Magway city

in #mandalay7 years ago

မကွေးမြို့

မကွေးမြို့ကို အေဒီ ၁၁၅၈ ကစတင်တည်ထောင်ခဲ့ သည်ဟု သမိုင်းအေထာက်အထားများအရ သိရသည်။ ဧ ရာဝတီမြစ်အကွေ့တွင် တည်ရှိသောကြောင့် ရှေးအခါက မြစ်ကွေ့မြို့ဟု ခေါ်တွင်ခဲ့သော်လည်း နောင်အခါ မကွေး မြို့ဟု အမည်တွင်လာသည်။

မြန်မာပြည် အလယ်ပိုင်း ချိုင့်ဝှမ်းဒေသတွင် တည်ရှိ၍ ပူပြင်းသောရာသီဥတု ရှိသည်။ ဧရာဝတီမြစ်ကမ်းတွင် တည်ရှိသော သင်္ဘောဆိပ်မြို့ဖြစ်သည်။ ရန်ကုန်မြို့မှ ရေကြာင်းခရီးဖြင့် ၃၇၈ မိုင်၊ ကားလမ်းအားဖြင့် မိုင် ၃၃ဝ ကွာဝေးသည်။ မန္တလေးမြို့မှ ၁၁၉ မိုင်ကွာဝေးသည်။ ကျောက်ဖြူမှ မူဆယ်အထိ ဆက်သွယ်မည့် အရှ့မြောက်၊ အနောက်တောင် စီးပွားရေးစင်္ကြံ လမ်းမကြီးပေါ်တွင်တည်ရှိပြီး ရန်ကုန်၊ ပြည်၊ မန္တလေးကား လမ်းသည်လည်း မကွေးမြို့ကိုဖြတ်သန်းသွားသည်။ မော်တော်ကားလမ်းဖြင့် ပြည်မြို့၊ မြင်းခြံမြို့များသို့လည်း ကောင်း၊ ခရိုင်တွင်းရှိ မြို့များဖြစ်သော နတ်မောက်မြို့နှင့် တောင်တွင်းကြီးမြို့များသို့လည်းကောင်း ဆက်သွယ်ထား သည်။ လေကြောင်းခရီးဖြင့်လည်း ရန်ကုန်၊ မန္တလေး အထက်အောက် သွားလာနိုသင်ည်။

ကုန်းကြောင်းလမ်း၊ ရေကြာင်းလမ်း၊ လေကြောင်း လမ်းအဆက်အသွယ်လည်းရှိသဖြင့် လမ်းပန်းဆက် သွယ်ရေးကောင်းမွန်သောကြောင့် စီးပွားရေးလုပ်ငန်း အချက်အချာကျသော မြို့တစ်မြို့လည်းဖြစ်သည်။ တိုင်း၊ ခရိုင်တို့၏ ရုံးစိုက်ရာမြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံးဌာန များ၊ အထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်း များ၊ ဈေး၊ ဆေးရုံ၊ မြူနီစီပယ်ရုံး စသည်တို့အပြင်၊ မကွေးတက္ကသိုလ် တို့ရှိသည်၊

ဆန်စက်၊ ဆီစက်၊ သစ်စက်နှင့် အခြား စက်မှု လက်မှု လုပ်ငန်းများ စုဝေးရာဖြစ်၏။ စိုက်ပျိုးရေး -အဓိကသီးနှံများမှာ နှမ်းနှင့် မြေပဲဖြစ်သည်။ အခြားသီးနှံများဖြစ်သည့် ဆန်၊ ပြောင်းနှင့် ပြောင်းဆန်၊ နေကြာ၊ ပဲမျိုးစုံ၊ ဆေးရွက်ကြီး၊ ထန်း၊ ငရုပ်၊ ကြက်သွန်နှင့် အာလူးတို့လည်း ထွက်သည်။ တိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူခရိုင်မှ ထွက်ရှိသာ သနပ်ခါးမှာလူကြိုက်များသော ထွက်ကုန်ဖြစ်သည်။ သနပ်ခါး၊ ကွမ်းညှပ်၊ ဓား၊ ဖန်ခါးသီးတို့ မှာလည်း နာမည်ရသည်။

ဧရာဝတီ မြစ်ကမ်း၏ တောင်ထိပ် ကုန်းတစ်ခုပေါ် တွင် တည်ရှိသော မြသလွန် ဘုရားသည်ကား မြန်မာနိုင် ငံ တန်ခိုးကြီးများထဲမှ တစ်ဆူ အပါအဝင်ဖြစ်၏။ ထင်ရှား သော နေရာများမှာ- မြသလွန်စေတီ၊ မင်းဘူး ရွှေစက်တော်၊ နဂါးပွက်တောင်၊ ရွှေစက်တော်ဘုရားဖြစ်ပြီး ရာသီအလိုက်ကျင်းပေသာ ထိုဘုရားပွဲတော်များကို သွားရောက်ဖူးမျှော် လေ့လာနိုင်ပါသည်။

Credit to

Magway Magway history that was founded in 1158 AD, according to Umno. Lag in turn will turn situated on the River Nile in the future be called also called Magwe city. Valley area in central Burma, and hot weather. Located on the Irrawaddy river port city. Bricks and travel 378 miles from Yangon, 33 miles away from the road. 119 miles away from Mandalay. Contact Muse Kyaukpyu Located on the South West economic corridor .Road Yangon the land, Mandalay Road crosses Magway. Automotive, Prome Myingyan Region The city within the district towns of Natmauk connection to be promoted. Yangon by air, Mandalay hierarchy, you can travel. Street, on foot Friends Contact with air transport and Communications, the business hub city. , In accordance with the district headquarters town of the Department of Public Services, High, middle and primary school Price, hospital, In addition to the municipal office, etc. Magway University, Millers, Oil Mills, It is the quantity of new machinery and other industrial activities. Agriculture - the main crops of sesame and peanuts. Other crops such as rice, Corn and millet, Sunflower, pulses, tobacco, palm, Chilli, And the onion and potatoes. Regions only released from Pakokku ants popular products. ants, Cut betel knife, The glass in the bitter name. Irrawaddy River, located on a hill top of my past but it is powerful, including one from Burma. Spent in secret locations - Mya, Minbu gold Mud volcano, Only the seasonal trough of the festivals to learn up. Credit to image

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 60865.64
ETH 2393.71
USDT 1.00
SBD 2.64