Semiprecius Stone , Myanmar

in #mmgroup9 years ago (edited)

FB_IMG_1499412925771.jpg
ကျနော် ယခု တင်ပြမည့်
အကြောင်း အရာများ ထဲမှ အချို့ သည်
မိတ်ဆွေများ ၏ ဘဝ အတွက် တစိတ် တပိုင်း
အပိုင်းအစ အနည်းငယ် အထောက်အပံ့ ပြုစေခြင်း ကို
ရည်ရွယ်၍ တင်ပြအပ်ပါသည်

ဆင်းရဲပင်ပန်းစွာ ဖြင့် နှစ်ကာလ တာရှည်
လေ့လာထားသော တွေ့ဆုံ ခဲ့ရသော အချက်များ ကို
အခြေပြု ၍ တင်ပြရခြင်းလည်း ဖြစ်ပါသည်
သိထားပြီးသူများ အတွက် ဘာမှ မဟုတ်သော်လည်း
မသိရသေးသူများ အတွက် အထောက်အပံ့ တစ်ခု
ပေးနိုင်မည် ဟု ယုံကြည်မိပါသည်

Public community tourism ကဏ္ဍ ဖွင့်ဖြိုးလာခြင်း နှင့်အတူ
အမှတ်တရ အရောင်းဆိုင်များ
လက်မှု ကျောက် အချောထည်များ ကို ဆိုင်ဖွင့်လှစ် ရောင်းချလိုသူများ
အရေအတွက် ပမာဏ များစွာ ရယူလိုသူများ
ဖေါက်သည် ဈေး လက်ကားဈေးဖြင့် ရယူလိုသူများ အတွက်
ကျနော့် အတွေ့ အကြုံ များကို အခြေခံ၍
ပြန်လည်မျှဝေ ရပါသည်။
FB_IMG_1499413112245.jpg
၁ ကျောက်စိမ်း မြစ်ဆုံကျောက် နှင့် ပါတ်သက်သော
အချောထည်များ

ဆွဲကြိုး လက်ပတ်ကြိုး ပုတီးစေ့ အမျိုးမျိုး ရုပ်ထု အမျိုးမျိုး
အခြား လက်မှု အသုံးအဆောင်ပစ္စည်းများ ကို
စစ်ကိုင်းမြို့ တွင် များစွာ ရယူနိုင်ပါသည်
ရပ်ကွက် နှင့် ကျေးရွာ ၂၀ ခန့် အခြေပြု၍ ကျောက်စိမ်း ပုတီး ကို
အဓိကထားလျှက် လုပ်ငန်းရှင် ၇၀၀၀ ခန့်
လုပ်သား ၅၀၀၀၀ ခန့်ဖြင့် တစ်မြို့ လုံး၏ တဝက်ခန့် မှ
လုပ်ကိုင်ကြပါသည်

ကျောက်စိမ်း ပုတီးစေ့များကို ငါးထပ်ကြီး ဘုရားလမ်း
ဘော်ဂါ ကျောက်ဝိုင်း တွင် နေ့စဉ် အလုံးရေ သိန်းချီ၍
ရယူ ဝယ်ယူနိုင်ပါသည်
ထို့အပြင် ရပ်ကွက် အသီးသီး ၏ အိမ်တိုင် ရာရောက်
သွားရောက် လေ့လာ၍ ဆွဲကြိုး လက်ပတ် ရုပ်ထုများလည်း
ရွေးချယ် ရယူနိုင်ပါတယ်

ပန်းပု အမျိုးမျိုး နှင့် ပါတ်သက်၍
ဇေယျာ ကွက်သစ်
ရွာထောင် ရပ်ကွက်
ရွှေမင်းဝံရပ်
တကောင်းရပ်
တောင်သူကုန်းရပ်
ကန်းနားလမ်း ရပ်ကွက်များ
စသည်တို့တွင် ပန်းပု အလုပ်ရုံများစွာ
တွေ့နိုင်ပါတယ်

မြစ်ဆုံကျောက် နဲ့ ပါတ်သက်ရင်
စစ်ကိုင်း တပ်မ ၃၃ အနီးက ပြူ ကံ ရပ် ကျောက်ဆစ်ရပ် မှာ
အရိုင်းတုံးများ စွာလည်း ဝယ်ယူနိုင်ပါတယ်
တရပ်ကွက်လုံး နီးပါး လုပ်တယ်လို့ ပြောနိုင်ပါတယ်
ပုတီး လက်ကောက်များ များစွာ ထုတ်လုပ်ပါတယ်
အခြားရပ်ကွက်များ မှာလည်း လုပ်ငန်းရှင် အနည်းငယ်စီ ရှိပါတယ်
အလုံးရေ သိန်းချီသော ပမာဏ နေ့စဉ် ထုတ်လုပ်ပါတယ်

မန်းလေးမြို့ တွင် ကျောက်စိမ်း နဲ့ပါတ်သက်၍
အချောထည် ထုတ်နေခြင်း ကို လူတိုင်းသိထားသည်မို့ မတင်ပြတော့ပါ။
FB_IMG_1499405058796.jpg

၂ ချင်း ပုတီး ခေါ် လက်ရေးပျူ ပုတီးများ
အင်ကြင်းကျောက် ပုတီးစေ့များ လက်ကောက်များ
အင်ကြင်းကျောက် အချောကိုင် အရောင်တင်တုံးများ

အထက်ပါ အချောထည်များ ကို
မန်းလေးတိုင်း မြင်းခြံ ခရိုင် နွားထိုးကြီး မြို့ အနီး
ဝတီး ပျူ မြို့ဟောင်း ဖြစ်သော ဘုရားကြီး ကျေးရွာ မှာ
လုပ်ငန်း ရှင် ဦးရေ ၁၀၀ ခန့်မှ နေ့စဉ် ထုတ်လုပ်နေပါတယ်
လွန်ခဲ့သော နှစ် ၁၀၀ ကျော် ခန့် မှ ယနေ့အထိ
အဲဒီရွာ ရဲ့ ထင်ရှားလှတဲ့ ထုတ်ကုန်ဟာ
ချင်းပုတီး ခေါ် ဆေးရေး ပျူ ပုတီးတောင့် များလည်း ဖြစ်ပါတယ်

ဒေသထွက် အင်ကြင်းကျောက်များ ကိုလည်း
ပုတီးစေ့ ဆိုဒ် အမျိုးမျိုး အရည်အသွေး အမျိုးမျိုး တို့ကို
နေ့စဉ် ထုတ်လုပ်နေတာမို့
သိန်းချီသော အရေအတွက်အထိ
ရယူ ဝယ်ယူနိုင်သော နေရာ တစ်ခုလည်း ဖြစ်ပါတယ်

အင်ကြင်းကျောက် လက်ကောက် နှင့်
အချောတင် အရောင်တင်တုံးများ ကိုဖြင့်
နွားထိုးကြီး မြို့ ပေါ်မှာ လုပ်ငန်းရှင် ၅၀ ခန့် လုပ်ကိုင်နေတာမို့
အရေအတွက်များစွာ အရည်အသွေး စုံလင်စွာရွေးချယ် ရယူနိုင်ပါတယ်။
FB_IMG_1499412958496.jpg

၃ ဆိုင်များ အတွက် လိုအပ်သော
ကြိုး ချိတ် ဘူး ဆိုင်ခင်း ပစ္စည်များ

အထက်ပါ ပစ္စည်းများစွာ ကို
မန်းလေးမြို့ ကျောက်ဝိုင်း မြောက်ဘက် တိုက်တန်း မှ
စွမ်း ထက်သာ စတိုး
၈၁ လမ်း ၃၅ လမ်း မှ ဖူလုံ စတိုး
ကျောက်ဝိုင်းမြောက်ဘက် မှ သာဖူး စတိုး တို့မှာ
အရေအတွက်များစွာ အမျိုးအမည်များစွာ
ရယူနိုင်ပါတယ်
အခြားသော ကျောက်ဖြတ် လုပ်ငန်းသုံး
ပန်းပုလုပ်ငန်းသုံး
ပန်းတိမ် လုပ်ငန်းသုံး အပါအဝင်
ဖေါ်ပြရန်ပင် မစွမ်းသာလှသော ကျောက် အချောထည် လုပ်ငန်းနှင့်
ဆက်စပ်သော
အရောင်းဆိုင်လုပ်ငန်း နှင့် ဆက်စပ်သော ပစ္စည်းများ ကို
စွမ်း ထက်သာ စတိုး တွင် များစွာ ရယူနိုင်ပါတယ်
လိုအပ်သော အခြား ဆက်စပ်ပစ္စည်းများကိုလည်း
ပြည်ပ မှ စက်ရုံဈေး အတိုင်း တိုက်ရိုက် မှာယူပေးတယ်လို့လည်း
သိရပါတယ်

ဒါဆို ခင်ဗျား ဆီမှာကော
ဘာတွေ ရသလည်းလို့ သိချင်ပါလိမ့်မယ်

ကျနော့် အနေဖြင့်
စစ်ကိုင်းတိုင်း အတွင်း ထွက်ရှိသော
ဒေသထွက် တွင်းထွက်ကျောက်များ ကို
အခြေခံ ထုတ်လုပ်ထားသော
အချောထည် အမျိုးအမည် ၅၀ ခန့် ကို
လက်လီ လက်ကား အဖြစ်
နိုင်သလောက် ထုတ်လုပ် ရောင်းချနေပါတယ်ပမာဏများစွာ အရေ အတွက်များစွာ
ရယူလိုပါက လည်း လာရောက်တွေ့ဆုံ ညှိနှိုင်းပြီး
ဆောင်ရွက်နိုင်ပါကြောင်း လေးစားစွာ
တင်ပြအပ်ပါသည်။
FB_IMG_1499412948337.jpg

ဆန်းမိုးအောင် မုံရွာ

#myanmar#photoFB_IMG_1499412790958.jpgFB_IMG_1499405071679.jpg

Sort:  

I like Molech the owl!

Thanks you fri

Nice post bro

Thank you fri

စိတ်ဝင်စားစရာကောင်းတယ်ဗျ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 64150.00
ETH 1866.15
USDT 1.00
SBD 0.35