သွေးစုပ်သော ကောင်မလေး (3)

in #maynmar6 years ago (edited)

ထိုအချိန်များ အတောအတွင်းတွင် အနီးနား အိမ်များမှ လူများ သေဆုံးခြင်း တိရိစ္ဆာန်များ သေဆုံးခြင်းများနှင့်လည်း ကြုံတွေ့လာသည် ။ ထိုသို့သေဆုံးရာတွင်လည်း သွေးစုပ်ခံထားရသကဲ့သို့ ဖြစ်နေသည်ကို နောက်ပိုင်း သတိထားမိလာကြသည် ။ သေဆုံးပြီးသောသူသည် သွေးများ မရှိတော့သည် ဖြစ်တတ်သဖြင့်ချက်ချင်း သတိမထားမိကြသေးပေ ။ နောက်ပိုင်းတွင်တော့ ရပ်ရွှာအတွင်း ထိုကောင်မလေးအား ထားရှိခြင်းကို မလိုလားကြတော့ပေ ။


witches coc.jpg
Image source

ထို့ကြောင့် အားလုံး တိုင်ပင်ဆုံးဖြတ်ပြီး မောင်းထုတ်ရန် ပြုလုပ်သော်လည်း အလွှယ်တကူ မသွားဘဲ ရပ်ရွှာကို ဒုက္ခပေးမည်ကိုလည်း စိုးရိမ်ကြသည် ။ ထိုသို့ စိုးရိမ်နေစဉ် ရှစ်နာရီခန့်တွင် ရွှာအတွင်း ယခင်က စုန်းမဟု နာမည်ကြီးသော အသက် ခြောက်ဆယ်နီးနီး သန်တုန်း မြန်တုန်း ရှိသည့် ဒေါ်စက်ရှင်သည် စူးရှအောင်တို့ အိမ်ရှေ့သို့ ရောက်ရှိလာလေသည် ။ ထို့နောက် ထိုကောင်မလေး နှင့် အပြိုင် စိန်ခေါ်ပြီး လက်တွင်းမှ လိုးလိုးလက်လက်များ ပစ်လွှတ်သည် ။ ထိုကောင်မလေးမှာလည်း ပြန်လည် တိုက်ခိုက်သည် ။

“ ငါက စုန်းပေမဲ့ ရွှာကို ဒုက္ခ မပေးခဲ့ဘူး ” ဆိုကာ ဒေါ်စက်ရှင်မှာ အားရပါးရတိုက်ခိုက်သည် ။ ‘နင့်ကို သတ်ပြီး တစ်ရွှာ လုံးကိုပါ သတ်ပြမယ် ကောင်မ ’ ဆိုကာ တိုက်ခိုက်ကြရင်း ရွှာပြင်သို့ပင် ရောက်လာလေသည် ။ တစ်ချက်တွင် ဒေါ်စက်ရှင်ထံမှ ဝင်းပြောင်ပြောင်အလင်းရောင်များ ထိုကောင်မလေးသို့ ထိသွားကာ မီးပင် ချင်ချင်းထတောက်သွားလေသည် ။


fightppe.jpg
Image source

တစ်ရွှာလုံး နီးပါး ကြည့်ရှုအားပေးနေကြသောပွဲအပြီးတွင် ဒေါ်စက်ရှင်မှ ထိုအရာမှာ သွေးစုပ်စုန်း ဖြစ်ကြောင်းနှင့် ဆိပ်ဖလူးပင်မှ လင်းနို့များမှာ သွေးစုပ်သည့် အကောင်များ ဖြစ်သဖြင့် သူ၏ ပညာစွမ်းများ တက်စေရန် အတွက် လာရောက် နေထိုင်နေကြောင်း ပြောပြလေသည် ။ ဒေါ်စက်ရှင်မှာလည်း နေထိုင်မကောင်းချိန် အနိုင်မရနိုင် သဖြင့် စောင့်ကြည့်နေရသည် ဆိုသည် ။ ထို့ပြင် အားလုံးသေချာ မမြင်လိုက်ရသော်လည်း ဒေါ်စက်ရှင်မှာ ဒါဏ်ရာ ရနေသဖြင့် သူသည်လည်း မကြာခင် သေဆုံးတော့မည် ဖြစ်ကြောင်း ထိုညတွင် အားလုံးကို ဖြေးညှင်းသော စကားလုံးများဖြင့် ပြောပြရင်း ပြန်သွားလေသည် ။

နောက်တစ်နေ့ နံနက်တွင်တော့ ဒေါ်စက်ရှင် ဆုံးသွားပြီဖြစ်ကြောင်း စူးရှထက်တို့ ကြားသိခဲ့ရသည် ။ ထို့ပြင် ဘူးခါးမှာလည်း ကျန်းမာရေး ပြန်ကောင်းလာပါသည် ။ အချို့သူများကတော့ ဘူးခါးအား ကပ်မြှောင်နေရသောကြောင့် သူ့ထံမှ သွေးအား နည်းနည်စီ လိုအပ်မှသာ ယူသုံးသွားသည် ဟုဆိုကြပါသည် ။ မည်သို့ပင်ဆိုစေ ထို အဖြစ်အပျက်တို့သည် စူးရှအောင်တို့နေထိုင်ခဲ့ဖူးသော ရွှာလေးအတွက် ပါးစပ်ပုံပြင်လေး တစ်ပုဒ်အဖြစ် ကျန်ရှိနေခဲ့ပါသည် ။

ယခုဇာတ်လမ်းမှာ စိတ်ကူးယာဉ် သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်ပါသည် ။ (ပြီးပါပြီ)

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ကြောက်​စရာကြီးပါ...​သွေးစုပ်​ဖုတ်​​ကောင်​လားမသိ...

Posted using Partiko Android

ဟုရယ် သွေးစဖုတ်ကောင် ဝေါင်ဟောင်ဟောင် ဟားဟား

ဖတ်​ရင်းဖတ်​ရင်းနဲ့ Video စုန်းကာကြည့်​​နေရသလိုပါ့
တော်​​ပါ​သေးရဲ့ပြီးသွားလို့ အဟီးး

ကျေးကျေးပါ ဥဥယု ။

သူ့‌ကောင်‌‌လေး‌ ‌နေ‌ကောင်းသွားတယ်‌ဆို‌တော့‌တော်‌‌သေး။

ဟုစ် ခ်ခ်

တော်သေးတယ် အဆုံးမှာစိတ်ကူးယဉ်လို့ရေးထားလို့ 😁

စိတ်ကူးယာဉ်ပါဘဲဗျာ တစ်ကယ်တော့အဲ့ဒီအကြောင်းတွေ မကျွှမ်းဘူး ။

လင်းနို့တွေက သွေးဖုတ်စုပ်ကောင်တွေလား ကောင်မလေးက ဘယ်နေရာရောက်သွားတာတုံးအေ ဒေါ်စက်ရှင်ကြီး က မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ မီးဟုန်းဟုန်းတောက်ကာ လောက်ကျွမ်း ပြာကျသွားရှာလေသည် လွမ်းစရာအဖြစ်ကျန်မနေဘူး ကိုဘူးခါး☺

ပြောပြဘု ဘူးခါးကတော့ လွှမ်းဘုတဲ့ ။

လက်ထဲ က လက်လက်တေက အတွင်းအားလား😌

Posted using Partiko Android

ပြောတတ်ဖူး

စုန်းလှလှဘေး သေသွာျးရာလား

သေသွားရောပေါ့ဗျာ မသေသွားရင် လူပျိုကြီးတွေ ဝိုင်းလုကြပြီး မပျိုတော့တာတွေ အိမ်သူသက်ထားလေးတွေနဲ့ စကားများနေကြမယ်စိုးလို့ ။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60844.65
ETH 2995.69
USDT 1.00
SBD 3.88