Cryptocurrency နှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်းများ နှင့် အဖြေများ အပိုင်း (၃)steemCreated with Sketch.

in #msu8 years ago

4 .Cryptocurrency ရဲ့ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ။

မိမိ၏ လျှို့ဝှက်နံပါတ် Password မေ့ခြင်းနှင့် ငွေလွှဲလျှင် လွှဲပို့ရမည့် Address မှားခြင်းစသည့် အမှားများသည် Cryptocurrencies လောကတွင် Risk အင်မတန် ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် Wallet အများစုသည် Password တစ်ခုတည်းဖြင့်သာခတ်ထားပြီး မေ့လျှင် သို့ ပျောက်ဆုံးခဲ့လျှင် ပြန်မရနိုင်သော အခြေအနေများကြောင့်ဖြစ်သည်။ အဆိုးဆုံး အနေဖြင့် ဘဏ်တစ်ခုကို စားပြတိုက်ခြင်းထက် password ခိုးယူရသည်က ပိုမိုလွယ်ကူသည်။ အကယ်၍ မိမိ၏ ကွန်ပျူတာ သို့ လက်ပ်တော့ပ် သည် အကြောင်းတစ်ခုခုကြောင့်ပွင့်နေသည်ဆိုပါစို့။မိမိနှင့်အ ကြောင်းသိ ( Cryptocurrency အကြောင်းနားလည်သူ)တစ်ဦးဦးသည် မိမိအလစ်တွင် Click အနည်းငယ်ဖြင့် မိမိ Wallet ထဲရှိ Savings အားလုံးကို စက္ကန့်ပိုင်းအတွင်း ပြောင်လပ်သွားစေနိုင်သောကြောင့်ဖြစ်သည်။ ပြီးလျှင်နိုင်ငံအများစုတွင် ယခုအချိန်ထိ Cryptocurrencies များအတွက် ခိုင်မာသော ဥပဒေမရှိသေးသောကြောင့် ဥပဒေကြောင်း အရ အရေးယူရန်မှာလည်း မလွယ်ကူပေ။ ထိုကဲ့သို့သော အမှားများကို ရှောင်ကြဉ်ရန် မိမိသွားရာသယ်ဆောင်နိုင်သည့် Hardware Wallet များကို အသုံးပြုပါက ပိုမိုလုံခြုံစိတ်ချရသလို Risk လည်းနည်းစေပါသည်။
ကောင်းသည့်အချက်အနေဖြင့် Steem သည် အကောင့် Recovery လုပ်ယူနိုင်သလို Steem Power ကိုလည်း မှားပို့မိသူထံမှ ပြန်လည် ညှိယူကာ ရယူနိုင်ပါသည်။

images (3).jpeg

Author : @daviddkl
ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurrency နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
https://www.facebook.com/yenaing.htwe.148

MSU 052

Sort:  

IMG_20180420_115856.jpg
You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Coin Marketplace

STEEM 0.09
TRX 0.30
JST 0.034
BTC 113600.94
ETH 4073.07
USDT 1.00
SBD 0.60