Cryptocurrencies နှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်းများ နှင့် အဖြေများ အပိုင်း (၁)

in #msu6 years ago

Bitcoin, Ethereum နှင့် Steem အစရှိသော Cryptocurrencies ဆိုတာဘာလဲ?

Digital Currencies များဖြစ်ကြသည့် Bitcoin, Steem အစရှိသည်တို့သည် အသုံးပြုသူများမှ ငွေပေးငွေချေရာတွင် ကြားခံစနစ် ( Third Party) မပါရှိဘဲ ပေးသူ ယူသူတိုက်ရိုက် ရောင်းဝယ်အသုံးပြုသော electric ငွေကြေးတစ်ခု ဖြစ်သည်။စွန့်ဦးတီထွင်သူများနှင့် ကုမ္ပဏီများမှပြုလုပ်ဖန်တီးထားသော
ဆာဗာမှ တစ်ဆင့် ငွေလွှဲမှုတွေကို
ကိုင်တွယ်ဆောင်ရွက်ကြပြီး Coinbase နှင့် Bitstamp အစရှိသော Exchanges များမှ အမေရိကန် ဒေါ်လာ ကဲ့သို့သော Fiat Currency များကို တန်ဖိုးရှိ Cryptocurrency ဖြစ်သည့် Bitcoin အစရှိရာသို့ ပြောင်းလဲခြင်းကို ဆောင်ရွက်ကြသည်။Bitcoin ကို လောလောဆယ်ပင် သိန်းပေါင်းများစွာသော Online Website များ၌ ငွေပေးချေမှု တစ်ရပ်အဖြစ် လက်ခံခဲ့ပြီးကြပြီး ဆက်လက်၍ လက်ခံမှုများလည်း နေ့စဉ် မြင့်တက်လျက်ရှိသည်။မှောင်ခိုလောကများတွင်လည်း Cryptocurrencies များအား ငွေပေးချေရာတွင် အမည်ဖော်စရာ မလိုသည့် အားသာချက်ကြောင့် Credit Card, နှင့် ဘဏ်ပေးချေမှုအစား ပိုမိုအသုံးပြုလာကြသည်။ ပြည်တွင်းငွေများကို Financial Market ထဲသို့ ထုတ်ရာ၌ အခက်အခဲများရှိသည့် တရုတ်ကဲ့သို့သော နိုင်ငံများတွင် Cryptocurrencies များ အလွန် ကျော်ကြား ရေပန်းစားလာပါသည်။
image

References: Jerry Banfield

ဆက်ရန်

Author : @daviddkl
ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurrency နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
https://www.facebook.com/yenaing.htwe.148

MSU 052

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59391.37
ETH 2525.88
USDT 1.00
SBD 2.47