တွေးရင်းရေးရင်း ရင်ခုန်စရာအိပ်မက်လေးနှင့် ကိုယ်ဖြစ်ထွေ
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
မိသားစုအလုပ်တွေ ရှုတ်နေရတာနဲ့ ဒီနေ့ စတီးမစ်ပေါ်
သိပ်မရောက်ဖြစ်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ အင်္ဂါ ကစ မိန်းမ ကလေးမွေးဖို့ ဆေးရုံ
တတ်တဲ့နေ့မှ ယနေ့ထိ မိမိ၏ အသက်မွေးဝမ်းကြောင်း
လုပ်ငန်းလေးဖြစ်သော ဆေးခန်းကိုလည်း ပိတ်ထားခဲ့ရသည်။
ယနေ့တစ်ပတ်မြောက်နေ့ မနက်ခင်းမှာပဲ ဇနီးနှင့်သားကို
မီးယပ်သားဖွားအထူးကုနှင့်ကလေးအထူးကု ဆရာဝန်မကြီး
နှစ်ဦးထံ ရပ်ချိန်းအရ ပြသခဲ့ပြီး နေ့လည်ခင်းဘက်မှာတော့
မန္တလေးသို့ ခဏ သွားရောက်ခဲ့ပါသည်။
မန္တလေး သွားရခြင်းမှာ ဇနီးနှင့်ကလေး အိပ်စက်ရာ အခန်း၌
ခြင်လုံလိုက်ကာလေးများ တပ်ဆင်ပေးရန် အိုးရှင်းစူပါမက်ကပ်
သို့ သွားဝယ်ယူခြင်း ဖြစ်ပါသည်။ ထိုမှအပြန် မိတ်ဆွေကြီး
ဦးစိုးထံ ခဏဝင်၍ လက်ဖက်ရည်ဆိုင်ထိုင်ရင်း
ခရစ်တို ရလမ်းလေးများ အချို့ စကားပြောဖြစ်ခဲ့သေးသည်။
မအားသည့်ကြားက အစွဲအလန်းက ဖျောက်မရသော်ကောဗျာ။
ထို့နောက် အိမ်ရောက်သောအခါ ပြတင်းနှင့်တံခါးပေါက်တို့အား
ခြင်လုံလိုက်ကာ တပ်ဆင်ဖြစ်ခဲ့ပါသည်။ ယခုပုံလေးအတိုင်း
ခြင်လုံလိုက်ကာ တပ်ခြင်းဖြစ်သည်။ ဇနီးနှင့်သား
ခြင်ကိုက်မခံရရေး အားထုတ်ရတာပါပဲ။
ဒါနဲ့ပဲ ညနေ ၆ နာရီ ရောက်သွားသည်။ ယနေ့အတွက်
စတီးမစ် msc pro အတွက် ပို့စ်တင်စရာ စာမရေးရသေးပေ။
ဒီလိုနှင့် ဘာစာရေးရကောင်းမလဲ တွေးတောရင်း
စတီးမစ်နှင့် မက်ဆင်ဂျာထဲ ခဏ ဝင်ကြည့်လိုက်သည်။
စတီးမစ်ဟာ ရင်ခုန်စရာနှင့် ဒရာမာကြည့်ရသလို
စိတ်ဝင်စားစရာ ကောင်းနေသည်ဟု မိတ်ဆွေအချို့က
ဆိုလာကြသည်။
မည်သို့ပင် ဖြစ်ဖြစ်ဟုတော့ မပြောချင်ပေ။
မိမိတို့ စိတ်အားခဲ စွဲလန်းအိပ်မက်ခဲ့ရသော စတီးမစ်
ပလက်ဖောင်းကို တည်တံ့ခိုင်မြဲအောင်မြင်စေလိုပါသည်။
မိမိအနေဖြင့်ကတော့ နည်းပညာပိုင်း မစွမ်းသာသေးတော့
တတ်နိုင်သည့် ပို့စ်တင်နေခြင်းဖြင့်သာ ဆက်လျှောက်နေရပါသည်။
ရင်ခုန်စရာအိပ်မက်ကလေး အရောင်မပျယ်လွင့်စေချင်ပါပေ။
အင်း တွေးရင်းနဲ့ စာတစ်ပုဒ် ရသွားသလားပဲ။ ပို့စ်တင်လိုက်ဦးမယ်ဗျာ။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။
MSC 193
@golden.future
အဲဒါ အဲဒါ ဒို့တာဝန် ၁၃ ပါးဆိုတာ ကျိတ်လိုက်ဟ 😁 သားရေး သမီးရေး ပဲကြားဖူးပါတယ်။ ဇနီးအရေးလို့တော့ကြားမိသေးပါဘူး 😜
ပုထုဇနောဥမ္မတကော ဆိုတော့ကာ။။။
ဖြစ်လာသမျှ ပျော်အောင်နေကြရတာပါ့။
Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem
Special thanks