Mobile ဖုန်း ၁လုံး ကို ဘယ်လို ရွေးကြမလဲsteemCreated with Sketch.

in #mobile7 years ago

မင်ဂလာပါ ကျွန်တော် အခု ပြောပြချင်တာတော့ Mobile ဖုန်း ၁ လုံး ကို ဘယ်လို ရွေးကြမလဲ ဆိုတာလေး. ကျွန်တော် Personal Preference အပေါ် အခြေခံပြီး ပြောပြသွားပါမယ်. ကျွန်တော် ဟာ Xiaomi Fan တယောက်ပါ. ဆိုတော့ Xiaomi Phones တွေ အပေါ်မှာ အခြေခံပြီး ပြောသွားမှာ ပါ. Xiaomi company ဆီ က လည်း ဘာမှ မရပါဘူး. အဲ့ လို ရအောင် လည်း ကျွန်တော် ကိုယ်တိုင် က လည်း ဘာမှ မဟုတ်ရပါဘူး. :D.
ကျွန်တော် ပထမဆုံး စဉ်းစားတာတော့ Price ပေါ့. Price ကို ကိုယ်က ဘယ် လောက်သုံးမယ် ဆိုတာ အရင်သိရပါမယ်. ပြီးတော့ ဖုန်း ၁ လုံးကို ဘယလိုအထိ သုံးမလဲ ဆိုတာရယ်. ကိုယ်သဘောကျနိုင်တဲ့ အခြေအနေ အကုန် အဖက်ဖက် ကို စဉ်းစားရပါမယ်.
ကဲ ကျွန်တော် တို့ Price ကို တော့ ဒီလောက် သုံးမယ်. ရွေးပြီးသွားဘီပေါ့. ကိုယ် ဘာ Features တွေ လိုချင်တာလဲ. ဓာတ်ပုံ ရိုက်ချင်တာ အဓိကလား. Game ကစားမှာလား. တော်ရုံ Facebook တို့ web browsing တို့ လောက်ပဲ သုံးမှာ လား. Screen size က ကော ကိုယ်ဘယ်လောက် ဆို ကိုယ့် အတွက် အဆင်ပြေမလဲ. ဖုန်း မျက်နှာပြင် ကြီးတာတော့ ကောင်းပါတယ်. ဒါပေမယ့် Daily use မှာ ကြတော့ တချို့ အခက်အခဲလေး တွေ ရှိတတ်ပါတယ်. အမြဲ ကိုယ်နဲ့ အတူ ရှိနေနိုင်တဲ့ device ဆိုတော့. အဲ့ဒါ သိဘီ ဆိုရင် တော့ Brand ကို ရွေးရပါမယ်. ကိုယ် က Iphone IOS သုံးချင်တာလား Android Os သုံးချင်တာလား. Download လုပ်တာတို့ သီချင်း နားထောင်ဖို့ ဆိုရင်တော့ Android က ပိုပြီး အဆင်ပြေနိုင်တာပေါ့.
ကျွန်တော် က တော့ Android Fan ဆိုတော့ Android အသားပေး ပြောပြသွားမှာ ပါ. ကျွန်တော် အနေနဲ့ ဆိုရင် Phone ၁ လုံးမှာ လိုချင်တဲ့ Features တွေ က Metal Body ဖြစ်ရမယ်. ကျွန်တော် က စည်းကမ်း မရှိတတ်သူ ၁ ယောက် မို့ပါ. Battery ခံရမယ်. ကျွန်တော် battery အားသွင်းဖို့ ပျင်းတဲ့ သူတယောက်ပါ. :D . Game လည်း ကြီးကြီးမားမား ကစားတာ မ၇ှိဘူး. တော်ရုံ Facebook လေး သုံးမယ် Messenger လေး နဲ့ ချက်မယ်. ဒီလောက် ပဲ ဆို ကျွန်တော် အတွက် က အဆင် အပြေဆုံး နဲ့ သဘော အတွေ့ ဆုံး က Xiaomi Budget phone (Redmi Series) တွေ ပါပဲ. အခုဆို Xiaomi က နောက်ဆုံး ထွက်ထားတဲ့ Redmi Note 5 Pro ဆို တော်တော် သဘောကျတယ်. ကျွန်တော် သဘောကျတဲ့ Metal Body. 4000mAh battery screen size က လည်း 18:9 5.99 inches နဲ့ ဆိုတော့ နောက်ဆုံး ပေါ်ပြူလာ ဖြစ်နေတဲ့ ရှည်ရှည် screen လေး နဲ့ ဆိုပါတော့. Face Unlock က လည်း ပါလိုက်သေးတယ်. Dual Camera နဲ့. သူက Budget phone ပေမယ့် Camera ပိုင်းကို တော်တော် ကောင်းအောင် လုပ်ထားတယ် ပြောတယ်. Review တွေ ဖတ်ကြည့်ရတာ.Camera က တော့ ကျွန်တော် အတွက် အရေးမကြီးပါဘူး. ပြီးတော့ Xiaomi မှာ သုံး တာမှာ သဘော ကျတာ နောက် ၁ ခု က သူ့ Customized OS MIUI ပဲ ဗျ. Features တွေ တော်တော် စုံတော့လေ. အင်း ဒါပေမယ့် MIUI က စစချင်း သုံးတဲ့ သူတွေ အတွက်တော့ နဲနဲ အခက် အခဲ လေး ရှိပေမယ့် နောက်ပိုင်း သုံးနေကျ ဖြစ်သွားရင် သူ့ OS အကြောင်းလေး နဲနဲ နားလည် သွားရင် အရမ်း သုံးလို့ အဆင်ပြေတဲ့ OS လေး ဖြစ်ပါတယ်. သုံးထား တဲ့ CPU က လည်း Snapdragon 636 ဆိုတော့ Budget chipset ထဲ မှာ မှ နောက်ဆုံး ထွက် အကောင်းဆုံး Chipset ဗျ. Antutu Benchmark မှာ က အစ 100000 ကျော် ရထားတာ ဆိုတော့ နဲနဲ နောနော မှ မဟုတ်တာ. RAM က လည်း DDR 4 ကို မှ 6 GB နဲ့ဆိုတော့ တော်တော် လေး ကို ပြည့်စုံတယ်လို့ ကို ပြောလို့ ရပါတယ်. Price က လည်း Basic Model က 230 နဲ့စတာဆိုတော့ မဆိုးဘူး. ကျွန်တော် တို့ မြန်မာပြည်ထဲ တော့ မ၀င်သေးပါဘူး. အင်း စစ ၀င်ချင်းချင်း တော့ 350000 ကျပ်လောက် မှန်းထားကြတယ်. နောက် ၁ ခု ရှိတာက Xiaomi ၀ယ်ချင်ရင် ထွက်ထွက် ချင်း မ၀ယ်ဖို့ ပါပဲ. ပြီးရင် ၂ လ လောက် ကို Price က ပြုတ်ကျတာ ၃ ချိုး ၁ ချိုး လောက် ရှိတော့ ခနလေး တော့ စောင့်ပြီး မှ ၀ယ်စေချင်ကြောင်း.
Xiaomi-Redmi-Note-5-and-Redmi-Note-5-Pro-Forums-now-Open-1.pngdownload (1).jpg

Sort:  

အဟီး mobile phone ဘယ်လို ရွေးကြမလဲ ရေးတာ Xiaomi ဖတ် ရောက်သွား ပြန် ပကောလား ... :D

ဟုတ်. ကျွန်တော် လည်း ရေစိုခံ ဖုန်းတွေ သဘောကျတယ်ဗျ. ဒါပေမယ့် သူတို့ က Back ကို Glass နဲ့လာလို့ ညီမလေး

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 61015.50
ETH 2395.46
USDT 1.00
SBD 2.64