လူနေမှုစနစ် ၊ အတွေးအခေါ် နှင့် ကမ္ဘာ

in #msu6 years ago (edited)

ကမ္ဘာပေါ်မှာ မတူညီတဲ့ ဒေသတွေအလိုက် မတူညီတဲ့ လူနေမှုစနစ် မတူညီတဲ့ အတွေးအခေါ် တွေရှိတတ်ကြတယ်။
အမေရိကန် တရုတ် အရှေ့အလယ်ပိုင်း အရှေ့တောင်အာရှ စသဖြင့်ပေါ့.။ အရှ့တောင်အာရှချင်းတူရင်တောင် နိုင်ငံတွေအလိုက် လူနေမှုစနစ်တွေ အတွေးအခေါ်တွေ ကွာပြန်သေးတယ်။ အများစု အရတော့ အဲ့လိုဒေသအလိုက်မွေးဖွားကြီးပြင်းသူတွေ့ အဲ့ဒေသ စရိုက် အဲ့ဒေသ လူနေမှုစနစ်နဲက အဲ့ဒေသရဲ့အတွေးအခေါ်အတိုင်း ဖြစ်တည်နေကြတယ်။ ဒါပေမဲ့ အဲ့ဒေသတစ်ခုမှာနေထိုင်လိုက်တိုင်း အဲ့ဒေသရဲ့ လူနေမှုစနစ် အတွေးအခေါ်နဲ့ စရိုက်တွေက အဲ့လိုဖြစ်နေတာလားဆိုတာရင်တော့လည်း အဲ့လိုအတိအကျ မဟုတ်ပြန်ဘူး။
အချို့က အနောက်ကမ္ဘာမှာနေပေမဲ့ အရှေ့အလယ်ပိုင်း စ၇ိုက် အရှေ့အလယ်ပိုင်းအတွေးအခေါ် အရှေ့အလယ်ပိုင်းလူနေမှုစနစ် အတိုင်းရှိနေတာလည်းရှိကြတယ်။
အချို့ကျတော့ ဘယ်ဒေသမှာနေနေ ကိုယ့်မူလနေခဲ့တဲ့ ဒေသက စရိုက် အနေအထိုင်အပြောအဆို အတိုင်း မပြောင်းလဲသူတွေလည်းရှိတယ်။ ဥပမာ အနောက်နိုင်ငံရောက်နေပေမဲ့ မြန်မာစ၇ိုက် မြန်မာလူနေမှုစနစ် မြန်မာအတွေးအခေါ်အတိုင်း ရှင်သန်နေကြတာမျိုး။
အခြားဘယ်နိုင်ငံရောက်ရောက် ကိုယ့် ဒေသက အတိုင်းတွေးခေါ်နေထိုင်ပြောဆိုကျင့်သုံးနေတတ်တာမျိုး

အဲ့မှာတချို့ကျတော့ ကိုယ့်မွေးဖွားကြီးပြင်းရာ ဇာတိကနေ ဘယ်မှမသွားပေမဲ့ သူ့ရဲ့ လူနေမှုစနစ်နဲ့ အတွေးအခေါ်က အခြားဒေသ စတိုင်ပေါက်နေတာမျိုးလည်းရှိတယ်။
ဥပမာ မြန်မာမှာမွေးမြန်မာမှာ ကြီးမြန်မာမှာနေတဲ့မိသားစု ဖြစ်ပေမဲ့ အတွေးအခေါ်က အိန္ဒိယ ပုံစံဖြစ်နေတာမျိုး။
မြန်မာမှာမွေးမြန်မာမှာကြီးမြန်မာမှာနေတဲ့မိသားစု ဖြစ်ပေမဲ့ အတွေးအခေါ်က အရှေ့အလယ်ပိုင်း ပုံစံဖြစ်နေတာမျိုး။
မြန်မာမှာမွေးမြန်မာမှာ ကြီးမြန်မာမှာနေတဲ့မိသားစု ဖြစ်ပေမဲ့ လူနေမှုစနစ် အစားအသောက်အနေအထိုင် နဲ့အတွေးအခေါ် က အနောက်ကမ္ဘာရဲ့ ပုံစံဖြစ်နေတာမျိုး။
အဲ့တာမျိုးလည်းရှိတယ်။

အရင်ခေတ်ကတော့ ဒေသတစ်ခုမှာ မွေးဖွားကြီးပြင်းသူက သူ့ဒေသ ယဉ်ကျေးမှု အတွေးအခေါ်လူနေမှုစနစ်ကနေ ဖောက်ထွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မဟာလူသားတချို့မွေးဖွားလာတဲ့အခါမှာတော့ သူတို့ဒေသ ပုံစံကို အစအဆုံးချိန်းပစ်နိုင်တာရှိတာပေါ့။ ဒါက ချွှုင်းချက်ထဲထည့်ရမယ်။ အဲ့လိုဖြစ်စဉ်က နှစ် ရာထောင်ချီမှ တစ်ယောက်လောက်ထွန်းတာမျိုး။ ဥပမာ အရိုင်းအစိုင်းအရှေ့အလယ်ပိုင်းဒေသကို နှစ်ပေါင်းရာစုပေါင်း များစွာ အဆင့်မြင့်လူနေမှုစနစ်ထဲကို ရောက်အောင် လူသား နှစ်ဦးထဲကနေ ပြုပြင်ပြောင်းလဲ ပေးနိုင်ခဲ့တယ်။ ခုတော့ သူတို့ နှစ်ဦး စွမ်းဆောင်မြှင့်တင်ပေးခဲ့တာတွေ့ ပြန်ပျောက်သလောက်ဖြစ်ပြီး အရင်က အရိုင်းစိတ်တွေဲပန်ပေါ်နေပြီလားပဲ။ ထားပါတော့ ။ နောက်ဥပမာဆို စင်္ကာပူ ... တောရွာလေးလိုအဆင့်ကနေ ထိပ်တန်းနိုင်ငံဖြစ်အောင် ဆွဲတင်ပေးနိုင်တဲ့ လူသားတစ်ဦး ပေါ်ခဲ့တယ်။ မလေးရှားဆိုလည်း နှစ် ၂၀ အတွင်း နိုင်ငံအခြေနေကိုပြောင်းပြန်လှန်ပစ်နိုင်တဲ့ခေါင်းဆောင်တစ်ဦးပေါ်ခဲ့တယ်။ မြန်မာလည်း အဲ့လိုပြောင်းပြန်လှန်ပစ်နိုင်တဲ့ ခေါင်းဆောင်ပေါ်ခဲ့တာပါပဲ။ ဒါပေမဲ့ သူများလို ကောင်းသော ပြောင်းလဲခြင်းမဟုတ်တာတော့ ထားလိုက်ပါတော့ ။

ဒီဘက်ခေတ်ကျတော့ အဲ့လို ဒေသ စ၇ိုက် အပြင် အခြားကိုယ်ကြိုက်တဲ့လူနေမှုစနစ် ကိုယ်ကြိုက်တဲ့အတွေးအခေါ်ကို ပြောင်းလဲကျင့်သုံးပြီး ကိုယ့်မိသားတစ်စုစာလောက်ကအစ ပြောာင်းလဲနိုင်တဲ့ခေတ်ကိုရောက်လာတယ်။ ဘယ်သူမဆို ဘယ်ဒေသကိုမဆို ကိုယ်တိုင်သြွးလေ့လာနိုင်တဲ့အပြင် ဘယ်ဒေသက ဘယ်အရာကိုမဆို ကိုယ်ရှိတဲ့ဒေသကနေ လိုချင်တိုင်းရနိုင်တဲ့အနေအထားဖြစ်နေပြီ။ မသွားချင်ရင်လည်းအတိုင်းအတာတစ်ခုအထိ ဖုန်းတစ်လုံး ကွန်ပြူတာတစ်လုံးကနေ လှမ်းလေ့လာ သိရှိနိုင်တဲ့ခေတ်ဖြစ်နေပြီ။

ဒီတော့ ကိုယ်က ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ ဘယ်လို လူနေမှုစနစ်ကြားမှာပဲမွေးမွေး လူတစ်ယောက်ဟာ သူလိုချင်တဲ့ စရိုက်နေထိုင်မှု ဘ၀ အတွေးအခေါ်ကို ကျင့်သုံးနိုင်တဲ့ခေတ်ကိုရောက်နေပြီဖြစ်တယ်လို့ တွေးမိပါတော့တယ်။
တကယ်တော့ ခေတ်ကာလတွေအကြောင်းကိုပါချိတ်ဆက်ရေးသားဖို့ စိတ်က ရည်ရွယ်ပေမဲ့ ခေတ်ကာလဆိုတာအရင်ကရေးဖူးနေတာရော ခုရေးနေတာကပဲစာအတော်၇ှည်နေပြီမို့ရော ဒီလောက်နဲ့ အရှိန်သပ်လိုက်တာပါ ။

Kyaw Thu Ra
MSU 056

Photo credit
large-world-map-in-robinson-projection.jpg

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63398.53
ETH 2660.51
USDT 1.00
SBD 2.77