Chiniese tv series

in #moive6 years ago

#သိုင်းလောက_စိန်ခေါ်သံ

ကျွန်တော်တို့ ငယ်စဉ်တုန်းကပေါ့ လူတိုင်း ကြိုက်နှစ်သက်ခဲ့တဲ့ သိုင်းဇာတ်လမ်းလေး တစ်ခုကို ပြောပါဆို သိုင်းလောကစိန်ခေါ်သံ ဆိုတဲ့ ဇာတ်လမ်းတွဲရယ် အဲ့ထဲက မင်းသမီး လိမ့်ယဉ်ယဉ် ကိုတော့ လူတိုင်း ခွက်ဒ်မိခဲ့ဖူးမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ယခု ဇန်နဝါရီလ ၂၂ ရက်နေ့ဟာ လိမ့်ယဉ်ယဉ်ရဲ့ ၄၉ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ လိမ့်ယဉ်ယဉ်ဆိုတာ မြဝတီက စာတန်းထိုးပေးတဲ့ နာမည်အတိုင်း ရေးရတာပါနော်။ ရိန့်ယင်းယင်း ဆို အသံထွက် ပိုမှန်လိမ့်မယ် ထင်ပါတယ်။

လိမ့်ယဉ်ယဉ်ရဲ့ နာမည်အရင်းကတော့ ရွှီချင် 许晴 Xu Qing လို့ ခေါ်ပါတယ်။ သူမကို ဇန်နဝါရီလ ၂၂ ရက်နေ့ ၁၉၆၉ ခုနစ်မှာ တရုတ်နိုင်ငံ လျောင်းနင်းပြည်နယ် ဝူဟန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမအသက် ၁၉ နှစ်အရွယ်မှာ ပေကျင်းရုပ်ရှင်အကယ်ဒမီကျောင်းမှာ သရုပ်ဆောင်သင်တန်း တက်ဖို့ လျှောက်ထားခဲ့ပါတယ်။ ၁၉၈၈ ခုနစ်မှာ သင်တန်းတက်ခွင့် ရရှိခဲ့ပြီး ၁၉၉၂ ခုနစ်မှာတော့ ရုပ်ရှင်သရုပ်ဆောင်ဘွဲ့ တစ်ခု ရရှိခဲ့ပါတယ်။

ရုပ်ရှင်လောကထဲကိုတော့ ၁၉၉၀ ခုနစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ဒါရိုက်တာ ချန်ခိုင်းကေားနဲ့ Life on a String ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ပါတယ်။ ၁၉၉၂ ခုနစ် သူမဘွဲ့ရတဲ့ ခုနစ်မှာပဲ ပန်းတရာရုပ်ရှင်ပွဲတော်က ပေးအပ်ခဲ့တဲ့ အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ကို Ripples Across Stagnant Water နဲ့ ရရှိခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ သူမဟာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးခဲ့ပြီး နာမည်ကျော်ကြားလာခဲ့ပါတယ်။ At The Foot Of The Imperial City ဇာတ်ကားကတော့ သူမကို တရုတ်ပြည်တစ်လုံး အသိအမှတ် ပြုစေခဲ့တဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနစ်မှာတော့ ကျွန်တော်တို့ အားလုံးသိတဲ့ သိုင်းလောကစိန်ခေါ်သံ ဇာတ်လမ်းတွဲမှာ လိမ့်ယဉ်ယဉ် (နတ်ကလျာ) အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့အချိန်က နတ်ကလျာကို လူတိုင်း Crush ခဲ့ဖူးမယ် ထင်ပါတယ်။

၂၀၀၃ ခုနစ်မှာတော့ Golden Eagle ဆုပေးပွဲမှာ ပရိတ်သတ်က ရွေးချယ်တဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို The Chinese Woman at the Gunpoint of Gestapo ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲဟာ ဒုတိယကမ္ဘာစစ် အတွင်းက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂတ်စတာပို ဆိုတာနဲ့ ဘာလဲသိကြမှာပါနော်။ ဂတ်စတာပို ငရဲခန်းကနေ လူ ၁၀၀ ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ တရုတ်အမျိုးသမီး သိပ္ပံပညာရှင် ချမ်းရှို့လင်း အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

၂၀၀၉ ခုနစ်မှာတော့ ကျွန်တော်တို့ နိုင်ငံရေး စိတ်ဝင်စားသူတိုင်း ကြည့်ထားသင့်တဲ့ The Founding of a Republic ဇာတ်ကားမှာလဲ ဒေါက်တာဆွန်ယက်ဆင်၏ ကတော် စုန့်ချင်းလင် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အဆိုပါ ဇာတ်ကားမှာလဲ သူမဟာ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့ပါသေးတယ်။ (အစိုးရဇာတ်ကားမို့လားပဲ။ ကျွန်တော် ကြည့်တာတော့ ၃ ခန်းလားပဲ တွေ့တယ်။)

၂၀၁၀ ခုနစ်မှာတော့ Blossoming of Beautiful Flowers မှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၂ ခုနစ်မှာတော့ ဟောလိဝုဒ်အထိ ခြေဆန့်နိုင်ခဲ့ပြီး Looper ဇာတ်ကားမှာ Bruce Willis ရဲ့ ဇနီးသည်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်ကားလိုချင်ရင် CM မှာ သွား Down ပါ။

၂၀၁၃ ခုနစ်မှာတော့ A Dream Like A Dream ဇာတ်ကားနဲ့ အကောင်းဆုံး ဒရမ်မာသရုပ်ဆောင် ဆု ကို ရရှိခဲ့ပါတယ်။

၂၀၁၆ ခုနစ်မှာတော့ Mr.Six ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ CM ကနေပဲ Down လို့ရပါတယ်။ အက်မင်တော့ သိပ်နားမလည်ဖူး။ တကယ့် ဂန်းစတာဆိုတာ ခေတ်လူငယ်တွေ မိုက်တာလောက်တော့ သနားတယ်ဆိုမလားပဲ။ ကြည့်လိုက်ပါ။ တော်တော်ကောင်းတယ်။ ဇာတ်လမ်းကို နားမလည်တာလေးပဲ။

၂၀၁၆ ခုနစ်မှာပဲ ဂျက်လီ ဖန်းပင်းပင်းစသည့် နာမည်ကြီး သရုပ်ဆောင်တွေပါဝင်တဲ့ League of Gods ဇာတ်ကားမှာလဲ Taiyi Zhenren အဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
image

၂၀၁၇ ခုနစ်မှာတော့ မင်းသားကြီး အီသန်ဟတ်နဲ့ 24 Hours To Live ဆိုတဲ့ ဇာတ်ကားမှာ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့ပါသေးတယ်။ CM မှာပဲ ရှိတယ်။ အရမ်းမိုက်တယ်။

ရွှီချင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ နောက်ထပ်အများကြီး ကျန်ပါသေးတယ်။

ရွှီချင်ဟာ အချစ်ရေးမှာ ကံမကောင်းရှာပါဘူး။ သူမနဲ့ ချစ်သူဖြစ်ခဲ့သူ ၄ ဦးလုံးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲခဲ့ရပါတယ်။ သူမဟာလဲ ရန်ယွီယင်းလိုပါပဲ။ ဂိုဏ်းစတား မှောင်ခိုခေါင်းဆောင်တစ်ဦးနဲ့ ချစ်ကြိုက်မိခဲ့ပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနစ် ဝန်းကျင်မှာပဲ အစိုးရက သူမချစ်သူကို အနီရောင်အဆင့် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ သူမကိုလဲ ခေါ်ယူစစ်ဆေးတာတွေ ရှိခဲ့တာမို့ အဲ့အချိန်တွေက အတော်ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သိုင်းလောကစိန်ခေါ်သံ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်လောကထဲ တဖန်ဝင်ရောက်နိုင်ခဲ့ပြီး အောင်မြင်မှုတွေလဲ ရရှိခဲ့ပါသေးတယ်။ ၂၀၀၄ ခုနစ်လောက်က ကွမ်းတုံးနယ်က သူဋ္ဌေးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ လမ်းခွဲခဲ့တယ်လို့ သိရပါတယ်။ ထိုအချိန်ကတည်းက သူမဟာ ဘဝကို တစ်ကိုယ်တော် ဖြတ်သန်းလာခဲ့ရင်း အပျိုကြီးဘဝကို ရောက်ရှိလာခဲ့ပါပြီ။
image

#SwamHtet(天下第一)

တစ်ပုံချင်းစီ ထောက်ကြည့်ပါ။

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62832.46
ETH 3374.71
USDT 1.00
SBD 2.48