mobile toturial
" အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ "
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei ဖုန်းပါ။ ဂိမ်းကစားရင်း ပါဝါသေသွားတယ်ခင်ဗျာ။ နည်းနည်းကြာတော့ ပါဝါပြန်ဖွင့်တော့ Huawei Logo ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတယ်။ အားသွင်းကြိုးထိုးရင် သုံးလို့ရတယ်။ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကို ဂိမ်းကစားရင်းဖြစ်တာဆိုတော့ စဉ်းစားစရာ 2 ချက်ရှိတယ်ဗျ။ အစ်ကိုဖြစ်နေတဲ့ပုံက အားသွင်းကြိုးထိုးထားရင် ဖုန်းကို အသုံးပြုလို့ရတယ်ဆိုတော့ ဘက်ထရီကို အရင်လဲကြည့်ပါ။ မရရင်တော့ Phone PCB Board ပြားကို ပြုပြင်ရမှာပါ။ အစ်ကို့အနေနဲ့ ဘက်ထရီလဲပြီး စမ်းကြည့်ပါ။ မရရင်တော့ Service ဆိုင်ကို ပြကြည့်ပါခင်ဗျာ။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung ဖုန်းပါ။ ဖုန်းက အားသွင်းကြိုးထိုးထားရင် အရမ်းပူတယ်။ ပြီးတော့ အားလည်းမ၀င်ဘူး။ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကိုရေ အဲ့တာက Charger လမ်းကြောင်းမှာ Short ဖြစ်နေလို့ပါ။ ကြာကြာဆက်သုံးလို့တော့ သိပ်အဆင်မပြေဘူးဗျ။ ပါဝါပါသေသွားနိုင်တယ်။ အဲ့တာကြောင့် အစ်ကိုနီးစပ်ရာဆိုင်မှာ အမြန်သွားပြကြည့်လိုက်ပါခင်ဗျာ။
မေး - အစ်ကိုရေ မင်္ဂလာပါ။ ကျွန်တော်က Xiaomi ဖုန်း User တစ်ယောက်ပါ။ ကျွန်တော်အခု Xiaomi Redmi Note 2 ကို ကိုင်ထားပါတယ်။ Xiaomi ရဲ့ Mini က အရမ်းသုံးလို့ ကောင်းပါတယ်။ ကျွန်တော်သိချင်တာက Mini Version ကို ဖုန်းထဲက မြှင့်လို့ရသလားခင်ဗျာ။ မြှင့်ရင် ဘာ Error ဖြစ်နိုင်ပါသလဲ။
ဖြေ - Xiaomi ဖုန်းတွေကို Update လုပ်နည်းတွေကတော့ အများကြီးရှိပါတယ်။ ကွန်ပျူတာမရှိသူများလည်း အဆင်ပြေအောင် အလွယ်ဆုံးနည်းလေးတစ်ခုကို ပြောပေးပါမယ်။ အခုနည်းကို သုံးမယ်ဆိုရင်တော့ Wi-Fi Internet (or) Mobile Data တစ်ခုခုရှိမှ ရမှာပါ။ Internet လိုင်းဖွင့်ပြီး Screen ပေါ်မှ Updater ထဲဝင်ပါ။ Check Updates ကိုနှိပ်ပြီး Updates လုပ်နိုင်ပါတယ်။ Updates ရှိခဲ့ရင် Download ကို နှိပ်ပေးလိုက်ပါ။ ပြီးတာနဲ့ Reboot Now ကို နှိပ်ပေးလိုက်ရင် Update File တွေကို သူ့ဖာသာသူ Install လုပ်ပေးသွားပြီး Power ပြန်တက်လာရင် ရပါပြီ။ Xiaomi ဖုန်းတွေအားလုံးကိုလည်း ဒီနည်းအတိုင်း Update ပြုလုပ်နိုင်ပါတယ်။
မေး - အစ်ကိုရေ ကျွန်တော့်ရဲ့ iPhone 6 လေး Network Searching ဖြစ်နေလို့ပါ။ အရင်တုန်းက အားမခံလို့ဆိုပြီး Battery လဲပြီးကတည်းက ဖြစ်သွားတော့ ဖုန်းတော့ ပြောလို့ရတယ်။ Network တိုင်းမှာတော့ Searching ပြနေတယ်။ ဘယ်လိုဖြေရှင်းရမလဲ မသိဘူးဗျ။ ကူညီပေးပါဦး အစ်ကို။
ဖြေ - အစ်ကိုရေ ဒီလို Error မျိုးက Date and Time မှားလို့ ဖြစ်တာပါ။ Date and Time ကိုသာ ပြန်ချိန်ပေးလိုက်ပါ။ အဆင်ပြေသွားမှာပါ။ မရခဲ့ဘူးဆိုရင်တော့ နီးစပ်ရာ Service ဆိုင်ကိုသာ ပြကြည့်ပါခင်ဗျာ။
မေး - Huawei ဖုန်းတွေမှာ ဖုန်း Sim Card Lock ကျသလိုလို၊ Phone Password Lock ကျသလိုလိုနဲ့ အဖြစ်များနေပါတယ်။ အစ်ကိုတို့ဆို ဘယ်လိုရှင်းမလဲ။
ဖြေ - အဲ့ဒီလို Error မျိုးဖြစ်နေပါက Firmware ပြန်တင်ရုံနဲ့ မရပါ။ အဲ့လို Error မျိုးတွေက Version 4, 5 တွေမှာ ပါလာတတ်ပါတယ်။ Anti Lock လို့ ခေါ်ပါတယ်။ ထို Lock ကို ဖြေချင်ပါက Box Crack နဲ့ ဖြေလို့ရပါတယ်။
မေး - အစ်ကို ကျွန်တော့်ဖုန်းက Virus ကိုက်နေပါတယ်။ Wi-Fi တွေ Auto ပွင့်နေတာတို့၊ Data တွေ Auto ပွင့်နေတာတို့ဗျာ။ ပြီးတော့ Download တွေပါ Auto ဆွဲနေသေးတယ်။ ခုဆို Unfortunately တွေ Hastopped တွေပါ ပြနေပါတယ်။ ဘယ်လိုမှသုံးလို့ အဆင်မပြေတော့ပါဘူး။ Hardreset လည်း ချပြီးပြီ။ အဆင်မပြေဘူးဖြစ်နေတယ်။ အဲ့တာလေး ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။ ကူညီပါလားဗျာ။
ဖြေ - ဟုတ်ကဲ့။ ဒီပြဿနာတွေဖြစ်နေပြီဆိုရင်တော့ တော်တော်အခြေအနေဆိုးနေပါပြီ။ တစ်ချို့ဖုန်းတွေကတော့ Firmware Flashing လုပ်ပြီး အဆင်ပြေသွားတာတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်ချို့ဖုန်းတွေကျတော့လည်း Firmware Flashing ပြန်လုပ်တာတောင် အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် အစ်ကို့ရဲ့ဖုန်းကို Virus အရင် သတ်ပေးရပါမယ်။ Virus သတ်ဖို့အတွက် အစ်ကို့ရဲ့ဖုန်းက Root Accept ရှိရပါမယ်။ Virus Killer တွေကတော့ အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ Ghost Push Killer ဆိုတဲ့ Software လေးကို အသုံးပြုပြီး Virus တွေကို Kill ပါတယ်။ MPPG က ကိုဖြိုးညီညီ ဖန်တီးထားတာပါ။ Virus Kill ပြီးပြီဆိုရင်တော့ အစ်ကိုတို့ရဲ့ System ကို ကိုက်နေတဲ့ Virus တွေ မရှိတော့ပါဘူး။ ဒါပေမဲ့ Virus ကိုက်ထားတဲ့ System File တွေ ရှိမှာမဟုတ်တော့ပါဘူး။ ဒါဆို Firmware ပြန် Flashing လိုက်ရင် အဆင်ပြေသွားပါပြီ။