HAPPY MOTHERS DAY !!!!

in #msu6 years ago

HAPPY MOTHERS DAY!!! for all mothers and my mother
There is no man who does not have his mother.
Mother was great.
Mother is still great.
Mother will be great forever.
Only for me,or may be for all of you.
IMG20170708094815.jpg
အမေများနေ့ အမှတ်တရ
မေကြီးကို သား ဟောသည် ကဗျာ မကျ စာမကျ စာပုဒ်ကလေးနဲ့ ဂုဏ်ပြုချင်ပါတယ်။ ကန်တော့ချင်ပါတယ်။
မေကြီး
သားငယ်မျက်နှာ ကိုသာအာရုံပြု
အားလုံးကို ခါးစည်းခံခဲ့တာ
မိုးရေထဲ ပညာတတ်ဖို့ တစ်ခုတည်းသာ
ထစ်ချုန်းမိုးထဲ ကုန်းပိုးပြီး ကျောင်းပို့ကျောင်းကြိုခဲ့တာ
ဆယ်တန်းရောက်တော့ တစ်မိုင်နှစ်မိုင် မကတဲ့ခရီးကို
အံကြိတ်ပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်
ကျူရှင်တွေ မနားတမ်း လိုက်ပို့ လိုက်ကြို ခဲ့တာ
သားနဲ့အတူ ဘွဲ့ဝတ်စုံလေးနဲ့ ဓာတ်ပုံ အရိုက်ခံချင်စိတ်ကို
မြိုသိပ်ပြီး အသုံးမဝင်တဲ့ ခံယူချက်နဲ့ ဘွဲ့နှင်းသဘင်မတက်ဘူးလို့
ကြွေးကြော်နေတဲ့ သားကို အပြုံးမပျက်ငေးကြည့်နေခဲ့တာ
ငါတော့ စာမတတ်ဘူးဟေ့
ငါ့မှာ ဘွဲ့ရပြီးသား သားရှိတယ်ဆိုပြီး ဝံ့ကြွားနိုင်ခဲ့တာ
အသုံးမဝင်တဲ့သားကို ပိုင်ဆိုင်ခဲ့ပေမယ့်
သား စကားဟာ အဖိုးတန်တယ်ဆိုပြီး
အမြဲ ဂရုတစိုက် နားထောင်တတ်တာ
ဘယ်တော့မှ သား မမေ့ဘူး မေကြီး
မေ့လို့လည်း မရတော့ဘူး ဗျာ
ရေးလိုက်တော့သာ စာသုံးလေးကြောင်းရယ်
တစ်ကြောင်း တစ်ကြောင်း ဖြစ်တည်လာဖို့က တော့
ချစ်တယ် မေကြီးရေ
( p.s စာသာ ဆုံးသွားမယ် မေတ္တာ တရားကတော့ )


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022


IMG_20150727_002933.jpg
#myanmar
#msu

Sort:  

တား လိမ္မာလေး

မလိမ္မာ သေးပါဘူးဗျာ ကြိုးစားနေရဆဲပါ :-)

အ​မေချစ်​တဲ့သားကြီး​ပေါ့:😝

:-) ဟာ ဗျာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62975.56
ETH 3112.53
USDT 1.00
SBD 3.87