတယ်။
စိုက်ပျိုးရေးဘက်မှာ စက်တွေ အစားဝင်လာတဲ့အခါ နွားတွေ ဖယ်ပေးရတယ်။ မြန်မာမှာတော့ နည်းနည်းစီခုမှ အစားထိုးနေတုန်း။
စက်နဲ့စိုက်တဲ့ စနစ်တွေပါ ဖြစ်လာရင် ကောက်စိုက်သမ လူတန်းစားဆိုတာ ပျောက်ပေး၇မယ်။
အခြားနယ်ပါယ်တွေမှာလည်း ပျောက်ကွယ်ပေးလိုက်ရတဲ့ လူတန်းစားတွေ၇ှိပါတယ်။
ဒီလိုပျောက်ကွယ်ပေးရတဲ့လူတန်းစားတွေ အလုပ်လက်မဲ့ဖြစ်မှာကို သနားပြီး မပြောင်းလဲဘဲနေလို့၇မလား။ အချို့ နေရာတွေမှာ ချက်ချင်းအစားမထိုးသေးဘဲ တွဲသွားတာမျိုးရှိနိုင်ပေမဲ့ အချို့ လူတန်းစားတွေကတော့ အလိုလိုပျောက်ကုန်ရတာပဲ။
ကျွန်တော်တို့က သနားတာ၊ မတရားတာ စဉ်းစား တွေးဆနေပေမဲ့ ခေတ်ရဲ့ ကြိတ်ချေခြင်းကိုတော့ ဘယ်လူမှ တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ အချိန်တန်ရင် ပျောက်ရမဲ့အရာတွေက ပျောက်ကိုပျောက်ကွယ်ပေးရတာပါပဲ။
ကိုယ့်လုပ်ငန်းနယ်ပါယ် က ပျက်စီးသွားတဲ့အခါ ပိုကောင်းတဲ့နောက်တစ်ခုကို ကိုယ့်ဘာသာပြောင်းရတာပဲ။ စနစ်တွေကို ထိုင်အပြစ်တင်နေယုံနဲ့ ကိုယ့်အတွက်အဆင်ပြေမလာမဲ့ အခါ အဆင်ပြေအောင် လုပ်နိုင်တာကိုလုပ်ကြရတာပါပဲ။
လောကကတစ်ခုလုံးကို ပြောင်းမရတဲ့အခါ ပြောင်းလဲလို့ ရတဲ့ကိုယ့်ဘ၀ ကိုပဲ လောကနဲ့ကိုက်ညီအောင် ကြိုးစားပြုပြင်ပြောင်းလဲကြရတာပါပဲ။
ဘယ်သူ့ကြောင့် ဘာကြောင့်ဘဲ လူဖြစ်လာရ လာရ ။
လူရယ်လို့ဖြစ်လာရင်တော့ ကိုယ့်တာဝန် ကိုယ် ယူကြရတော့တာပဲ။
Kyaw Thu Ra
MSU 056
photo credit - http://www.tipografiavittoria.com/en/
👍👍👍
👍👍👍👍👍