အစွဲ
ကျွန်တော့် သမီးလေးက အခု အသက် ၁နှစ်နဲ့ ၄လ.။
သူအကြိုက်ဆုံး ရုပ်ရှင်က အမွှေစိန်လို့နာမည်ကြီးနေတဲ့ ကာတွးန်ကား.။
သူအကြိုက်ဆုံးသီချင်း က PK ထဲက သီချင်းတွေ.။
အမွှေစိန်ကိုတောင်ကြည့်ရင်း နဲ့ မကြည့်ချင်တော့ဘူးဆိုတာရှိသေးတယ်.။ PK ရုပ်ရှင်ဆိုရင် ဘယ်နှစ်ခေါက်ကြည့်ကြည့် မရိုးဘူး.။
သူလိုက် ကနေတာက Love is waste of time .ဆိုတဲ့ သီချင်း ထဲက အက.။
အဲ့လိုကနေတာမြင်တော့ ကျွန်တော်မကြိုက်ဘူး.။ မကြိုက်တာကိုသတိထားမိတော့ ဘာလို့ မကြိုက်တာလဲဆိုတာကို ကိုယ့်ကိုယ်ကိုပြန်မေးမိတယ်.။ အဖြေအဆင်သင့်မရှိဘူး.။
ခက်တာက သူ့အမေယောဂ ကစားတဲ့အချိန် သမီးက လိုက်လုပ်နေတာကိုသဘောကျတဲ့ကျွန်တော် ကတာ ကျတော့ မကြိုက်တော့ဘူး.။
ကတာချင်း တူတူတောင်စိတ်က ဖြစ်တတ်တာကိုပြောပြတာ.။
ကျွန်တော်တို့ ငယ်ငယ်ထဲက ကျွန်တော်တို့ မသိလိုက်ပဲ ကျွန်တော့်အသိထဲကို ထည့်ပေးလိုက်တဲ့အသိတွေရှိတယ်.။ ကျွန်ောတ်တို့ သိလျှက်နဲ့ရော မသိလျှက်နဲ့ရော အဲ့တာတွေကို လက်ခံခဲ့ရတယ်.။
နောက် ကျွန်တော်တို့ လက်ခံလိုက်ရတာက မျိုး၇ိုးစဉ်ဆက်ပါလာတဲ့ အရာတွေ.။
ကျွန်တော်တို့ ရုပ်ရည်၊လူမျိုး ဆိုတဲ့အပြင်ပန်းရုပ်ပိုင်းဆိုင်ရာအပြင် ရောဂါတွေစိတ်ပိုင်းဆိုင်ရာတွေ အမူအကျင့်တွေ ဒါတွေကို ငြင်းဆန်လို့ မရပဲ လက်ခံခဲ့ကြရတယ်။ အဲ့တာတွေက ကိုယ့်ဘ၀ ကိုယ့်အသိတွေကို အလိုလိုလိုက်ပြီးထိမ်းကျောင်းပုံသွင်းနေတယ်.။ ကျွန်တော်မသိလိုက်တဲ့အစွဲတွေကိုပုံသွင်းပေးနေတယ်.။ မြန်မာပြည်သားယောက်ျားလေးအများစုက မိန်မးကိုဆံပင်ရှည်ထားစေချင်တယ်.။ညှပ်ရင်မကြိုက်ဘူး.။ သနပ်ခါးလိမ်းစေချင်တယ်.။ ဘာကြောင့်လဲဆို ချက်ချင်းဖြေနိုင်သူရှားတယ်။
ဘာကြောင့်ဆိုတာ ပြောနိုင်ရင်တောင်ယုတ္တိရှိရှိသဘာဝ ကျကျဖြေနိုင်သူရှားတယ်.။ ဒါတွေကိုသတိမထားမိရင် အဲ့ဒီအစွဲတွေကို ခွဲခြမ်းစိတ်ဖျာ ဖြုတ်ပါယ် စွဲကိုင်ဆိုတာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ သေချာဆုံးဖြတ်နိုင်ဖို့ လွယ်မယ်မထင်ဘူး.။
ပြောချင်တာက သမီး အဲ့လိုကနေတာကိုဘာလို့မကြိုက်တာလဲ ဆိုတာ.။ ကျွန်တော်တို့မသိဘဲငယ်ငယ်ကထဲကဖြစ်လာတဲ့ အသိတွေအစွဲတွေ။ ကတယ်ဆိုတာကို ကောင်းတဲ့ အလုပ်တစ်ခုမဟုတ်သလိုလို သတ်မှတ်ခဲ့တဲ့အစွဲ.။
ဒီလိုပဲ ကျန်တဲ့အစွဲတွေလည်းအများကြီးပဲ.။ ဘာတတ်နိုင်မလဲ.။ ကိုယ်မသိခင်က စွဲနေတာတွေကို အကုန်ပြန်ဆေးကြောတိုက်ချွတ်၇တော့မှာပဲ.။ ဘယ်လိုတိုက်ချွတ်မလဲ.။
ကိုယ်လုပ်တဲ့ပြောတဲ့ကိစ္စတိုင်းမှာ အစွဲကင်းအောင် သတိထားပြီးလုပ်ကိုင်ပြောဆိုဖို့ပဲ.။
ဒါပေမဲ့ ဖြစ်နိုင်ပါ့မလား.။
ဖြစ်နိုင်တာတွေရှိသလို မဖြစ်နိုင်တာတွေလည်းရှိမှာပဲ.။အလုံးစုံ ပြုပြင်ပြောင်းလဲအစွဲအကုန်ချွတ်ဖို့ ဆိုတာတော့ လုံးဝ ဖြစ်နိုင်မယ်မထင်ပါ.။
ဘာကြောင့်မဖြစ်နိုင်ရတာလဲ.။ ဘယ်တော့ဖြစ်နိုင်မလဲ.။ ဖြစ်နိုင်ခဲ့တဲ့သူတွေရောတကယ်ရှိခဲ့သလား.။ လူသား ရဲ့ လုပ်နိုင်စါမ်းဟာ ဘာလို့ ဘောင်တွေ၇ှိနေတာလဲ.။
အဲ့ဒီဘောင်တွေကို၇ိုက်ချိုးဖျက်စ်ီးနိုင်စွမ်းလူသားမှာဘာလို့မရှိရတာလဲ.။
ဒါထက် ဘာဖြစ်လို့ အစွဲကင်းချင်နေတာလဲဆိုတာအတွက် အဖြေလည်းကျွန်ောတ့်မှာမရှိပြန်ဘူး.။
တစ်ခါတစ်လေ အမေးတစ်ခုမှာအဖြေတစ်ခုရှိတယ်.။ အဲ့အဖြေကပဲ နောက်ထပ်အမေး ဆယ်ခုလောက်ထပ်ဖြစ်လာစေပြန်တယ်။ အဲ့လိုမေးရင်းဖြေရင်းနဲ့ပဲ............................။ kyaw thu ra
msu 056
အစွဲကင်းလို့တော့ မရနိုင်ဘူး ထင်တယ်။ လျော့လို့တော့ရမယ်
ကျွန်တော်တို့အားလုံး.....ပတ်ဝန်ကျင်ထဲကိုပြုတ်ကျခဲ့ရသူတွေပါ။
ဒီလိုမေးရင်း စဉ်းစားရင်းနဲ့ ပဲ post တစ်ခုရလာတယ် ဆိုပါတော့ :-P