အလယ်​နိဂုံး

in #msu8 years ago

*** အလယ်​နိဂုံး ***

ရှေ့တစ်​လှမ်းတက်​ဖို့ ကြိုးစားတိုင်း ​​နောက်​နှစ်​လှမ်းဆုတ်​ရတယ်​ ။
တီထွင်​ကြံဆရတဲ့ နည်းပညာအရ
နောက်​ပြန်​သွား​ကောင်းသွားရမယ်​ ။

တိတ်​ဆိတ်​မှု​တွေ ဖိတ်​လျှံ​နေတဲ့အခါ
သောကတစ်​စကို ဖွင့်​ချ စိုတ်​ပျိုးပစ်​တယ်​ ။
တစ်​​လောကလုံး ညံ​စေသား.....
ဆု​တောင်းအမှား​တွေက
လက်​တည့်​တတ်​တယ်​ ။

ကာကွယ်​ဖို့ပြင်​တိုင်း
လျှင်​လျှင်​မြန်​မြန်​ ပြန်​လာတတ်​တယ်​ ။
ကိုယ့်​ဘာသာ အလန့်​တကြားဖမ်းဆုပ်
နောင်​တတစ်​ထုပ်​ပါ လက်​​ဆောင်​ရတယ်​ ။
ဝန်​​ဆောင်​မှု​ကောင်းလိုက်​​လေခြင်း........။

နတ်​ဘုရားတို့စီးချင်းထဲမှာ
ကိုယ်​မပါတဲ့ ကိုယ့်​ကြမ္မာက ရှယ်​ယာ။
အဲ့ဒီမှာ..
အ​သေချာဆုံးပျက်​လုံးတစ်​ဆုပ်​ရတယ်
ကိုယ်​ပြန်​ရတဲ့ အဖာအ​ထေးတစ်​ရာနဲ့
ကံကြမ္မာ​လေး အမာရွတ်​ကျန်​ချိန်​မှာ
ကိုယ်​တို့
ရယ်​​မောကြမယ်​ ။
အခု​တော့ ငိုပါအုံး .....။

ကံ ၊ဉာဏ်​ ၊ဝီရိယ
သုံးနာညီဖို့ ​ထောင့်​ချိုး
ဒီဂရီအတိမ်းအ​စောင်းကို​လောက်​​တော့လမ်းညွှန်​ပါလားဟင်​ ။
တြိဂံ​လေးလှသွားတိုင်း
ကိုယ့်​ဖက်​က ​ကျေးဇူးတငိစကား​ပြောမယ်​ ..
သူ့ဖက်​က​တော့ ကွန်​ကရက်​ကျူ​လေးရှင်း​​ပြောပေါ့ ......

ဒါ​ပေမဲ့​လေ....
တစ်​​နေ့​နေ့​တော့ကို ​စောင့်​​မျှော်​ရတာ သိပ်​​မောတာပဲ ။
ပြီး​တော့
မနက်​ဖြန်​မ​ရောက်​ခင်​ ​နေဝင်​​စောရမှာလည်း ​ကြောက်​တယ်​။

I'm ATM.
@ayethatmon
Msu 021
Photo by google.
image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.088
BTC 59996.92
ETH 1580.26
USDT 1.00
SBD 0.42