MIUI 9.0 coming soon

in #mi7 years ago

MIUI 9 အကြောင်းတစ်စေ့တစ်စောင်း


MIUI 8 ထွက်ခဲ့တာကလဲ တစ်နှစ်ကျော်လောက်ရှိသွားပြီဆိုတော့ Mi Users တွေအနေနဲ့ MIUI update အသစ်ကိုမျှော်နေကြပြီပဲဖြစ်ပါတယ် ။ အသစ်ထွက်မဲ့ MIUI 9 အကြောင်းကိုတော့ သတင်းတွေတစွန်းတစကြားနေရပြီး beta version ကိုလကုန်ထွက်မယ်လို့လဲသတင်းတွေကြားနေရပြန်ပါတယ် ။ MIUI 9 မှာတော့ အရင် version တွေနဲ့လုံးဝကွဲထွက်သွားဖို့ရှိနေပြီး Andriod 7.0 Nougat ကိုအခြေခံထားမှာဖြစ်ပြီး features အသစ်တွေလဲပါဝင်ဦးမှာပါ ၊ forum တွေ website တွေကခန့်မှန်းထားတဲ့ MIUI 9 မှာ ပါဝင်လာဖို့များတဲ့ features တွေကိုတင်ပြပေးလိုက်ပါတယ် ။

  1. Split screen / Multi Window / Picture in Picture mode
    ဒီ feature ကတော့ high end Samsung phone တွေမှာကတော့သုံးလို့ရနေပါပြီ၊ Mi users တွေကတော့ MIUI 9 တင်ထားရုံနဲ့ ဒီ feature ကိုအသုံးပြုလို့ရမှာပါ ။ Split screen ဆိုတာကတော့ phone screen ကို နှစ်ခြမ်းခွဲလိုက်ပြီး app နှစ်ခုကို တပြိုင်တည်းသုံးလို့ရမဲ့ feature ပါ ၊ game ဆော့ရင်း facebook newsfeed ကိုပါတစ်ပြိုင်တည်းကြည့်နေလို့ရနေမှာပါ ။

  2. Quick Reply From Notifications

ဒါကလဲ အသုံးဝင်တဲ့ feature တစ်မျိုးပဲဖြစ်ပါတယ် ။ game ဆော့နေတုန်းဖြစ်ဖြစ် ရုပ်ရှင်ကြည့်နေတုန်းဖြစ်ဖြစ် message ၀င်လာရင် message ပြန်ပို့ဖို့ဆိုရင် ကိုယ်သုံးနေတာကိုခဏရပ်ပြီးမှ ပြန်ပို့လို့ရမှာပါ ၊ MIUI 9 မှာတော့ဒီလိုရပ်နေစရာမလိုတော့ပါဘူး ၊ message ၀င်လာတာနဲ့ message ကိုဖွင့်ကြည့်နေစရာမလိုဘဲ notification အနေနဲ့ ပေါ်လာမှာဖြစ်ပြီး တန်းပြီး message တစ်စောင်ပြန်ရေးပြီးပို့လို့ရမှာပဲဖြစ်ပါတယ် ။

  1. Project SVLTE(Better RAM Management)

ဒီ feature ကတော့ RAM management ကိုအရင်ကထက်ပိုကောင်းစေမဲ့ feature ပါ ။ Apps တွေနဲ့system ကအသုံးပြုနေတဲ့ RAM အသုံးပြုမှုကိုလျှော့ချပေးမှာဖြစ်ပြီး ဖုန်းကိုအသုံးပြုရာမှာပိုပြီးပေါ့ပါးနေစေမှာပဲဖြစ်ပါတယ် ။

  1. Optimized Doze Mode For Battery Saving

ဒီ ဟာကတော့ battery saving mode တစ်မျိုးပဲဖြစ်ပြီး Andriod 7.0 Nougat မှာပါတဲ့ google doze mode နဲ့ဆင်ပါတယ် ။ ဒီ optimized doze mode က တခြား battery saving တွေနဲ့ဘာကွာမလဲဆိုတာကတော့ကိုယ်က ဖုန်းကိုဘာမှမသုံးဘဲပစ်ထားချိန်မှာတောင်အားကသူ့အလိုလိုကုန်နေတာကိုကြုံဖူးကြမှာပါ ၊ ဒါဟာဘာလို့လဲဆိုတော့ တချို့ background apps တွေက ကိုယ်မသုံးပေမဲ့လဲ CPU နဲ့ network ကိုမသိမသာအသုံးပြုနေတာကြောင့်ပဲဖြစ်ပါတယ် ။ ဒီ Optimized Doze Mode နဲ့ဆိုရင်တော့ ကိုယ်ဖုန်းမသုံးချိန်မှာအဲဒီ CPU နဲ့ network ကို ကိုယ်မသိအောင်အသုံးပြုနေတဲ့ apps တွေကိုအသုံးမပြုနိုင်အောင်ပိတ်ပေးမှာဖြစ်ပြီး battery စားသက်သာစေမှာပါ ။

  1. Screen Recording

Screen Recording ဆိုတဲ့နာမည်အတိုင်းပါပဲ ကိုယ့်ရဲ့ဖုန်းနဲ့ သုံးထားသမျှဘယ်အရာကိုမဆို recording လုပ်ထားလို့ရမှာပဲဖြစ်ပါတယ် ။

ဒါကတော့ MIUI 9 မှာပါလာဖို့သတင်းကြီးနေတဲ့ features တွေဖြစ်ပြီး ဒီ feature တွေအတိအကျကြီးပါလာမလားဆိုတာကတော့ ထွက်မှပဲအတိအကျသိရတော့မှာပါ ။ MIUI 9 ရဲ့ official release date ကိုတော့မသိရသေးပေမဲ့ ခန့်မှန်းခြေ August ဒါမှမဟုတ် September လောက်ဖြစ်မယ်လို့ခန့်မှန်းနေကြပါတယ် ။
MIUI 9 ကိုတင်လို့ရမယ့် Xiaomi ဖုန်းစာရင်းကတော့
Xiaomi Mi 6 ,
Mi note 2 ,
Mi Mix ,
Mi 5 , Mi 5S , Mi 5C ,
Mi Max , Mi Max 2 ,
Redmi Note 4 , Redmi Note 4X ,
Redmi 4 , Redmi 4X ,
Redmi Note 3
Redmi 3S
Mi Pad 3 တို့ဖြစ်မယ်လို့ဖော်ပြထားပါတယ် ၊

Credit Yangon Mobile Store

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67200.37
ETH 3331.98
USDT 1.00
SBD 2.77