ဇီရိုးမှhero ဖြစ်သူများ အပိုင်း(၂)

in #msu6 years ago

အားလုံးမင်္ဂလာပါ။ ဒီတစ်ခေါက်ဖော်ပြမှာတော့ ပြည့်တန်ဆာမ တစ်ဦးရဲ့သား ၊အဖေ အထောက်အပံမရှိ၊ ပညာတတ်အသိုင်းအ၀ိုင်းကမဟုတ်ပဲ ဘ၀ကိုယ် ကိုယ်အားကိုယ်ကိုးပြီးအောင်မြင်လာတဲ့ ကမ္ဘာကျော် သရုပ်ဆောင်တစ်ဦးဟာ အများသိကြတဲ့ RAMBO ပဲဖြစ်ပါတယ်။

RAMBO ရဲ့ဖခင်ဟာ ဆံသဆရာတစ်ဦးဖြစ်ပြီး အမြဲအရက်သောက်နေတယ်။မိသားစုစားဝတ်နေရေးပြေလည်အောင်ဝင်ငွေမရှာပေးသ
ဖြင့် ရမ်ဘိုရဲ့မိခင်ဟာ ဘ၀ကိုခါးသည်းစွာ ပြည့်တန်ဆာလုပ်ပြီးနေခဲ့ရတယ်။ရမ်ဘိုကို မွေးမဲ့အချိန်မှာ မီးဖွားဖို ဒေါ်လာ ၃၀ မရှိသဖြင့်
လမ်းဘေးက ၀မ်းဆွဲဆရာမ တစ်ဦးရဲ တိုက်ခန်းမှာမွေးဖွားခဲ့ရတယ်။ ၃ပေါင်ပဲရှိတယ်။ ညှပ်နဲ့ဆွဲထုတ်တဲ့ ဒဏ်ရာကြောင့် ရမ်ဘိုဟာ
မျက်နှာတခြမ်းအကြာဆိုင်းနေခဲ့ပြီး ဒီလိုနဲ့ပဲ နယူရောက်မြို့အပြင်ဘက်ဆင်းရဲသားရပ်ကွက် ၊ ဒုစရိုက်သမားတွေ နေတဲ့နေရာ၊ ပြည့်တန်ဆာတန်း မှာပဲကြီးပြင်းလာခဲ့တယ်။

21111.jpg

ရမ်ဘိုရဲမိခင်ဟာ ပြည့်တန်ဆာလုပ်၊ အကမယ်လုပ်ပြီး ဘ၀ကိုခက်ခဲစွာနဲ့ ရမ်ဘိုနဲ့ သူညီ Frank ကို ကျွေးမွေးပြုစုပြီး ကျောင်းပါထားပေးတယ်။ရမ်ဘို မူလတန်းရောက်လာတော့ သူအမေက ကျန်းမာရေးချို့တဲ့လာတော့ အရင်လိုငွေမရှာနိုင်တော့ဘူး။သားနှစ်ရောက်ကွေးထားဖို့ မတတ်နိုင်လို ရမ်ဘိုကို သူများလက်ထဲမွေးစားဖို့ပေးခဲတယ်။
ငါးကြိမ်းတိတိသူများကို မွေးစာဖို့ ပေးခဲ့ပေမဲ့ ရမ်ဘိုဟာ ကလေးဘ၀ကတည်းက ဇွဲကောင်းကောင်းနဲ့ သူမိခင်ဆီကို ပြန်ပြန်လာတယ်။ နောက်ဆုံး ကယ်လီဖိုးနီးယားထိ အဝေး ကြီးထိပို့ပြီး မွေးစားမဲ့လူတွေလက်ထဲထည့်ခဲ့တယ်။
ရမ်ဘိုဟာ လိုင်ကားတွေအဆင့်ဆင့်စီးပြီး ၊ ရဲတွေကိုမေးပြီး သူအမေဆီကို ရအောင်ပြန်လာတယ်။
မိခင်က သနားပြီး သူနဲ့ သူညီကို ခက်ခဲစွာ ရှာဖွေပြီး ကျွေမွေးခဲ့တယ်။ အလယ်တန်းရောက်တော့ ကျောင်းမှာ ရန်ဖြစ်လို့ ရမ်ဘိုဟာ လူငယ်လေ့ကျင့်ရေးကျောင်းကို အသက် ၁၂ နှစ်နဲ့ရောက်ခဲ့တယ်။ လူငယ်လေ့ကျင့်ရေးစခန်းက ထွက်ရတော့ မိခင်နဲ့ ညီကိုလိုက်ရှာတာ
မတွေ့ရတော့ လမ်းပေါ်မှာပဲ နေပြီး ဘ၀ကိုဖြစ်သလိုဖြတ်သန်းခဲ့တယ်။

![0bb28148a1b3a1bd420c29657aad5c6c-john-rambo-sylvester-stallone.jpg]

(https://cdn.steemitimages.com/DQmSs2GxxchBKwbvPLVv5b9ALmmx8GszLXsrbkoMyhPkDMN/0bb28148a1b3a1bd420

c29657aad5c6c-john-rambo-sylvester-stallone.jpg)

အသက် ၁၄ နှစ်လူငယ်လေ့ကျင့်ရေးစခန်း ( ထောင်က) ထွက်တော့ ရေခဲတုံးကား မှာ ကုန်းထမ်းသမားဘ၀နဲ့ဖြတ်သန်းခဲ့ရတယ် အလွန်အေးတဲ့ ဆောင်းရာသီမှာ ရေခဲထမ်းသမားဘ၀နဲ့နေခဲ့ရတယ်။အဲနောက်ငါးသေတ္တာဘူးထုတ်တဲ့စက်ရုံးမှာအလုပ်လုပ်ခဲ့တယ်။
စက်ရုံးမှာ လူမည်း သူငယ်ချင်း နှစ်ယောက်နဲ့ခင်ခဲ့တယ်။ ရမ်ဘိုဟာ သူအိမ်မက်ကို ဘယ်သူမှထုတ်မပြောခဲ့ဘူး။ဒါပေမဲ့ သူ့ လူမည်း သူငယ်ချင်းနှစ်ယောက်နဲ့ သီးချင်းဆိုလေ့ကျင့်ကြတယ်။ သရုပ်ဆောင်ပြတယ် လူမည်းသူငယ်ချင်းတွေကို သူ့ရဲ့ပရိတ်သတ်တွေပဲ။
(အဲလူမည်းနှစ်ယောက်ကလည်း ကနေ့ အောင်မြင်ကျော်ကြတဲ့ လူတွေဖြစ်နေပြီး ။ ကင်ညာဘောလုံးနည်းပြ ကာချီကူနဲ့ Adadis ရျယ်ယာပိုင်တူ မိုးလ်ဂက်ဟန်ဆန် တို့ နှစ်ယောက်ပါပဲ ) စက်ရုံးမှာ ငါးသေတ္တာဘူးတွေ အခိုးခံရတဲ့ ကိစ္စကြောင့် သူတို့ ၃ ယောက်အလုပ်ထုတ်ခံရတယ်။ဒါနဲ့ ပဲ ကိုယ်ဘ၀ ကိုယ် ရုံးကန်ရင်း သူငယ်ချင်း ၃ ယောက် ကွဲသွားတယ်။

ငါးသေတ္တာစက်ရုံးကအလုပ်ထုပ်ခံ၇တော့ တိရစ္ဆာန်ရုံးမှာ မြင်ချေးကျုံးတဲ့ အလုပ်နဲ့ဘ၀ ကိုဖြတ်သန်းခဲ့ရပြန်တယ်။အဲမှာနေရင်း
ခွေးလေခွေလွင်တစ်ကောင် ကို တွေဲ့ပြီး မွေးထားပြီ သူနဲ့ အတူနေခဲ့တယ်။ ခွေကို Rocky ကိုနာမည်ပေးထားတယ်။ မြင်းချေးကျုံးတဲ့အလုပ်က ၀င်ငွေနည်းတော့ လူငယ်လေ့ကျင့်ရေးစခန်း (ထောင်)ထဲမှာ သင်ခဲ့ရတဲ့ လက်ဝှေ့ပညာနဲ့ လက်ဝှေ့ဝင်ထိုးတယ်။ အမြဲသူပဲနိုင်တယ်။ဝင်ငွေကောင်းလာတော့ မီယာမီ ညကျောင်းမှာ အနုပညာသင်တန်းတက်ခဲ့တယ်။ ကျောင်းတက်ရင်းနဲ့ ကျောင်းရှေ့ အသားညှပ်ပေါင်မုန်ဆိုင်က မိန်းကလေးနဲ့ ကြိုက်ပြီး လက်ထက်ခဲ့တယ်။ လမ်းဘေးမှာ လဲနေတဲ့ အဘိုအို တစ်ယောက်ကို ဆေးရုံတင်ပေးဖို ကူညီရင်း ငွေလိုတာနဲ့ သူမိန်းမ လက်ဝတ်ရတနာတွေ ရောင်းပြီး အဖိုအိုကို ဆေးကုပေးခဲ့တယ်။ သူမိန်းမက သိပြီး အိမ်ပေါ်ကနေ နှင်ချလိုက်တယ်။

လမ်းပေါ်မှာပဲနေပြီး အားကစားရုံတစ်ခုမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။အိမ်သာဆေးရတယ်။ခိုင်းသမျှအကုန်လုပ်ခဲ့ရတယ်။ဒီလိုနဲ့
တနေ့မှာ တီဗီမှာ ကမ္ဘာကျေ် လက်ဝှေ့ပွဲလာနေတာ ကြည့်နေရင်း သူအကြံတစ်ခုရတယ်။ နာရီ ၂၀ လောက်အချိန်ပေးပြီး Rocky ဆိုတဲ့ ဇတ်လမ်းရေးခဲ့တယ်။အဲဇတ်လမ်းကို ရုပ်ရှင်ထုတ်လုပ်သူ အများ ကိုပြတယ်။ အကြိမ် ၁၅၀၀ အညင်းခံရတယ်။

တစ်နေ့မှာ သူဇတ်လမ်းကိုစိတ်ဝင်စားတဲ့ ဒါရိုက်တာ ဂျွန်နဲ့တွေ့တယ်။ ထုတ်လုပ်သူ ရော်ဘတ်က ဒေါ်လာ ၅သိန်းပဲထုတ်ပေးတယ်။
ငွေကမလောက်လို့ ရမ်ဘိုဟာ သူအသိ winkler ဆိုတဲ့လူဆီက ဒေါ်လာ ၄ သိန်းချေးပြီး Rocky ဆိုတဲ့ ဇတ်ကားကို စပြီးရိုက်ခဲ့တယ်။
လူစားထိုးရမဲ့နေရာတွေမှာ လူစားမထိုးပဲ ၇မ်ဘိုဟာ အပင်ပန်ခဲ့ပြီးရိုက်ခဲ့တယ်။1976 မှာ Rocky ကိုရုံတင်ခဲ့တယ်။ဝင်ငွေ ဒေါ်လာ ၂၂၅ သန်း၇တဲ့အပြင် Oscar ဆု ၃ခုထိရပြီးအောင်မြင်ခဲ့တယ်။

သူအောင်မြင်သွားတော့ အ၇င်ဆုံး သူခွေးလေကို သူလမ်းဘေးမှာ ငတ်တုန်းက ၂၅ ဒေါ်လာနဲ့ရောင်းခဲ့တဲ့ဆိုင်ကိုသွားပြီ သူခွေးဝယ်သွားတဲ့လူဆီ မရရအောင်စုံစမ်းပြီး သူခွေးလေ Rocky ကို ဒေါ်လာ ၁၅၀၀၀ နဲ့ပြန်ဝယ်ခဲ့တယ်။
6.jpg
ကနေ ၇မဘိုဟာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်နေပါပြီ။ Rocky 2 မှာ ၀င်ငွေ ဒေါလာသန်း ၂၀၀ ရတယ်။ Rocky 3 မှာ ဒေါ်လာသန်း ၂၇၀ ရခဲ့တယ်။ Rocky စာအုပ်ထုတ်ပြီးရောင်းတာ ဒေါ်လာသန်း ၃၀ ၀င်ငွေရတဲ့အထိအောင်မြင်ကျော်ကြားခဲ့ပါတယ်။

Group 1 msu 043
&aunghtet.mdy

Sort:  

Congratulations @aunghtet.mdy! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu

ဗဟုသုတရပါတယ်​ဗျ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 58196.53
ETH 3121.03
USDT 1.00
SBD 2.42