လူတိုင်းတတ်​သင့်​တဲ့ စာ တစ်​လုံး

in #msu6 years ago

တစ်​ရက်​ပြီးတစ်​ရက်​အချိန်​​တွေကုန်​ဆုံး​နေကြရတယ်​..တချို့လူ​တွေက စီးပွား​တွေရှာလို့ တချို့လူ​တွေက ကုသိုလ်​​တွေရှာလို့ တချို့က ပညာကို ရှာ​နေကြရတယ်​။

ဒီ​နေ့ဒီ​ခေတ်​မှာ ရှာကြမှပဲ စားရ​တော့တာ ဖြစ်​တယ်​..ရှာကြမှပဲ ရ​တော့တာ ဖြစ်​ပါတယ်​..ရှာ​ဖွေမှုကို ရပ်​တန့်​ပြီး ​ရောင့်​ရဲ​ကျေနပ်​​နေလိုက်​​တော့လည်း ​ပညာမှာသာဆို ​ခေတ်​နဲ့အဆက်​ပြတ်​လိုက်​တာနဲ့ မျက်​​ဖြေပြတ်​ပြီး ကျန်​ခဲ့ရ​တော့တာပါပဲ။

image
နည်းပညာကို အဆက်​မပြတ်​ဖွံ့ဖြိုးတိုးတက်​​အောင်​ လုပ်​​နေကြတဲ့ ရှာ​ဖွေ​နေကြတဲ့ ​ခေတ်​မှာ ရှာ​ဖွေရင်း ​တွေ့ရှိရင်းနဲ့ပဲ တိုးတက်​လာကြတာ ဖြစ်​ပါတယ်​။

ဒီ​နေ့​ခေတ်​လို အ​ခြေအ​နေကို ​ရောက်​လာခဲ့တာဟာ ​ရှာ​ဖွေ​နေကြလို့ဖြစ်​ပါတယ်​။နေ့စဉ်​နဲ့အမျှကုန်​ဆုံး​နေကြတဲ့အချိန်​​တွေထဲမှာ ဥစ္စာရရင်​ရ ဥစ္စာမရရင်​ ကုသိုလ်​ရမှ ဥစ္စာလည်းမရ ကုသိုလ်​လည်း မရရင်​ ပညာရ​အောင်​ ရှာရမယ်​လို့ ဆိုထားကြပါတယ်​။

ကျွန်​မတို့​ခေတ်​မှာ ပိုပြီး​တော့​တောင်​ လိုအပ်​ပါအုံးမယ်​။ တို​တောင်းလာတဲ့ လူ့သက်​တမ်းနဲ့အပြိုင်​ ​ရောဂါ​တွေ​ပေါ်လာကြ နည်းပညာ​တွေပိုပြီးတိုးတက်​လာကြ နဲ့ ကျွန်​မ​တို့​တွေက ပိုပြီး သိဖို့ ပိုပြီး ​ခေတ်​ကို အမီလိုက်​နိုင်​ဖို့ တစ်​ရက်​စီ တစ်​ရက်​စီတိုင်းမှာ တစ်​ခုခုကို ရ​အောင်​ ပိုပြီး ကြိုးစားရှာ​ဖွေ ဖမ်းဆုပ်​ကြရမှာပါ။

ရောဂါ အသစ်​အဆန်းတစ်​ခု​ပေါ်လာတဲ့အခါ ကုထုံးအသစ်​ကို မဖြစ်​မ​နေ ရှာ​ဖွေကြရပါတယ်​။ဒါဟာ ပညာကို ရှာ​ဖွေခြင်းပါပဲ။
ကျွန်​မတို့ဟာ ဖုန်းအ​ကောင်းစား တစ်​လုံး​လောက်​လိုချင်​တဲ့အခါ မဖြစ်​မ​နေ ​ငွေကို ရှာရ​တော့တာပဲ ဖြစ်​ပါတယ်​။

image
ဒါ​ပေမဲ့ ကျွန်​မတို့​တွေဟာ ကုသိုလ်​ကို ရှာဖို့က​တော့ နည်းနည်း​လေး ​နောက်​ပို့ထားတတ်​ကြ​လေ့ရှိပါတယ်​။
ဒါလည်း အဲ့ဒီ​လောက်​ ခက်​ခဲ​နေတာ မဟုတ်​ပါဘူး။ ကိုယ့်​ရဲ့ တစ်​​နေ့တာ အိပ်​ချိန်​မှာ ကိုယ့်​တစ်​​နေ့တာကို ပြန်​လှန်​စဉ်းစားပြီး ငါ ဒီ​နေ့ဥစ္စာရသလား ပညာရသလား ကုသိုလ်​ရသလားလို့ ​တွေးကြည့်​လိုက်​ပြီး ဥစ္စာလည်းမရ ပညာလည်း မရလိုက်​ရင်​ ချက်​ချင်းထပြီး ဘုရားရှိခိုးလိုက်​တဲ့အခါ ကုသိုလ်​​တော့ ရသွားမှာပါပဲ။

ကျွန်​မတို့ ​ခေတ်​မှာပိုပြီး ​လောဘကြီး​နေဖြစ်​ကြတာက ဥစ္စာနဲ့ပညာကိုပါ။ ဥစ္စာနဲ့ပညာကို ရှာရင်းနဲ့ အသက်​ကြီးသွားတဲ့အခါမှသာ ကုသိုလ်​ကို ရှာလိုက်​ကြ​တော့တာ ဖြစ်​ပါတယ်​။
အချိန်​မ​ရွေး​သေဆုံးခြင်းကို လက်​ခံ​နေသမျှ​တော့ ကျွန်​မတို့​တွေဟာ ကုသိုလ်​ကိုလည်း ​တွေးရပါလိမ့်​မယ်​။ ဘုရားရှိခိုး တရားထိုင်​ အလှူ​ပေးမှ ကုသိုလ်​​တော့ မဟုတ်​ပါဘူး။

တရားတဲ့အလုပ်​ကို လုပ်​​နေတဲ့အခါ မတရားတဲ့အလုပ်​ကို မလုပ်​ဖြစ်​​တော့တာဟာ ကုသိုလ်​အလုပ်​ပါပဲ။မှန်​ကန်​​သော စီးပွားရှာခြင်းနဲ့ စီးပွား​ရေးလုပ်​တာ ကုသိုလ်​အလုပ်​ပါပဲ။ စီးပွားရှာ ပညာရှာရင်းနဲ့လည်း ကုသိုလ်​ဖြစ်​​အောင်​ လုပ်​လို့ရပါတယ်​။

ငါ့ထက်​သာမနာလိုဆိုတာ ဖြစ်​ကြမဲ့အစား ကိုယ့်​ထက်​သာသူ​တွေကို မုဒိတာပွား​ပေးတာတို့ ငါသာသူ့​နေရာမှာဆိုရင်​ဆိုတဲ့ စိတ်​နဲ့ မုဒိတာပွား​ပေးတာတို့ ငါ ဆိုတဲ့​လောဘတစ်​ခုထဲကို မကြည့်​ပဲနဲ့ မှန်​ကန်​တရားနည်းလမ်းတကျ ပြုမူ​နေထိုင်​တာတို့ လုပ်​တာဟာ ကုသိုလ်​​တွေပါပဲ။
ဘာကိုပဲရှာရှာ ​မောရတာပါပဲ ..ကိုယ်​လိုချင်​သ​လောက်​မရ​သေးရင်​ ​မော​နေရအုံးမှာပါပဲ။ကိုယ့်​​လောဘအ​လျောက်​​တော့ ​မော​နေကြရအုံးမှာပါပဲ...
ကျွန်​မတို့ဟာ ရှာ​ဖွေခြင်း​တွေကို မရပ်​တန့်​သ​ရွေ့​တော့ ​လောဘနဲ့ ​ဒေါသနဲ့ ​မောဟနဲ့ ဖြစ်​​နေကြရအုံးမှာပါ။ အဲ့ဒီလို ရှာ​ဖွေခြင်း​တွေကို လုပ်​​နေစဉ်​မှာပဲ ကိုယ်​ချင်းစာဆိုတဲ့ စာ​လေးတစ်​လုံးကိုလည်း တတ်​ဖို့ ကြိုးစားကြပါလို့ ​ပြောလိုက်​ချင်​ပါတယ်​။
အဆင်​​ပြေကြပါ​စေ....
image
I'm ATM.
@ayethatmon
Msu no 021
Photo credit by facebook.

Sort:  

ဘာ​ပြောတာလား

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59126.81
ETH 2514.47
USDT 1.00
SBD 2.46