ကမ္ဘာ့အကောင်းဆုံး တိုက်ခိုက်ရေးရဟတ်ယာဉ် (၁၀) စီး အပိုင်း (1)

in #military6 years ago

ကမ္ဘာ့ အကောင်းဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေက ဘာတွေလဲဆိုတာ မိတ်ဆွေတို့သိချင်ကြမှာပါ...ကမ္ဘာ့အကောင်းဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် (၁၀) စီးကို Military-today & trendr ရဲ့ Data တွေ ပေါင်းစုပြီး တင်ပြထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်...ရဟတ်ယာဉ် တစ်စီးရဲ့ Data တွေ နိုင်းယှဉ်မှုတွေကို ငုင်းမှာ တပ်ဆင်ထားတဲ့ လက်နက်တွေ. ထိုလက်နက်တွေရဲ့ ပစ်အားတွေ...ရဟတ်ယာဉ်စစ်မြေပြင်မှာ စစ်ကစားနိုင်မှု...တိုက်ခိုက်ရေး စွမ်းအား...ထိကောက်မှု...ဒီဇိုင်းပုံစံတွေကို Analysis
လုပ်ပြီးတော့ အဆင့်တွေ ခွဲခြားထားကြတာပါ...
(10)Bell AH-1 Cobra
(9)Mil Mi-24 Hind
(8)Denel AH-2 Rooivalk
(7)Kamov Ka-52 Hokum-B
(6)Agusta A129 Mangusta
(5)Z-10
(4)Eurocopter Tiger
(3)Bell AH -1Z Viper
(2)Mil Mi-28
(1)Boeing AH-64 Apache တို့ဖြစ်ပါတယ်..ထိုရဟတ်ယာဉ်များအကြောင်းကို အောက်မှာ ဆက်လက်ဖတ်ရူပါ....

(10)Bell AH-1 Cobra

Bell AH-1 Cobra တွေဟာ အမေရိကန်လေတပ်မတော်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေပဲဖစ်ပါတယ်...1967မှာ Us Air Force အတွက် မိတ်ဆက်ခဲ့ပါတယ်...အင်ဂျင် နှစ်လုံးတပ် ရဟတ်ယာဉ်ဖြစ်ပြီးတော့ Blade နှစ်ထပ် တပ်ဆင်ထားပါတယ်...အခြားရဟတ်ယာဉ်များထက် ပုံစံခွဲထွက်ထားပြီး ရာသီဥတုမျိုးစုံမှာ စစ်ဆင်ဆောင်ရွက်နိုင်ပါတယ်...ရဟတ်ယာဉ် ရဲ့ကိုယ်ထဲကို အဆင့်မြင့် နည်းပညာများဖြင့် ကာကွယ်ထားပြီး လေကာမှန်များကို Night Vision ဖြင့် စစ်ကစားနိုင်အောင် တပ်ဆင်ပေးထာပါတယ်...ရဟတ်ယာဉ်ဟာ အနှောင့်အယှက် နှင့် အခြေအနေမျိုးစုံမှာ စစ်ကစားနိုင်ပါတယ်...
ရဟတ်ယာဉ်ကို multi barrel minigun, grenade Launcher , three Barreled Gating Cannon တွေတပ်ဆင်ထားပါတယ်...missile launcherနှစ်ခု နဲ့ rocket များ..စက်သေနတ်များကိုလည်း ထပ်မံတပ်ဆင်ထားပါတယ်...

(9)Mil Mi-24 Hind

Mil Mi-24 Hindဟာ Russia Air Force မှာအသုံးပြုနေပြီး RAF ရဲ့ အန္တရာယ်အရှိဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးလည်းဖြစ်ပါတယ်...
1972 ခုနှစ်အစောပိုင်းမှာ စတင်မိတ်ဆက်ခဲ့ပြီး Programs ပေါင်းများစွာဖြင့် အဆင့်မြင့်တင်ထားကာ ပွဲဦးထွက်လာပါတယ်...ငုင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ်အဖြစ် ထုတ်လုပ်ထားသောကြောင့် စစ်မြေပြင်နှင့်စစ်ပွဲတွေမှာ စစ်ကြောင်းတွေကို Action ယူတိုက်ခိုက်ရာမှ တွင်ကျယ်စွာအသုံးပြုကြတာကိုတွေ့ရပါတယ်...ရဟတ်ယာဉ်ရဲ့ ပေါင်းမိုးကို ပူဖောင်းပုံသဏ္ဍာန် နှစ်လုံးဆင့်ထားတဲ့ပုံတပ်ဆင်ထားပြီး Pilot တစ်ယောက် Gunner တစ်ယောက် ဖြင့် နှစ်ယောက် မောင်းနှင် နိုင်ပါတယ်...ရဟတ်ယာဉ်ကိုယ်ထည်ကို သံချပ်ကာများဖြင့် ကာကွယ်ထားပြီး နှင့် ပေါင်းမိုးလေကာမှန်များကို ကျည်ကာမှန်အထူများဖြင့် တပ်ဆင်ထားပါတယ်...လက်နက်တပ်ဆင်မှုအပိုင်းအနေဖြင့် 30mm စက်အမြောက် 2လက်တွဲတပ်ဆင်ထားပြီး အခြားလက်နက်များဖြစ်သည့်...Anti Tank Missileများ...Multi Bomb များ ,Unguided Rocket များကို ချိတ်ဆွဲကာ ပစ်ခတ်နိုင်သည်...လက်နက်အမျိုးအစားပေါင်း ၈ခုကိုချိတ်ဆွဲသယ်ဆောင်နိုင်ပြီး ရာသီဥတု အခြေအနေမျိုးစုံမှာ တိုက်ခိုက်နိုင်စစ်ဆင်နိုင်ပါတယ်...

(8)Denel AH-2 Roovivalk
https://steemitimages.com/DQmQPdzKpLJgkt5WZGYhAhSmvtMGjbY86Pw2dhsNgzpUf6E/images%20(21).jpeg
Denel AH-2 Roovivalk ဟာ တောင်အာဖရိက လေတပ်မတော်ရဲ့ သတိထားရမယ့် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးပဲဖြစ်ပါတယ်...2011ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး စစ်ဆင်နိုင်သည့် အကာအဝေးတော်တော်လေးများပါတယ်..လိုအပ်ချက်အရ လိုအပ်လျှင် လက်နက်အမျိုးအစားကွဲများကို ချိတ်ဆွဲတင်ဆောင်နိုင်ပါတယ်...အဆိုပါတိုက်ခိုက်ရေး ရဟတ်ယာဉ်မှာ 20mm စက်အမြောက် , ဝေဟင်မှ ဝေဟင်ပစ် missile များ...ဝေဟင်မှ မြေပြင်ပြစ် missile များ, သံချပ်ကာဖောက် missileများ, unguided rocket များကို တပ်ဆင်ကာ တိုက်ပွဲဝင်နိုင်ပါတယ်...အလိုအလျောက် ပစ်မှတ်ရှာဖွေပေးသည့် စနစ် နှင့် လေယာဉ်မောင်းနှင်မှု စနစ်များကို အဆင့်မြင့်ထားပါတယ်...
GPS,အနီအောက်ရောင်ခြည် နှင့် doppler radar စနစ်များကို တပ်ဆင်အသုံးပြုထားပါတယ်...ရဟတ်ယာဉ်ရဲ့ ဒီဇိုင်းကို ကမ္ဘာရှာအကောင်းဆုံးတိုက်ခိုက်ရေး ရဟတ်ယာဉ် ရဲ့ ဒီဇိုင်းအဖြစ်သတ်မှတ်ထားပါတယ်...အဆိုပါရဟတ်ယာဉ်ကို အခြားနိုင်ငံများတွင်လည်း အသုံးပြုနေကြပါတယ်..
အပိုင်း(၂) ဆက်ရန်....
MSU-006
Follow and Upvote-@htetlinnaung
Myanmar Steemit Users
Photo-Google
Ref-https://www.trendrr.net/7068/best-attack-helicopters-world-fastest-military-future-famous-newest-list/

Sort:  

30688195_442396722853716_3392771258985742336_n.jpg

You got 100% Vote From @dpakyaw . Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

ခုလိုဘာသာပြန်​​ပေးထား​တော့ဗဟုသုတရပါတယ်

IMG_20180420_115856.jpg
You receive vote 100 % Vote From @sattpaing. Because Your Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

nice translate

ဘာသာပြန်​​ပေးလို့​ကျေးဇူးပါ

ဗဟုသုတ ရပါတယ်

nice translate

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 59185.23
ETH 2319.64
USDT 1.00
SBD 2.46