အဆုံးအဖြတ်

in #msn8 years ago

အခက်အခဲ ဆိုတာ ဘ၀ ရဲ့သဘာဝ တွေပါ ပဲ

ဘာအခက်အခဲ မှ မရှိတဲ့ ဘ၀ကို နေရတဲ့ သူဟာ
ဘာရင့်ကျက်မှုမှ မရှိနိုင်ပါဘူး . . .

အားလုံးသဘောထားကြီးကြီး နဲ့ စိတ်ထားကောင်းကောင်း နဲ့
ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေ သွားပါ မယ် . . .

ပြဿ နာ ကို နားမလည် နိုင်ရင် မဖြေရှင်း နိုင်ရင်

ပြဿဿ နာ ကို ပိုပြီး တစ်ဖြေးဖြေး နဲ့ ကြောက်လာ တတ် ပါတယ် . . .

ပြဿ နာ ကို နားလည်လာရင် ပြဿ နာ ကို မကြောက်တော့ဘူး အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းလို့ မိမိ အရည်အချင်း
တိုးလာတာ ပါ . . .

ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာကို ခံစားရတော့

ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာအောင်ပဲ လုပ်ချင်နေ လာပါတယ် . . .

ဒါပေမယ့်
ကိုယ်နိုင်သလောက် အခက်အခဲရှိမှ ကောင်းပါတယ်
လူ့  ဘဝ ဆိုတာ ရုန်းကန်နေ ရ မှ လည်း ကောင်းပါတယ်
အခက်အခဲ တွေဟာ အကျိုးရှိ ပါတယ် . . .

တချို့ လူတွေဟာ အခက်အခဲ မရှိတဲ့ဘ၀ကို တောင်းတ ကြတယ် . . .

အခက်အခဲမရှိတဲ့ ဘ၀မှာ လုပ်စရာ ဘာမှ မရှိပါ ဘူး
ဉာဏ်လည်း မထုတ်ရတော့ ဘူး
ဝိရိယလည်း မထုတ်ရတော့ ဘူး
သည်းခံရတယ် ဆိုတာလည်း မရှိတော့ဘူး
သဘောထားကြီးရတယ် ဆိုတာလည်း မရှိတော့ဘူး . . .

ပြဿနာ တွေ အခက်အခဲတွေ ဒုက္ခတွေ ပညာရဖို့ နဲ့
အသိဉာဏ်ကြီး ဖို့ရာ အတွေ့အကြုံ တွေက ရတဲ့ သင်ခန်းစာတွေပါပဲ

အခက်အခဲမရှိတဲ့ ဘ၀မှာ သစ်ပင်တောတောင် မရှိတဲ့ လွင်တီးခေါင်ကြီး နဲ့ တူတယ်

အခက်အခဲမရှိတဲ့ ဘ၀မှာ စိတ်ဓါတ် နဲ့ အသိဉာဏ်
ရင့်ကျက်မှု မြင့်မြတ်မှု ဖြစ်လာဖို့ အခွင့်အရေး မရှိတဲ့ ဘ၀ပါပဲ . . .

ဘ၀ဆိုတာ စာမေးပွဲ အဆင့်ဆင့် ဖြေဆိုနေခြင်း မျိုးပါ
နေ့တိုင်း စာမေးပွဲ အစစ်ခံ နေရတာနော် . . .

စာမေးပွဲတွေကို အစစ်ခံရပြီး အောင်မြင်သွားတဲ့အခါမှာ
ပိုပြီးတော့ ဉာဏ်ကြီးတဲ့သူ ဖြစ်လာတယ်
ကြီးပွားတဲ့ သူ ဖြစ်လာတယ် . . .

အသိဉာဏ်ရော စိတ်ဓါတ်ရော ကြီးပွားလာ ပါတယ် . . .

ဒုက္ခ နဲ့ မကြုံဘဲနဲ့ ကိုယ်ဆင်းရဲမှု မကြုံဘဲ နဲ့ တော့
အောင်မြင် တဲ့ ဘ၀ခရီးကိုဖြတ်သန်းသွားလို့ မရပါဘူး
လူ့ဘဝဆိုတာ

ချိုမြိန်တဲ့ အခါလည်း ရှိသလို

ခါးသက်တဲ့အခါလည်း ရှိခဲ့တယ်

လူ့ဘဝဆိုတာ အရောင်အသွေးစုံလှတဲ့

ပန်းချီကားတစ်ချပ်ပါ

ပန်းချီကားရဲ့ အလှ အသက်ဝင်ပုံတွေက

စုပ်တံကိုင်တဲ့ လက်မှာ ဦးတည်ပေမဲ့

ဆေးရောင်ခြယ်မဲ့ မင်းဦးနှောက်တွေက

မင်းဘဝအဆုံးအဖြတ်ပဲ

သူငယ်ချင်း
image

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 60791.27
ETH 1560.80
USDT 1.00
SBD 0.47