ခင်မင်မှုနဲ့ကျေးဇူးတရားsteemCreated with Sketch.

in #msu6 years ago (edited)

တစ်ချို့လူတွေရဲ့ ကိုယ့်အပေါ် ကောင်းစေချင်တဲ့ စေတနာအဟုန်ပြင်းထန်မှု နဲ့ စိတ်အားပေးမှုတွေ ၇ရှိခံစားရတဲ့အခါ မျက်ရည်ကျမတတ် ခံစားရတတ်သလို
တချို့လူတွေရဲ့ ကိုယ့်အခက်အခဲပြေလည်စေချင်စိတ် စေတနာ တစ်ခုနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ကူညီပေးမှုတွေကြောင့် ရတဲ့ခံစားချက်တွေကလည်း မျက်ရည်ကျမတတ်ပါ။

ကိုယ် ကူညီခဲ့တဲ့သူတွေ ဘယ်လိုပဲ ဖြစ်နေပါစေ။ ကိုယ့်အပေါ်လူတချို့ဘယ်လိုပဲ မကောင်းဘူးလို့ခံစားနေရပါစေ
( ကျွန်တော့်အပေါ်လူတွေဆိုးတယ်လို့ ခံစားဖူးတဲ့ အခိုက်အတန့်က မရှိသလောက် ရှားပါတယ်။) ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူ တစ်ဦး ပဲရှိခဲ့ရင်တောင် ဘ၀ ဟာ ကျေနပ်စရာပါ။

စကားစပ်လို့ ပြောရရင်
ဒီလိုပဲ ကိုယ့်အပေါ်လူ အုပ်စု တစ်စုရဲ့ အများစုက ဆိုးနေပါစေ။ ကိုယ့်အပေါ်ကောင်းဖူးတဲ့ သို့မဟုတ် ကိုယ့်အပေါ်မဆိုးဘူးတဲ့ လူတစ်ယေက်ရဲ့ မျက်နှာကို ငဲ့ပြီး အဲ့လူတစ်ယောက် စိတ်နာစေမဲ့ စကားလုံးတွေနဲ့ ဆိုးတဲ့လူအုပ်စုကို မကောင်းပြောတာမျိုး မလုပ်မိအောင်ကိုယ့်ကိုယ်ကို ကျွန်တော် ဆင်ခြင်တယ်။ လူဆိုးက လူဆိုး၊ လူကောင်းက လူကောင်းဆိုတာနဲ့ပဲ ကျွန်တော်တို့ခွဲခြားသိမြင်သင့်ပြီးတော့ အုပ်စုလိုက် တံဆိပ်ကပ် သိမ်းကြုံးပြောဆိုမှုတွေဟာ မလိုအပ်ဘဲ အမုန်းပွားစေတာအပြင်ကောင်ကျိုးမ၇ှိဘူးလု့ ယူဆမိတယ်။

သွေးသားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မိတ်ဆွေတစ်ယောက်ရဲ့ လိုအပ်နေချိန်မှာ ဖေးမမှုတွေဟာ တကယ့်ကို ဘ၀ အတွက် မမေ့နိုင်လောက်တဲ့ ကျေးဇူးတွေပါပဲ။

ဒီကျေးဇူးပြုမှု ဟာ လတ်တလော အခက်အခဲပြေလည်မှုအတွက် တင်မက ရှေ့ဘ၀ ခရီးမှာ ဆက်လက်၇ုန်းကန်ရှင်သန်ဖို့ အတွက်ပါ ယုံကြည်မှု အားအင်တွေ စိတ်ခွန်အားတွေအဖြစ် သက်ရောက်မှုကောင်းတွေဖြစ်ခွန်းစေပါတယ်။

Kyaw Thu Ra
MSU 056

Photo Source

Help-a-friend-with-addiction.jpg

Sort:  

ကောင်းလိုက်တဲ့အတွေးအခေါ်နဲ့ စိတ်သဘေားထား
ဒီနေရာမှာ ရင်ဘက်ချင်းတူလို့ ဒီပိုစ့်လေးကိုတော့ အကြိုက်ဆုံးပါ bro ရေ

Good Post Bro
ကံအကျိုးသက်ရောက်မှုသဘောတရား

ကိုယ်အပေါ် မကောင်းတဲ့ သူဘယ်လောက်များနေပါစေ
ကိုယ်အပေါ်ကောင်းတဲ့ တစ်ယောက်လောက်ရှိနေတာနဲ့တင်လုံလောက်ပါတယ်။

ကိုယ်တွေလည်ကြုံခဲ့ဖူးတော့ မျကိရည်ဝဲမိပါတယ်

ရေလည်​ဂွတ်​တယ်​bro👍

ဒီ ပိုစ့်က တော့ ရတာနည်းနည်းများတယ်။ ကို bobokyaw ရဲ့ upvote ပါသွားလို့နဲ့တူတယ်။

ဟုတ်တယ်ဗျ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62966.47
ETH 2631.87
USDT 1.00
SBD 2.79