အဖြေ နဲ့ အဖြေရှာသူရဲ့သဘာဝsteemCreated with Sketch.

in #msu6 years ago

စကားစု တစ်ခု စကားလုံးတစ်လုံးက ၇ိုင်းတယ် မရိုင်းဘူး ဆိုတာ ဆုံးဖြတ်ဖို့ ဆုံးဖြတ်မဲ့သူက ဘယ်အသိုင်းအ၀ိုင်းမှာ ရှင်သန်ကြီးပြင်းပြီး ဘယ်အသိုင်းအ၀ိုင်းမှာ ရှင်သန် ကျင်လည်နေသလဲ ဆိုတာ အပေါ်မှာ မူတည်ပါတယ်။

အချို့အသိုင်းအ၀ိုင်းမှာ မအေနဲ့ ကိုင်တုတ်တာ ငါနဲ့ကိုင်တုတ်တာကိုတောင် သာမန် ထမင်းစား ရေသောက်ပြောနေချိန်မှာ ကိုယ့်အရှက်တန်ဆာနဲ့ နှိင်းပြောတာလောက်ကို ရိုင်းတယ်လို့ မြင်နိုင်မှာ မဟုတ်ဘူး။

အိပ်ရာထဲက ကိစ္စကို တစိမ်းတွေနဲ့ အပျော်တမ်း ထမင်းစားရေသောက်ပြောနေတဲ့ အချို့ အသိုင်းအ၀ိုင်းတွေအတွက် အချို့သော စော်ကားမှုတွေကို ရိုင်းတယ်လို့ ယူဆနိုင်မှာမဟုတ်ပါ။

ပေါင်ရင်းအထိ အတိုအပြတ်ဝတ်နေတဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်အမြင်မှာ အတိုအပြတ်ဝတ်လို့ တကူးတကန့် အပြစ်တင်ရှုံ့ချ စရာလို့ မြင်မှာ မဟုတ်ပေမဲ့ ကွာတားဘောင်းဘီလောက်တောင် မ၀တ်တဲ့ ပတ်ဝန်းကျင်ကလူကတော့ာ ဒူးပေါ် ချက်ပေါ်လောက် ၀တ်ယုံနဲ့ကို အပြစ်တင်ရှုံ့ချနေမှာပါ။

ဒါတွေအားလုံးက ကိုယ်နဲ့ပဲဆိုင်တာပါ။

ကိစ္စတစ်ခုကို ရိုင်းလားမရိုင်းလား စော်ကားတာလားမစော်ကားဘူးလား မှန်လား မှားလားဆိုတဲ့ ဆုံးဖြတ်ချက်သုံးသပ်ချက်တွေက ကိုယ့် အသိပညာ ကိုယ့်ကျင်လည်ရာ အပေါ်မှာ အများကြီး တည်မှီနေပါတယ်။

နေရာတိုင်းလားဆိုတော့ နေရာအတော်များများမှာပေါ့။

(တစ်ဦးတစ်ယောက်ထဲကို ရည်ရွယ်ခြင်းလုံးဝ လုံးဝ မရှိပါ။ သဘောတရား သက်သက်ကိုသာ တွေးပြတာပါ)

Kyaw Thu Ra

MSU 056

Picture Source
boat_land_cartoon.jpg

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62915.59
ETH 2542.92
USDT 1.00
SBD 2.63