စက္ကူ

in #mso8 years ago

စက္ကူ
===20171025_143931.jpg
ကျောက်စက္ကူ မှာ ရေးမှတ်ပါသော်
ရာသီထောင်သောင်း မပျက်ကောင်းမို့
ရှေးဟောင်းမှတ်တမ်းဝင်တတ်၏။
မြေစက္ကူ မှာ ရေးမှတ်ပါသော်
မိုးရွာလေဖျ က် ခဏပျက်၍
ရက်ပိုင်းမျှသာခံတတ်၏။
ရေစက္ကူ မှာ ရေးမှတ်ပါသော်
ရှေ့မှာရေးလျှက် နောက်မှာပျက်၍
စက္ကန့်မျှ သာခံတတ်၏။
လေစက္ကူ မှာ ရေးမှတ်ပါသော်
ရေးရာမထင် မတွေ့မြင်ပြီ
ရေးစဉ်မှာပင်ပျ က်လေ၏။
အချစ်
အမုန်း ဤနှစ်လုံးကို
သုံးသင့်စက္ကူ ရွေးချယ်ယူ၍
သူတော်ကောင်းတို့ရေးကြ၏။
ငါတို့စိတ်ထား နှလုံးသားသည်
ကျောက်သားစက္ကူ မြေစက္ကူ ။
ရေလွှာစက္ကူ လေစက္ကူ ။
ကိုယ်တိုင်ရေးသည့်ကိုယ်ပိုင်မူ။

Sort:  

ဘာလုပ်

လမ်းပြင် နေတာ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.092
BTC 63551.01
ETH 1783.00
USDT 1.00
SBD 0.39