Padmavati (2018)

in #movie6 years ago (edited)

Padmavati (2018)

New-Trailer-of-Padmavat-Padmaavat-Film-Story-990x557.jpg

padmavati-new-poster-phhir29-40845096-992-496.png

padmavati-deepika-padukone-twitter_650x400_51511351873.jpg
photos credit to image source.

Original Content by shwehmoneyadi.

မနေ့ညက ဒီဇာတ်ကားလေး ကြည့်ဖြစ်တယ်။
ဇာတ်ကားကောင်းတယ်လို့တော့ ပြောလို့ရပါတယ်။
ဒီဇာတ်ကားက မွတ်စလင်ဘုရင်နဲ့ ဟိန္ဒူဘုရင် စစ်ဖြစ်ကြတဲ့ဇာတ်ကားပါ။ကောက်ကျစ်စဉ်းလဲတဲ့ အလိုရမ္မက်ကြီးတဲ့မွတ်စလင်ဘုရင်က ဟိန္ဒူဘုရင်ရဲ့ မိဖုရား Padmavati (ပဒုမ္မာ ဒေဝီ=ကြာအဆင်းကဲ့သို့ တင့်တယ်လှပသော မင်းသမီး)ကို လိုချင်တပ်မက်စိတ်နဲ့ ရယူသိမ်းပိုက်ဖို့ ကြိုးစားရင်း တိုင်းပြည်နှစ်ပြည် စစ်ခင်းကြတဲ့ ဇာတ်ကားပါ။
ဒီဇာတ်ကားကို ကြည့်ပြီးတော့ ကျွန်တော်ကြိုက်နှစ်သက်တဲ့ အချက်တွေနဲ့ ကျွန်တော်မကြိုက်တဲ့ အချက်တွေတွေ့ရပါတယ်။
ကျွန်တော်ကြိုက်နှစ်သက်တဲ့ အချက်တွေကို ပြောရရင် ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သူအားလုံးရဲ့ သရုပ်ဆောင်မှုတွေဟာ လုံးဝပီပြင်လွန်းပါတယ်။မြန်မာပြည်မှာဆိုရင်တော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့၊ဇာတ်ရံတွေအားလုံး အကယ်ဒမီဆုရမှာ သေချာပါတယ်။တကယ်အပြင်မှာ ဖျစ်ပျက်နေသလား ထင်မှတ်ရပါတယ်။နောက်ပြီး ဇာတ်ကားရိုက်ကူးထားတာ ကြီးကျယ်ခမ်းနားစွာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းကျောရိုး ဇာတ်အိမ် ခိုင်မာပါတယ်။ဇာတ်လမ်းအစကနေ အဆုံးထိအောင် ဆွဲခေါ်သွားနိုင်ပါတယ်။
ကျွန်တော်မကြိုက်တဲ့အချက်ကတော့ တစ်ဖက်ကို အသားပေးလိုတဲ့အတွက် တစ်ဖက်ကိုနှိမ့်ချလွန်းတဲ့ သဘောမျိုးပုံဖော်ရိုက်ကူးထားတဲ့အချက်ပါပဲ။ဟိန္ဒူဘုရင်ကို အမွှန်းတင်လွန်းပြီး မွတ်စလင်ဘုရင်ကိုကျတော့ ကောက်ကျစ်စဉ်းလဲပြီး စိတ်ထားယုတ်ညံ့လွန်းတဲ့ သဘောမျိုး ရိုက်ကူးထားတာတွေ့ရပါတယ်။
ဘာပဲပြောပြော ဒီဇာတ်ကားဟာ အလွန့်အလွန်ကောင်းပါတယ်လို့ မပြောနိုင်ရင်တောင်မှ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်တယ်ဆိုတာကတော့ ကျွန်တော်အာမခံပါတယ်။
ဒီဇာတ်ကားကို ကြည့်ရှုပြီး အချစ်၊အလွမ်း၊အကြမ်း၊အရမ်း ရသမျိုးစုံကို ခံစားရတဲ့ အတွက် ရသစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ဒါ့ကြောင့် မကြည့်ရှုရသေးတဲ့ မိတ်ဆွေတွေ ကြည့်ရှုခံစားကြည့်ပါလို့ တိုက်တွန်းပါရစေ။
Author - shwehmoneyadi
ဗွီဒီယိုကြည့်ရန်နှင့် ဒေါင်းလုတ်ဆွဲရန် Google Drive Link

Sort:  

Congratulations @shwehmoneyadi! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.031
BTC 60327.71
ETH 2568.97
USDT 1.00
SBD 2.57