ကုန်းဘောင်ခတ်က လူမျောက်မိသားစု

in #mmlegendb87 years ago (edited)

ကုန်းဘောင်ခတ်လူမြောက်အကြောင်းကို လူထုဒေါ်အမာ /ဒဂုန်ခင်ခင်လေး/ဦးစိန်မောင်ဦး/မြကေတု/မောင်သန်းဆွေ(ထားဝယ်)တို့ မှရေးသားထုတ်ဝေခဲ့ပါတယ်

ပထမဆုံးလူမျောက်ဟာ ဦးရွှေမောင်ဖြစ်ပီး၁၇၉၆မှာမွေးဖွားတယ်လို့ လူထူဒေါ်အမာဆောင်းပါးမှာဖတ်ရပါတယ်။စော်ဘွားတယောက်က အမွှေးမျှင်တွေနဲ့ထူးဆန်းတဲ့ကလေးမို့  ဘုရင်ကိုဆက်သခံရပြီး ဦးရွှေမောင်ဟာ နန်းတွင်းပျော်တော်ဆက်အဖြစ်နဲ့ကြီးပျင်းလာခဲ့ရပါတယ်။

နန်းတွင်းမှာ မျောက်ကဖြင့်ဖျော်ဖြေရင်းအသက်၂၂နှစ်မှာဘုရင်က လှတဲ့နန်းတွင်းသူနဲ့လက်ထပ်ပေးပြီးသားသမီးမိန်းကလေး၎ဦးထွန်းကားခဲ့ပါတယ်။ဦးရွှေမောင်၏မိဘဆွေမျိုးများထဲတွင်လည်းအမွှေးမျှင်ထူသူတဦးမှမပါဟုသိရပါတယ်။

ပထမနှင့်ဒုတိယသမီးများမှာငယ်စဉ်ကပင်ဆုံးသွားခဲ့ပီး တတိယသမီးမှာဇနီးသည်နှင့်တူပြီး နောက်ဆုံးသမီးမှာတော့ဦးရွှေမောင်ကဲ့သို့ အမွှေးမျှင်များထူစွာဖြင့် ဦးရွှေမောင်၏အမွေဆက်ခံသူလည်းဖြစ်ခဲ့ပါတယ်။သူမမှာ မဖုံးဟုသိရပါသည်။

မဖုံးကိုအီတလီလူမျိုးတယောက်ကလက်ထပ်ပြီး ပြည်ပခေါ်ရန်ကြိုးစားခဲ့ပေမယ်
သီပေါဘုရင်ကခွင့်မပြုသောကြောင့် မြန်မာပြည်မှာနေထိုင်ရင်း သားသမီး၃ဦးထွန်းကားခဲ့ပါတယ်။မဖုံးရဲ့သားသမီး၂ဦးဟာမဖုံးကဲ့သို့ အမွှေးမျှင်များပြည့်နှက်နေပြီး မောင်ဖိုးဆက်နှင့် မမိဟု အမည်ပေးထားပါသည်။သူတို့ မိသားစုသည်
ထူးဆန်းတဲ့မိသားစုအဖြစ်ဖြင့် နိုင်ငံခြားသားများထံ အခကြေးငွေရယူကာ အသက်မွေးဝမ်းကြောင်းခဲ့ကြပါတယ်။ကြည့်ရှုသူတဦးလျှင် ရူပီးငွေ၄၀ကောက်ခံပါတယ်။

ဦးရွှေမောင်ကတော့ လူဆိုးဓားမြများ၏သတ်ဖြတ်ခြင်းခံရတယ်လို့ ဖတ်ရပါတယ်။
သီပေါဘုရင်နန်းကျတော့ မဖုံးတို့ မိသားစုဟာလည်း တောတွင်းသို့ ပုန်းရှောင်ကြပါတယ်။မောင်းဖိုးဆက်ဟာ မျက်စိမမြင်တော့တဲ့မိခင်မဖုံးကို ကုန်ပိုးထွက်ပြေးရှာပါတယ်တဲ့။တောထဲတွင်ဒုက္ခရောက်နေစဉ် သီပေါဘုရင်လက်ထက်ကအမှုထမ်းခဲ့သော အီတလီလူမျိုးကပ္ပတိန် ပေပါနိုကတွေ့ပြီးကယ်တင်ခဲ့ပါတယ်။

ကပ္ပတိန်ပေပါနိုက ဥရောပပို့ ရန်စီစဉ်ခဲ့ပါတယ်။မမိဟာ ၁၈၈၆ဇွန်လမှာ ကွယ်လွန်ခဲ့ပြီး ကျန်သားအမိကတော့ ထိုနှစ်မှာအင်္ဂလန်ကိုရောက်သွားခဲ့ပါတယ်။မဖုံးဟာ အသက်၆၂အရွယ်မျက်မမြင်ဘဝဖြင့် ဆပ်ကပ်တွေမှာလိုက်လံဖျော်ဖြေရင်း ၁၈၈၈ခုနှစ်ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ဆုံးပါးခဲ့ပါတယ်။
မြန်မာထုံးစံအတိုင်း သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

မောင်ဖိုးဆက်ကတော့ အိမ်ထောင်ပြုပီး သူ့ မိန်းမနဲ့အတူ ဆပ်ကပ်တွေမှာလိုက်လံဖျော်ဖြေခဲ့ပါတယ်။မောင်ဖိုးဆက်ဟာ အမွှေးများထူနေသော်လည်း ခါးအောက်မှတကိုယ်လုံးကိုထိုးကွင်းမှင်ကြောင်များထိုးထားပါသည်။သူ့ ဇနီးမှာလည်း နန်းတွင်းအပျော်တော်တဦးဟုသိရပါတယ်။

မောင်ဖိုးဆက်အကြောင်းနောက်ဆက်တွဲကို ၁၈၉၄မှာထုပ်ဝေသော world's Columbian Dental Congress Volume 1 မှာ ရေးသားထားတာကတော့ မောင်းဖိုးဆက်ရဲ့သွားကို စစ်ဆေးကြည့်ဘို့  စီစဉ်သူတွေကလက်မခံခဲ့ဘူးလို့ ဖော်ပြထားပါတယ်။နောက်ပိုင်းမှာ မောင်ဖိုးဆက်တို့ ပျောက်ကွယ်သွားတယ်လို့ လဲသိရပါတယ်။

Credit # all authors
Credit #Photos image image image image image image image

Sort:  

Rare photos and content

ဟုတ်
မသိသေးတဲ့သူတွေကို ပြည့်လို သိစေချင်တဲ့ဆန္ဒနဲ့ မျှဝေပေးတာပါရှင်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64349.20
ETH 2673.53
USDT 1.00
SBD 2.83