လူငယ်နှင့် သမိုင်း

in #mm7 years ago

လူငယ်နှင့်သမိုင်း


     ခေါင်းစဉ်ကြည့်ပြီး   ကြီးကြီးကျယ်ကျယ်ရယ်လို့တော့

နှာခေါင်းမရှုံ့လိုက်ပါနဲ့ သမိုင်းကြောင်းတွေ အားလုံးကိုတော့ ကျနော်လည်း မသိပါ သို့သော် ကျနော်တို့မှာ သမိုင်းတွေရှိခဲ့သည် ကျနော်တို့နိုင်ငံသည် လူဦးရေ နည်းပါးသော်လည်း လူဦးရေ သန်းထောင်ကျော်လောက်ရှိသည့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားက မြေကွက်လေးပေါ်မှာ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာ ကိုယ်ပိုင်ကဗျာ ကိုဟ်ပိုင်ဂီတ ကိုယ်ပိုင်သမိုင်းတွေနဲ့ ရပ်တည်ရှင်သန်လာခဲ့တာ
ပျူ ဗိဿနိုး သရေခေတ္တရာ ပုဂံ ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် မှသည် ယနေ့မျက်မှောက် ဒီမိုကရေစီခေတ်ထိပင် ယနေ့ခေတ်လူငယ်တော်တော်များများသည် ကိုယ့်နိုင်ငံ၏ သမိုင်းကြောင်းများကို သိပ်စိတ်မဝင်စားကြ သမိုင်းတွေက ပြင်းစရာကောင်းသည်ဟု ထင်နေကြသည် ဘယ်လောက်ထိ ဆိုးရွားလာသလဲဆိုလျှင်
channalတစ်ခုတွင်
ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်း၏ အမေနာမည်ကို လွဲဖြေခဲ့သည့်အထိပါပဲ
ကိုယ့်သမိုင်းကိုယ်မရေးခဲ့သည့်သူများသည် ကိုယ့်တန်းဖိုးကိုယ်မသိသလိုပါပဲ ကိုယ့်နိုင်ငံငံ၏သမိုင်းကိုမသိသူသည်လည်း ကိုယ့်နိုင်ငံ၏တန်ဖိုးကို တန်းဖိုးရှိမှန်း သိတော့မှာ မဟုတ်ပါဘူး အရာဝတ္ထုတစ်ခုဟာ တန်းဖိုးမထားတော့ဘူးဆိုလျှင် အမှိုက်ဖြစ်သွားတော့မည်
တဖြေးဖြေးကွယ်ပျောက်သွားရတော့မည် သမိုင်းကို ကျနော်တို့လူငယ်တွေမှ မသယ်ဆောင်နိုင်ဘူးဆိုလျှင် မြန်မာဆိုသည့် ပုံရိပ် ကမ္ဘာမြေပြင်ပေါ်ကနေ ထွက်ခွာသွားရပေမည် သမိုင်းကိုတန်ဖိုးထားခြင်းသည် အတိတ်ကို လွမ်းနေတာမဟုတ် ပဒေသရာဇ်ခေတ်ကို ပြန်တမ်းတနေတာလည်းမဟုတ် အတိတ်က ပေးသည့် သင်္ခန်းစာတွေ ယူပြီး အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ပင် ရှေးလူတွေ သမိုင်းကိုလက်ဆင့်မကမ်းနိုင်ခဲ့ဘူးဆိုလျှင် မြန်မာဆိုတာ ကျနော်တို့ သိမှာတောင် မဟုတ်ပါဘူး
ရှေ့ကလူတွေ မှတ်မှတ်ရရ မှတ်တမ်းတင်မထားခဲ့ဘူးဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကိုသိမှာမဟုတ်သလို
မြန်မာနိုင်ငံနောက်ဆုံးမင်း သီပေါလည်း သိမှာမဟုတ်တော့ပါဘူး ကျနော်တို့ခေတ် လူငယ်အချို့က ဒါတွေမသိဘူး သမိုင်းတွေ စိတ်မဝင်စားဘူးဆိုရင်
နောက်ခေတ် လူငယ်တွေဆို ပိုဆိုးကုန်ပါလိမ့်မယ်
ဆရာကြီးဦးအောင်သင်းဆိုခဲ့သလိုပါပဲ
ကျနော်တို့ ကျောင်းမှာသမိုင်းဘာသာရပ်ကိုသင်ခဲ့တာ
မအ အောင်လို့ပါပဲ image

Sort:  

Interesting
I will follow you to see your future posts! +UP

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 61236.82
ETH 2672.65
USDT 1.00
SBD 2.61