H1N1    

in #minkhant9 years ago

H1N1 အတွက် အမျိုးသားအဆင့် စီမံချက်ရေးဆွဲပြီး ကာကွယ်ကုသမည်FB_IMG_1501051987979.jpg .....

Popular News Journal နေပြည်တော်၊ ဇူလိုင် ၂၆

H1N1 ကူးစက်ရောဂါသည် ပြည်သူလူထုကြားတွင် စိုးရိမ်မှုမြင့်မားနေပြီး အထိတ်တလန့် ဖြစ်ပေါ်နေသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဦးဆောင်ကာ နယ်ပယ်စုံမှပညာရှင်များပါဝင်သော အမျိုးသားအဆင့်စီမံချက်ရေးစွဲပြီး ကာကွယ်ခြင်းနှင့်ကုသခြင်းလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်သည်။

လာမည့် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ သူနာပြု တက္ကသိုလ်၌ကဏ္ဍအသီးသီးမှပညာရှင်များပါဝင်ပြီး H1N1 ကူးစက်ရောဂါအတွက် မည်ကဲ့သို့ကာကွယ်သွားမည်နှင့်ရောဂါဖြစ်ပွားနေသည့်လူနာများကို အမြန်ဆုံးရှာဖွေ ကုသပေးသွားမည်ဆိုသည့် အစီအစဉ်များကို အသေးစိတ်ဆွေးနွေးဆောင်ရွက်သွားမည် ဟုပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ရောဂါဖြစ်ပွားမှုအခြေအနေ အသေးစိတ်အပြင် ကာကွယ်ခြင်းကုသခြင်းစတဲ့ကိစ္စတွေအားလုံးကို ဝန်ကြီးဦးဆောင်ပြီး စီမံချက်ရေးစွဲမှာပါ၊ လတ်တလောပြည်သူတွေကြားထဲမှာ စိုးရိမ်စိတ်တွေ အရမ်းမဖြစ်ဖို့လိုပါတယ်၊ တအားကြီးစိုးရိမ်ရတဲ့အခြေအနေမဟုတ်ပါဘူး၊ လက်ရှိရောဂါဖြစ်ပွားနေတာကိုလည်း ကုသဖို့အတွက်ဆေးဝါးပစ္စည်းတွေ အလုံအလောက်ရှိနေပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွန်းအောင် ကဆိုသည်။

မြန်မာနိုင်ငံတွင် H1N1 ကူးစက်ရောဂါဖြစ်ပွားမှုတွေ့ရှိရပြီး သေဆုံးသူအချို့ရှိနေကြောင်းကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ အကြောင်းကြားအသိပေးခြင်းများကိုယခုတစ်ပတ်အတွင်း ဆောင်ရွက်သွားရန် စီစဉ်နေကြောင်းသိရသည်။

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် H1N1 ကူးစက်ရောဂါ အတွက် မြောက်ဥက္ကလာဝေဘာဂီဆေးရုံကြီးတွင် ကုသရန်စီစဉ်ထားပြီး အခြားဆေးရုံများနှင့်ရောဂါဖြစ်ပွားနေ သည့်သံသယလူနာများကိုလည်း အမြန်ဆုံးကုသမှုများပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများကို လေ့ကျင့်ပေးနေ ကြောင်း ပြည်သူ့ကျန်းမာရေးဌာနမှသိရသည်။

အောင်ပြည့်စုံ

Sort:  

Vote ပေးခဲ့သည်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 63769.82
ETH 1868.77
USDT 1.00
SBD 0.38