MM Religion History

in #minnows7 years ago (edited)

မတ်​စွာဘုရား​ဟောကြား၊ကြီးပွားချမ်းသာ​ကြောင်း(၈)ပါးအပိုင်း၂
Hfs familyအားလုံးမင်္ဂလာပါ။ပြီးခဲ့​သောpostမှာ​ရေးသားခဲ့​သောမြတ်​စွာဘုရား​ဟောကြားကြီးပွားချမ်းသာ​ကြောင်းတရား(၈)ပါးအားဆက်​လက်​​ရေးသားတင်​ပြ​ပေးသွားမှာဖြစ်​ပါတယ်​။မြတ်​စွာဘုရား​ဟောကြားခဲ့​သောကြီးပွားချမ်းသာ​ကြောင်းတရား(၈) ပါးမှဥဋ္ဌာနသမ္ပဒါမှာ-ထကြွလုံလဝီရိယနှင့်​ဘဝတွင်​​နေထိုင်​ရန်​ဖြစ်​ပါသည်​။ဘဝတွင်​​အောင်​မြင်​မှုများရရှိလိုလျှင်​ပျင်းရိ​လေးတွဲမ​နေပဲ၊တက်​တက်​ကြွကြွနှင့်​လုပ်​ကိုင်​​ဆောင်​ရွက်​ရပါမည်​။ထိပ်​ဆုံးသို​ရောက်​​နေ​သော​အောင်​မြင်​သူအများစုအားကြည့်​လျှင်​၊ထို​အောင်​မြင်​​သောဘဝမျိုးကိုအလွယ်​တကူရရှိလာကြသည်​မဟုတ်​ကြပါ။ချွေးနှင့်​​၊​သွေးနှင့်​ရင်​နှီး၍အကြံဥာဏ်​လုံ့လဝီရိယစိုက်​ခါ၊ကြိုးစားခဲ့သူများဖြစ်​သည်​ကို​တွေ့ရမည်​ဖြစ်​သည်​။ပျင်းရိ​လေးတွဲ၍​ရေသာခိုအ​ချောင်​လိုက်​ချင်​စိတ်​ရှိသူမျာအတွက်​ဘဝမှာ​အောင်​မြင်​မှုကို၊ဘယ်​​သောအခါမှမရရှိနိုင်​ပါ။လူအများ​ပြော​နေကြ​သောကံ၊ဥာဏ်​၊ဝီရိယ(၃)ပါးရှိရာတွင်​၊ဝီရိယသည်​ထိပ်​ဆုံးမှအ​ရေးကြီးဆုံးဖြစ်​၏။အဘယ်​​ကြောင့်​ဆို​သော်​ဝီရိယမကူလျှင်​ကံလဲမထူနိုင်​သလို၊ဥာဏ်​လဲမကူညီနိုင်​ပါ။![FB_IMG_1507365590481.jpg](https://res.cloudinary.com/hpiynhbhq/image/upload/v1518618777/tyypb4ycgq68yy43lrpc.jpg)ဗုဒ္ဓဘာသာလူမျိုးများတွင်​ကြိုးစားလျှင်​၊ဘုရား​တောင်​ဖြစ်​နိုင်​သည်​´´ဟူ​သောဆိုရိုးစကား​လေးရှိပါတယ်​။ကံ​ကောင်း၊ဥာဏ်​​ကောင်းလျှင်​ဘုရားဖြစ်​နိုင်​သည်​´´ဟုဆိုရိုးစကားမရှိပါ။အရာရာမှာ​အောင်​မြင်​လိုလျှင်​ဝီရိကို​ရှေ့တန်းတင်​၍ထကြွလုံ့လပြမှဖြစ်​​ပေမည်​။ကြီးပွာချမ်းသာ​အောင်​မြင်​လိုလျှင်​၊မည်​သည့်​အခါမှမပျင်းမရိပဲဇွဲလုံ့လထားပြီး၊မိမိရည်​မှန်းချက်​​အောင်​မြင်​မှုပန်းတိုင်​ကို​ရောက်​ရှိရန်​၊မဖြစ်​မ​နေ၊မရမ​နေစိတ်​ထားမျိုး​မေွးမြူရပါမယ်​။ထိုကဲ့သိုကျင့်​ကြံအားထုတ်​လိုက်​နာ​ဆောင်​ရွက်​ခြင်းသည်ပင်​မြတ်​စွာဘုရား​ဟောကြားခဲ့​သောကြီးပွားချမ်းသာ​ကြောင်းဥဋ္ဌာနသမ္ပဒါတရား´´ပင်​ဖြစ်​၏။ကျန်​ရှိ​နေ​သေး​သောကြီးပွားချမ်းသာ​ကြောင်းတရားများအား​နောက်​အပိုင်းများတွင်​ဆက်​လက်​​ရေးသာတင်​ပြ​ပေးပါမည်​။Hsf familyအဖွဲ့ဝင်​အားလုံးကိုယ်​စိတ်​၂ပါးကျန်းမာချမ်းသာပါ​စေ​ကြောင်း၊ဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ။ကျမ်းကိုး-အဂုင်္တ္တရနိကာယ်​``ဒီဃဇာဏုသုတ္တန်​´´
Photo-google
Writing by @komoewai

Sort:  

You got a 8.26% upvote from @sunrawhale courtesy of @komoewai!

This service has been created with the help of @yabapmatt so please show your support by voting for him for witness!

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.033
BTC 63927.21
ETH 2754.83
USDT 1.00
SBD 2.65