My Nightmare (@aggamun)steemCreated with Sketch.

in #msu6 years ago



pexels-photo-374906.jpeg

ထိုအဖြစ်အပျက်သည် ကျွန်မကို အိပ်မရအောင် နှိပ်စက်နေသည်။ တလူးလူး တလှိမ့်လှိမ့်ဖြင့် ကုတင်ထက်ဝယ် အိပ်စက်ဖို့ မည်မျှပင် ကြိုးစားသော်လည်း အရာမထင်ပင်။ မျက်စိနှစ်လုံးကို အတင်း ဇွတ်နှစ် ပိတ်ထားပေမဲ့ အမြင်အာရုံမှာတော့ ပြတ်ပြတ်သားသား ထင်နေသည်က စိတ်နှလုံး မချမ်းမြေ့ဖွယ် မြင်ကွင်းများ။ ဒေါသဖြစ်ဖွယ်၊ သနားကရုဏာ ဖြစ်ဖွယ်၊ အို ပြောရရင် ရသပေါင်းစုံး ခံစားနေရတာ ကိုယ့်ကိုယ်ကိုယ် ပဲသိသည်။ ဘယ်အရာကိုမှ စွဲစွဲမြဲမြဲ မှတ်သားထားလေ့ မရှိသော ကျွန်မသည် ဤအဖြစ်အပျက် ကလေးကို တော့ ဘယ်လိုမှ ဖျောက်ဖျက်ပစ်ဖို့ရာ မတတ်နိုင် ဖြစ်နေသည်။ လောလော လတ်လတ် ဖြစ်ပွားခဲ့သော ကိစ္စ မို့လည်း ဖြစ်နိုင်သည်။ အချိန်ဆိုသည်မှာ အကောင်းဆုံး မေ့ဆေး ဖြစ်သည်ဟု ကျွန်မ ကြားဖူးသည်။ ထို့ကြောင့် ကျွန်မ အချိန်ယူပြီး မေ့ပျောက် ဖို့ ကြိုးစားရုံမှတပါး အခြားမရှိတော့ပေ။ ယနေ့ည ကျွန်မကို အိပ်မရအောင် နှိပ်စက်ကလူ ပြုနေသည့် အိပ်မက်ဆိုး ကို ပြန်လည် ဖောက်သည်ချပြ ရမည်ဆိုပါက ……

pexels-photo-38008.jpeg

အချိန်များကို နောက်ပြန် ရွှေ့လို့ရပါက ကျွန်မသည် နောက်တစ်ခါ ဒီလမ်းကို ရွေးမည် မဟုတ်ပါ။ ရှည်လျားပင် ရှည်လျား ငြားသော်လည်း ပြန်နေကျ လမ်းဘက်ကသာ ပြန်မည် ဆိုပါက ဤ သို့ ဖြစ်နိုင်စရာ အကြောင်း မရှိတော့ချေ။ အခုတော့ ဒီတစ်သက် မေ့ပျောက်နိုင်မည် မဟုတ်သော ကိစ္စကို ကြုံတွေ့လိုက်ရသည်။

အချိန်က မှောင်စပျိုးနေပြီ ဖြစ်သည်။ အချို့သော လမ်းမီးများပင် ထွန်းထား၍ အမှောင် မလာခင် အလင်းရောင်များ နေရာဦးဖို့ ကြိုးစားနေကြပြီ။ ကျွန်မ မှားယွင်းစွာ ရွေးချယ်ထားသော လမ်းသည် လူသွား လူလာ အင်မတန် ကျဲပါးလှသည်။ တစ်ခါတရံ ကြိုပို့ယာဉ်များ၊ တူနှစ်ကိုယ် စုံတွဲများ၊ အလျင်လိုသူများသာ သွားတတ် လာတတ်သော စက်မှုဇုံ လမ်းကြီးဖြစ်သည်။ မြို့တွင်းနှင့် အတန်ငယ် အလှမ်းဝေးသည့် အပြင် လူနေအိမ်လည်း မရှိသလောက် နည်းပါးသည်။ ဘယ်ကြည့်ကြည့် လယ်ကွင်းများ၊ တည်ဆောက်လက်စ စက်ရုံများ၊ မြင့်မားသော အကာအရံများနှင့် စက်ရုံဝင်းကြီးများ လက်ညှိုးထိုး မလွဲ ရှိနေတော့သည်။

အိမ်သို့ စောစော ပြန်ရောက်ချင်သည့် စိတ်ကြောင့်သာ ကျွန်မ ဒီလမ်းကို ရွေးချယ် လိုက်ရသည်။ ကျွန်မ ဒီလမ်း ထိပ်ကို စတင် ဝင်ရောက်လိုက်ချိန်တွင် လမ်းတစ်လျှောက်တွင် လူသူကင်းရှင်း နေသည်။ တစ်ဦးတည်း အဖော် မပါသောကြောင့် အနည်းငယ်သော စိုးရိမ်စိတ် မှတပါး အခြား အတွေးများ မဖြစ်ပေါ်မိ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဘာကိုမှ ထိတ်လန့်တတ်သူ မဟုတ်ဟု ထင်မှတ် ထားသော်လည်း ဤသို့ ထင်မှတ်ထားသည်မှာ မှားယွင်းကြောင်း မကြာခင် သိလိုက်ရ တော့သည်။

pexels-photo-176342.jpeg

ပတ်ဝန်းကျင်တွင် လယ်ကွင်းများ၊ စက်ရုံများသာ ရှိသော်လည်း ကျွန်မ အဖို့ မြင်တွေ့ နေကျ မြင်ကွင်းများ မဟုတ်ပေ။ လမင်းကြီးက လည်း ကောင်းကင်ထက်၌ ပြည့်ပြည့်ဝဝ ပေါ်ထွက်ဖို့ ကြိုးစားနေရှာသည်။ ဘေးနား တစ်ဝိုက် အသံဗလံများက တစ်ချက် တစ်ချက် အဝေးမှ တိုးတိုး ရောက်လာ တတ်သည်။ လယ်ကွင်းများမှ ဖြတ်သန်း တိုက်ခတ်လာသော လေပြည်လေညှင်း လေးများသည် တလူးလူး တလွန့် လွန့် နှင့် လူကို လာရောက် ကျီဆယ် နေသည်မို့ ခပ်သွက်သွက် လျှောက်လှမ်းနေသော ကျွန်မ၏ ခြေလှမ်းများသည် ခပ်မှန်မှန် လေးသာ ရွေ့လျားနေတော့သည်။ ညက အတန်ငယ် မှောင်လာသည်။

ထိုစဉ် မည်သည့် နေရာက ထွက်လာသည် မသိလိုက်သော ခွေးနှစ်ကောင်သည် လမ်းမ ထက်တွင် ပေါ်လာသည်။ အထီးတစ်ကောင် အစ်မ တစ်ကောင် ဖြစ်သည်။ အရွယ်အစား ကတော့ သိသိသာသာ ကွာလှသည်။ အမဖြစ်သူ ကတော့ ပို၍ အကောင်ကြီးလေသည်။ နှစ်ကောင်စလုံးသည် ခပ်ပိန်ပိန် အနေ အထားဖြင့် လမ်းဘေး ခွေးလေ ခွေးလွင့် စတိုင် အပြည့် အဝ ရှိကြသည်။ အမ ဖြစ်သူက အထီးကောင်လေး၏ အမေဖြစ်ဟန်တူသည်။ ခွေးမသည် ခပ်သွက်သွက် ကလေး တစ်နေရာရာ သို့ သွားလေဟန် ဖြင့် တစိုက်မက်မက် လျှောက်လှမ်းနေသည်။ ခွေးသား လေးကမူ အပူအပင် ကင်းလေသည့်နှယ် ခွေးမ၏ ရှေ့မှ နောက် ဝဲမှယာ သူ့မိခင်အား ဆော့ကစားနေသည်။ လုပ်ချင်ရာ လုပ်နေရသည့် အတွက် သူ့၏ မျက်နှာတွင် ကျေနပ်ရိပ်များ ယှက်သန်းလျက် ရှိနေသည်။ လေနုအေးများကြောင့် အမောတွေ ပြေပျောက်၍ စိတ်အညောင်းပြေနေသော ကျွန်မ အဖို့ကတော့ ထိုမြင်ကွင်းသည် စိတ်ချမ်းမြေ့ကြည်နူး စရာကောင်းနေသည်။

dogs-batons-play-bite.jpg

ထို ခွေးသားအမိ နှစ်ကောင်ကို အာရုံကျနေ၍ ကျွန်မ သည် ချိုးကွေ့ ဝင်ရမည့် လမ်းချိုးလေး ကိုပင် ကျော်သွား လုမတတ် ဖြစ်ကုန်သည်။ ထို့ကြောင့် ကျွန်မသည် အာရုံများ ပြန်လည် စုစည်းကာ လမ်းချိုးလေး အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ခြေလှမ်း အနည်းငယ်မျှ လှမ်းပြီးသော် မျက်နှာချင်းဆိုင် တည့်တည့်မှ မောင်းလာသည့် မူမမှန်သော ကားတစ်စီးကို သတိထားမိလိုက်သည်။ ကားတွင် ရှေ့မှန် မရှိ။ ကားဟောင်း တစ်စီး ဖြစ်ကြောင်း ဆေးသားပြယ်နေသော သံချေးကွက်များက သက်သေပြနေသည်။ ကားက ဟောင်းနေ၍လား၊ မကျွမ်းကျင်သော ယာဉ်မောင်း ကြောင့်လား မသိအောင် အသံမျိုးစုံ ဆူညံလျက် ယိမ်းထိုးကာ ကျွန်မ ဆီသို့  ဦးတည်လာနေသည်။ သို့သော် ကျွန်မအထင် တက်တက်စင်အောင်လွဲ ချေ၏။

ကားသည် ယိမ်းယိမ်း ယိုင်ယိုင်နှင့်ပင် ကျွန်မဘေးနားမှ ဖြတ်သွား၍ စောနက ကျွန်မ လျှောက်လာသော လမ်းဘက်သို့ ချိုးကွေ့ ဝင်သွားတော့သည်။ ထိုကားစုတ်ကြီးသည် ကျွန်မအတွက် ထောင်းထောင်းထနေသောဖုန် များအပြင် ကားသမားဆီမှ ဖုံးဖိမရအောင် ထွက်ပေါ်လာသော အရက်နံ့ တို့ကို လက်ဆောင် အဖြစ် ထားခဲ့လေတော့သည်။ ထို အောဂလီဆန်သော လက်ဆောင်ပဏ္ဏာ များ၏ ဆွဲဆောင်မှုများမှ ရုန်းထွက်ရန် ကျွန်မ၏ ခြေလှမ်းများအရှိန်တင်လိုက်တော့သည်။ ခြေလှမ်းနှစ်လှမ်း သုံးလှမ်းသာ လှမ်းရသေးစဉ် ရုတ်တရက် ကားဘရိတ်ဆွဲသံ၊ ပန်းပြားနှင့် ကွန်ကရစ်လမ်း ပွတ်ဆွဲသံ၊ တစ်စုံ တစ်ခု ကို ကားတက်ကြိတ်မိသည့် အသံများ၊ ခွေးတစ်ကောင်၏ အော်မြည်သံများ အစီအရီ ပေါ်ထွက်လာလေသည်။ စောစောက လက်ဆောင်များအပေါ် ကျရောက်နေသော ကျွန်မ၏ ညစ်နေသော စိတ်များ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်၍ ဟို ခွေးနှစ်ကောင်ထံသို့ စိတ်ရောက်သွားပြန်သည်။

ကိုယ့်ကိုယ်ကိုယ် သတိမထားမိချိန်မှာပင် ကျွန်မလျှောက်လာခဲ့သော လမ်းဘက်ဆီသို့ ပြန်လည် လျှောက်လာမိခဲ့ပြန်သည်။ ဟို ခွေးနှစ်ကောင် ဘာများ ဖြစ်သွားပြီလဲ သိချင်နေမိပြန်သည်။ ဤသည်မှာလည်း နောက်ထပ် အမှားတစ်ခုပင် ဖြစ်သွားခဲ့ရသည်။ ဘာဖြစ်ဖြစ် ကိုယ့်ဘာသာ ရှေ့ဆက်သွားရင် အကောင်းသား။ ရှေ့အချိုးလေး ဆက်သွားလိုက်လျှင် အိမ်ရောက်တော့မည် မဟုတ်ပါလား။

pexels-photo-733416.jpeg

ကျွန်မ ထိုနေရာ ရောက်သွားတော့ မမြင်ရက် စရာ မြင်ကွင်းက အသင့် စောင့်ကြိုနေသည်။ ခွေးအမေကား ဘေး တစောင်းလေး လဲလျက် ကားတက်ကြိတ် မိသွား၍ထင် ဗိုက်ပွင့်နေသော အနေအထား ဖြစ်နေသည်။ မျက်နှာက အသက်မဲ့နေသော်လည်း မျက်လုံးများက သားဖြစ်သူကို တစ်စုံတစ်ခု မှာလေဟန် ပြောပြနေဟန် ရှိနေ၏။ ခွေးသား လေးကတော့ တအီအီ မြည်သံပြုလျက် ရှိနေ၍ ငြိမ်သက်နေသော သူ၏ မိခင်ကို ဘယ်အချိန်လောက်များ ထ လာလေမလဲ စောင့်မျှော်နေသည့်အလား ဟိုကြည့်လိုက် ဒီကြည့်လိုက် ရှိနေ၏။ သို့သော် သူ၏ မျက်လုံးများကတော့ ယခင်ကလို အပူအပင်ကင်းမဲ့ မနေတော့ပေ။

ကျွန်မထို မြင်ကွင်းကို ကြည့်နေလျက် အသက်ရှု ကြပ်ကာ ရင်ထဲ တလှိုက်လှိုက်နှင့် ဆို့နင့်လာခဲ့ သောကြောင့် အလျင် အမြန် ပြေးထွက်လာ သော်လည်း ခွေးလေး၏ အားငယ်နေသော မျက်လုံးများသည် လည်းကောင်း၊ တအီအီ မြည်ကြွေးနေသော သနားဖွယ်ရာ အသံများသည်လည်းကောင်း ကျွန်မနှင့် အတူ အနားမှာ လိုက်ပါ မြင်ယောင် ကြားယောင် နေလေတော့၏။

All photo credit: www.pexels.com


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

oh!i feel sad for your post.i can't sleep at night too.

ဒီလိုဘရိုရေ။ ဘရိုရော @nayhlaingsoe ရော C2 မှာ curator role ရထားပြီးဖြစ်ပါတယ်။ အဲ့ဒိအတွက် ပိုစ့်လင့်ခ်တွေကို burmese channel မှာ ချလို့ရပါပြီ။(အခြားနေရာတွေမှာ မချပါနဲ့)။ နောက်တစ်ဆင့်မှာတော့ ရွေးထားတဲ့ပိုစ့်တွေကို ညီတို့နှစ်ယောက်က thumb up လုပ်ပေးရမှာဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ပိုစ့်ပိုင်ရှင်ရဲ့ blog history ကို သတိထားကြည့်ပါ။ ကော်ပီကူးတင်တဲ့သူ၊ spam/ junk ပိုစ့်တွေကို တင်တဲ့သူ မဖြစ်အောင် ဂရုစိုက်ပေးပါ။ နောက်တစ်ဆင့်မှာတော့ ကျွန်တော်က အဲ့ဒိပိုစ့်ကို the eyeball ကို tag တွဲပြီးတော့ pin post လုပ်လိုက်ရင် upvote ရမှာဖြစ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ကျွန်တော်ကိုယ့်ဘာသာကိုယ် upvote ပေးလို့ရတော့မှာဖြစ်ပါတယ်။ ကြိုးစားကြရအောင်လားဗျာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by aggamun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @aggamun ! You received a 5.72% upvote from @kryptoniabot & @kryptonia for your task of 100 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

resteem @kit kit 2001

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63818.94
ETH 2624.28
USDT 1.00
SBD 2.78