ချစ်​​သောထိုနှင်းဆီ Part(3) Loving Rose
in #loving6 years ago
ချစ်​​သောထိုနှင်းဆီ
Part(3)
အိမ်​ကြီးက အုတ်​ခံပျဉ်​​ထောင်​ဖြစ်​ကာ အ​ပေါ်မှာ​ရော​အောက်​မှာပါ အိပ်​ခန်း​တွေရှိ​နေသဖြင့်​ ဘကြီး​သောင်းတို့အိမ်​​လေးမှာအဆင်​​ပြေသည်​။
ထို့ပြင်​ ​တေအိမ်​ဆို​ပေမဲ့​ရေချိုးခန်းအိမ်​သာက အိမ်​ထဲမှာပဲ ရှိ​နေတာမို့ ​နေသာထိုင်​သာ​တော့ရှိသားဟု တွက်​ချက်​မိ၏
ဦးစိုးမိုးသူက
ရွာထဲမှာဒီအိမ်​ အ​ကောင်းဆံးပဲဖစ်​မယ်​ကွ၊​တောအိမ်​​ပေမဲ့ မဆိုးပူး" ဝိုင်းစက်​စက်​ လမင်းကြီး​ပေါ်​နေသည့်​​ကျောက်​စည်​ထဲက ​ရေပြင်​ကို ချစ်​​သောကဝရန်​တာက​နေ လိုက်​ငုံ့ကြည့်​သည်​၊ ဦးစိုးမိုးသူ​ပြောတာကို စိတ်​မဝင်​စားသလို ဘာမှပြန်​မ​ပြောဘဲလင်း​နေသည့်​အိမ်​​တွေဆီ မြင်​မြင်​သမျှလိုက်​​ဝေ့ကြည့်​၍တ​ယောက်​တခန်းပြင်​​ပေးတယ်​ဆိုတာ မိန်းခ​လေး​တွေအိပ်​တဲ့အခန်းဆို ကျွန်​​တော်​မအိပ်​ပူး"
မဆိုင်​သည့်​စကားကို ထ​ပြော၏
မိန်းခ​လေး အိပ်​တဲ့အခန်းရယ်​ ဘာရယ်​ရှိမလားကွာ ဒါ​စံပါယ်​တို့ညီအမအိမ်​ လူမ​နေတာကြာပြီဥစ္စာ၊ ငါတို့ ​ကောင်း​ကောင်းအနားယူလို့ရ​အောင်​ သူတို့လာရှင်း​ပေးထားတာ...."ဘာဖစ်​ဖစ်​ မိန်းခ​လေးနံ့ရရင်​​တော့ မအိပ်​ပူး"
``သူတို့ညီအမနှစ်​​ယောက်​ က​လေးဘဝတုန်းကဘဲဒီမှာ​နေဖူးတာ၊မိန်းခ​လေးနံရရင်​လဲ က​လေး​ပေါက်​စမိန်းခ​လေးနံပဲရမာ"
``ထမင်းစား​တော့လဲမင်းကရှုံ့ မဲ့​နေတာကို အဘွားကစကား​ကောင်း​နေလို့မသိတာ၊က​လေးကျ​နေတာပဲချစ်​​သောရာ...တ​နေကုန်​ပန်းသီး​တွေပဲ စား​နေတာ၊မင်း ​ရေအိမ်​ဝင်​ရင်​ပန်းသီး​တွေအဖတ်​လိုက်​ထွက်​လာအူးမယ်​"
``ဟား!.. ညစ်​ညစ်​ပတ်​ပတ်​​တွေ​ပြောပြီ၊ဒီမှာတင်း​နေတာ"
တင်းမှာ​ပေါ့ကွ ဗိုက်​မှမပြည့်​တာ၊စိတ်​ကအလိုလို​နေရင်းတို ​နေပြီ​ပေါ့၊......"ဘယ်​လိုလုပ်​စားလို့ရမှာလဲ ၊ကြက်​​တွေကို ​ရှေ့ မှာဘဲရိုက်​သတ်​ပြီးချက်​တာ"
``ဒါက​တောသဘာဝပဲ၊လတ်​လတ်​ဆတ်​ဆတ်​ တခါတ​လေစားရတယ်​လို့ပဲ မှတ်​"
မျက်​နှာတခြမ်းပဲအလင်း​ရောင်​ကျ​နေ​ပေမဲ့ ချစ်​​သော ဆံပင်​​တွေခါပြီး ကျွတ်​ခနဲ ရှုံ့ မဲ့သွားတာကိုမြင်​​နေရသည်​။
``လုပ်​မ​နေနဲ့. မြန်​မြန်​ပြန်​ဖို့ပဲစဉ်းစား၊​လေး​လေး ​အေးတိ​အေးစက်​ လုပ်​​နေရင်​ ကျွန်​​တော်​ကား​မောင်းပြီးထွက်​သွားမှာ​နော်​ ကြို​ပြောထားတာ"
အိမ်​ထဲ လှည့်​ဝင်​လာရင်း အိပ်​ဖို့ကြည့်​​တော့ ဂွမ်းကပ်​ အပါးစ​လေး ခင်းကာ အိပ်​ရာခင်း​လေး အသစ်​က​လေး ထပ်​အုပ်​​ပေးထားသည်​။
ခေါင်းအုံး​လေး​တွေကလဲသစ်​သစ်​လွင်​လွင်​ပါပဲ၊ ဒါ​ပေမဲ့ စိမ်းသက်​​သော ​မွှေးနံ့တခုရ​နေတာကို နှာ​ခေါင်းက ​တော်​​တော်​နှင့်​မယဉ်​။
  ဘာလုပ်​ရမှာလံ..သူများအိမ်​ကို ။ဘာဖစ်​ဖစ်​စိတ်​က မ​ကျေနပ်​တာ​တွေပဲဖစ်​​နေသည်​။ ထွက်​လာကာစက ဒီရွာကိုဝင်​ရမယ်​၊ ချက်​ချင်းပြန်​ဖြစ်​မှာမဟုတ်​ပူးဆိုတာကို သိသည်​။
စိတိထဲမှာဒီအစီအစဉ်​​ကြောင့်​ဘာအ​နှောင့်​အယှက်​မှမဖစ်​ခဲ့။ငယ်​ငယ်​တုန်းက​မေ​မေနှင့်​အတူ​ရောက်​ဖူး​သော​ကြောင့်​ သူကိုယ်​တိုင်​လိုလိုလားလားရှိခဲ့သည်​ထင်​သည်​။အခုကျမှ ဘာထဖစ်​မှန်းမသိ။
အိပ်​ယာ​ပေါ်မှာ လူးလူးလွန့်​လွန့်​နှင့်​ ဘယ်​လိုမှအိပ်​မ​ပျော်​နိုင်​။ နာရီကြည့်​​တော့ ညဆယ့်​နှစ်​နာရီ။ခွေးအူသံ​တွေက​ခွေးသံနှင့်​မတူ​အောင်​ ဆွဲဆွဲငင်​ငင်​ကြီးဖြစ်​လျက်​။နား​တွေပိတ်​ထားမိသည်​အထိ​နှောက်​ယှက်​၏
ချစ်​​သော အိပ်​မရခြင်းနှင့်​ ည၏ လက်​တံ​တွေကြားမှာ လုံး​ထွေးကာ မီးလည်း မမှိတ်​ဖစ်​​အေ။ထိုစဉ်​........
    ကျီခနဲ မြည်​သံနှသ့်​အတု ​စေ့ထားသည့်​တံခါးကပွင့်​သွား၏။မျက်​နှာကလဲ ထိုဘက်​ကိုလှည့်​ထားမိတုံးမို့ ​ပေါ်လာမည့်​အရာကိုစိုက်​ကြည့်​​နေမိသည်​။
       ထိန်​လင်း​နေသည့်​မီး​ရောင်​ထဲကို ဝင်​လာသည့်​အရာက မိန်းက​လေးတ​ယောက်​ဖစ်​​နေခဲ့သည်​။ ချစ်​​သော 'ဟ' ခနဲ ပါးစပ်​ကထွက်​ကာ ချက်​ချင်းဌိုင်​ပြီးသားဖြစ်​သွားသည်​။
 အညို​ရောင်​ရှပ်​အင်္ကျီပွပွ၊ ထမီအဖြူပွင့်​တိုတိုနှင့်​  ဖျားလျားကျ​နေ​သောဆံပင်​ ပွ​ယောင်း​ယောင်းက တင်​ပါး​လောက်​ထိရှိ၏
     မီး​ရောင်​​အောက်​မှာ  ခပ်​ပြားပြား မျက်​ခုံးတိုတိုနှင့်​  အညို​ရောင်​သမ်းသည့်​နှုတ်​ခမ်း​တွေက ထင်း​နေသည်​။ အသားလတ်​လတ်​ ​မေးရိုးကားချင်​၏
   သူမသည်​ တွခါးကိုလက်​နှင့်​တွန်းဝင်​လာတာမဟုတ်​ဘဲ တံခါးရှိမှန်းသိ​နေသဖြင့်​ လူနှင့်​တျုးတိုက်​ပြီးဝင်​လာတာမျိုး......။
  လက်​နှစ်​ဖက်​စုံချလျက်​နှငွ မျက်​​တောင်​ခပ်​​နေ​ပေမဲ့ ခပ်​​လေး​လေး ။အထဲဝင်​လိုက်​ပြီး  သူ့ ကိုမြင်​​တော့လဲ ဘာမှ​ပြောင်းလဲမသွားခဲ့ဘံ  မျက်​လုံး​တွေက မြင်​​နေကျမြင်​ကွင်းကိုကြညွ​နေတာမျိုးပင်
 ``မင်း......."
လူလား သရဲလား...။
ရုတ်​တရတ်​ကြီး မျက်​နှာ​သေနှင့်​ ​ရှေ့ ကို​ရောက်​လာသဖြင့်​ ချစ်​​သောလန့်​ဖျန့်​ထရပ်​မိသည်​။ သူမကသူထသည့်​​နောက်​ မျက်​လုံးတချက်​ပင့်​လာပြီး အခန်းထဲသို့ ပြန်​​ဝေ့ကြည့်​သည်​။
ပြီး​တော့ဝါးခနဲ တချက်​သမ်းကာ လည်​ပင်းကုတ်​ရင်း မျက်​လုံး​တွေစင်းကျသွားလိုက်​ ပြန်​ပင့်​လာလိုက်​....
ရှည်​လျားသည့်​ မျက်​​တောငိ​တွေက အစတည်းပသိပ်​​ကော့ပုံမရှိခဲ့ဘဲ ခုကျ​တော့​တော်​​တော်​အိပ်​ချင်​​နေသည့်​ပုံ ​ပေါက်​​နေ၏
ဒီမှာ မင်းဘယ်​သူလဲ.."ဟင်​.."
လည်​ပင်းကုတ်​​နေဏင်းငိုက်​ကျမလိုဖြစ်​​နေသည့်​​ခေါင်းက ပြနိမတ်​လာသည်
မင်းကို​မေး​နေတာ "ဘာ​မေးတာလဲ၊ မသိပူး"
စကားပြန်​​ပြောသည်​ဆို​တော့ သရဲ​တော့မဖစ်​နိငြ်​။သူပင့်​သက်​ရိုက်​၍ အားယူကာ.....
မင်းဘယ်​သူလဲလို့ ​မေး​နေတာ"ဘယ်​လိုလုပ်​ သိမှာလဲ "
``ဟာ.. ​ဟေ့ ဘာလုပ်​တာလဲ "
ပြောချင်​ရာ​ပြောပြီး ချလျက်​သားရှိသည့်​ သူ့ ခြင်​​ထောင်​ထဲတန်းတန်းမတ်​မတ်​ဝင်​၏
ဘာလုပ်​မလို့မှန်း မသိဘဲ​ကြောင်​​ကြောင်​​တောင်​​တောင်​နှင့်​ ကြညွ​နေပြီးမှ ခြင်​​ထောင်​ထဲကို ကိုယ်​တပိုင်​​ရောက်​ပြီဖြစ်​သည့်​ သူမကြိ ကမန်းကတန်းပြန်​ဆွဲထားရသည်​။
မင်းဘာလုပ်​တာလဲ၊ ထွက်​.. ပြန်​ထွက်​"ဘာလဲ ငါ့​နေရာ ငါအိပ်​မလို့​ပေါ့ "
``ဘာ.. "
ယောက်ျား​ပေမဲ့ ကြက်​သီးဖျန်းခနဲထသွားသည်​၊ ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​ဆုံးသွားသည်​ဆို​သော စံပါယ်​တို့အ​မေလား.....
ပခုံးနှစ်​ဖက်​က​နေ ကိုင်​၍ ဆွဲထူထားမိသည့်​လက်​ကို ​ယောင်​ယမ်းလွှတ်​ပြီးမှ ​နွေး​နေသည့်​ အသားအရည်​ကို သတိထားမိ၏
 ``ဟိတ်​"
သူမက​တော့လွှတ်​လိုက်​တာနဲ့အိပ်​ယာထဲကိုပဲ ပုံချပစ်​လိုက်​ဖို့ အသင့်​ဖြစ်​​နေသည်​ဖြစ်​ရာ  အဝည်းအသန်​ပြန်​ဆွဲထားလိုက်​ရင်း.....
     ``ဘာလုပ်​တာလဲ  မင်းဘသူလဲ။ပြော​နော်​ သရဲဟုတ်​မဟုတိ​သေချာ​အောင်​ တစ်​ချက်​​လောက်​​ကျွေးပစ်​လိုက်​မယ်​၊ မနာခင်​​ပြော...."
လက်​တဖက်​ကို​ကြောက်​မက်​ဖွယ်​ ​မြှောက်​၍ ရိုက်​နှက်​မယ့်​ပုံ ပြ​ပေမဲ့ သူမက ​ခေါင်းခါလျက်​...
ကျွေးလဲ မစားချင်​ပါပူး၊ မင်္ဂလာ​ဆောင်​မှာစားခဲ့ပြီးပြီ ဖယ်​ပါ အိပ်​မယ်​"မရဘူး ထွက်​စမ်းအပြင်​ကို"
``မထွက်​ဘူး "
အိပ်​ယာ​ပေါ် ပုံချပစ်​ဖို့ပဲ ကြိုးစား​နေသည့်​ သူမကိုမရမက ဆွဲထုတ်​ဖို့ကြိုးစားရင်း နှစ်​​ယောက်​သားဆွဲလားရုန်းလား ​တွေ ဖြစ်​​နေစဉ်​...
တက်​စမ်းပါနင်​ကလဲ မြန်​မြန်​ ဒီမှာအ​ရေးကြီးလို့ဥစ္စာ​အေးပါဟ. နင်​တွန်းမ​နေနဲ့ "
စကားသံ​တွေ နဲ့ကမန်းကတန်း ​ခြေသံ​တွေ ကြားရတာ သိပ်​မကြာလိုက်​ဘဲ လက်​နှိပ်​ဓာတ်​မီးကိုယ်​စီနှင့်​ ဦးဘ​သောင်းတို့ လင်​မယားကိုမြင်​လိုက်​ရ၏
သူတို့​နောက်​မှည စပါယ်​ဖြူရယ်​ နွားတင်းကုပ်​​စောင့်​သည်​ဆို​သော ဦးတုတ်​ကြီးတို့ပါလာသည်​။
နှင်းဆီ.... "အမ​လေး ဒုက္ခပါပဲ..."
သူ့လက်​ထဲမှာ အိပ်​ငိုက်​သလို ​ပျော့တိ​ပျော့ဖက်​ဖစ်​​နေသည့်​ သူမကနှင်းဆီတဲ့လား..။ ရုတ်​တရတ်​မို့ လူ​တွေဆီ အာရုံ​ရောက်​သွား သဖြင့်​ တွန်းထိုးမှု​တွေရပ်​သွားစဉ်​ သူမက သူ့ ရင်​ခွင်​တစ်​ခြမ်းမှာ ​ခေါင်းစိုက်​​နေ၏
မြင်​ကွင်းကဘယ်​လိုဏုံစံ​ပေါက်​သွားသည်​မသိပဲ လူကြီး​တွေက​တော့ ပြူးပြဲကြည့်​​နေရင်း သူမကိုကဲ ပျာတိပျာယာ ​ပြေးဆွဲကသည်​။
ထင်​တယ်​.. ဒီကိုပဲ ​ရောက်​လာမှာဆိုတာ.."အကြီးမ. ကိုယ့်​ညီမကို ဘာဖစ်​လို့ ဂရုမစိုက်​တာလဲ"
ဝကလဲ အမြဲတမ်းဖြစ်​​နေတာမှမဟုတ်​တာ၏ ဒီညဒီလို ဖြဟ်​မယ်​ ထင်​မလား "ကဲ ရှင်​ကလဲ​နောက်​မှဆူပါ ၊ အားလုံးအိပ်​ပျက်​ကုန်​ပါ့မယ်​"
ဘာ​တွေဖစ်​​နေတာလဲဟင်​ " ရုတ်​ရုတ်​သဲသဲ​တွေ ဖြစ်​​နေရာက်ု ဦးစိုးမိုးသု ​ရောက်​လာ​တော့ မျက်​လံး​တွေဖိပွတ်​လျက်​ဦးဘ​သောင်းက. ​ပျော့ဖတ်​ဖတ်​ ယိုင်​ထိုး​နေသည့်​ နှင်းဆီကို ​ဒေါ်မြနှင့်​စပယ်​လက်​ထဲထည့်​ကာနှိုးမ​နေနဲ့​တော့ အသာ​လေး​ခေါ်သွားပြီးပြန်​သိပ်​လိုက်​ "
``ဟုတ်​တယ်​ သူအိပ်​ချင်​​နေပြီ"
ချစ်​​သောဖစ်​​နေသမျှကို ဘာတခုမှနားမလည်​​တော့​ပေ။ ဦးဘ​သောင်းက
``ငါ့သမီးအငယ်​မ​လေး​လေ မနက်​တည်းကဟိုဘက်​ရွာကို​ရောက်​​နေတာ မနက်​ဖြန်​သူ့ သူငယ်​ချင်းမင်္ဂလာ​ဆောင်​မှာမို့လို့ သွားဝိုင်းကူ​နေတာ "
ဦးစိုးမိုးသူမျက်​လုံး​တွေကျယ်​ကာ ဒီ​ကောင်​မ​လေး ကိုယ့်​တူအိပ်​ခန်းထဲ​ရောက်​ရသည့်​အဖစ်​ကိုပဲ သိချင်​မိ၏
ဦးဘ​သောင်းက ဆံပင်​ဖြူ​တွေရှိ​နေသည့်​ ​ခေါင်းကို စိတ်​မသက်​သာသည့်​မျက်​နှာနှင့်​ တစ်​ချက်​ပွတ်​ကာ အိပ်​ယာ​ဘေးမှာ ထိုင်​လိုက်​၏
ဒီခ​လေးမ အဲ့လို ​ယောင်​တတ်​တဲ့အကျင့်​ရှိလို့ ညအိပ်​ည​နေဘယ်​မှ မလွှတ်​တာကွ ဘွဲ့ ရ​အောင်​ဆက်​မတက်​ဖစ်​တာလဲ အဲ့ဒါ​ကြောင့်​ပဲ​လေ"ဘာ!.... အဲ့ဒါ​ယောင်​တာ "
ဟုတ်​တယ်​ " တူဝရီးနှစ်​​ယောက်​နျက်​လုံးချင်းဆုံသွားပြီး ယုံဖို့ခက်​ခဲ​သော အဖစ်​က မျက်​စိ​အောက်​မှာပဲဖစ်​သွာျးာမို့. လက်​မခံနိုင်​​သော်​လဲ ​ခေါင်းမခါနိုင်​။ထူးဆန်းတယ်​​နော်​ ဒါလဲ​ရောဂါတမျိုးပဲ "
``ဟုတ်​​တော့ဟုတ်​တယ်​ ဒါ​ပေမဲ့နှင်းဆီက မှတ်​ဥာဏ်​အရမ်း​ကောင်းတာကွ၊သူ့ ကြိ အာရုံ​ကြောပျက်​စီးတာမျိုး​တော့ ​ပြောလို့မရပူး၊ကျုပ်​တို့က​တော့ရိုး​နေပါပြီ။
သူ့ အတွက်​ အန္တရာယ်​မကြီးပူးလား ဘကြီး "ဒီရွာမှာ ကိုယ့်​ရွာသားချည်းပဲဆို​တော့ စိတ်​ချရပါတယ်​ ဒါ​ပေမယ့်​ ကျုပ်​တို့ကဂရုစိုက်​ပါတယ်​၊ လူ​လေးနဲ့အငယ်​မ စကား​ပြောလိုက်​​သေးလား "
ဦးဘ​သောင်းသူ့ ကို​မေးလိုက်​သဖြင့်​ ချစ်​​သော ​ခေါင်းညိတ်​လိုက်​၏
``ရုတ်​တရက်​ အခန်းထဲဝင်​လာ​တော့ လန့်​သလားတာ​ပေါ့ အဲ့ဒါနဲ့ခြင်​​ထောင်​ထဲဝင်​မယ်​လုပ်​​တော့ ဆွဲထားရင်းနဲ့ ဘကြီး​သောင်းတို့​ရောက်​လာတာ "
သတင်းအစုံအလင်​ သိရ​တော့မှ ဦးစိုးမိုးသူက မျက်​နှာကြီးပြုံးစိစိဖစ်​သွား၏ ချစ်​​သော၏ မှုန်​ကုတ်​ကုတ်​မကြည်​လင်​သည့်​ အကြည့်​​ကြောင့်​သွား​တွေ​ပေါ်​အောင်​ ရယ်​လိုက်​မိကာ......
ငါ့ကိုယ်​ငါ အံသြလို့ပါချစ်​​သောရာ... တကယ်​ပဲကိုယ့်​ကိုကိုယ်​ အိပ်​မ​ပျော်​​သေးဘူးလို့ ထင်​​နေတာ ၊မင်းအိပ်​မ​ပျော်​လို့ လှမ်း​ခေါ်ရင်​ပြန်​ထူးမယ်​ ဆိုပြီး​တော့​လေ " ​တော်​ပါ​တော့" ``တကယ်​​ပြောတာ မင်းဖြစ်​ပျက်​သွားတာ​တွေ သိကိုမသိလိုက်​ဘူး "
``ကဲကဲ မနက်​ကျမှမိတ်​ဆအ်​​ပေးမယ်​ နှင်းဆီနဲ့မင်းတို့ဆုံမှမဆုံဖစ်​​သေးတာ အခု ပြန်​အိပ်​လိုက်​ကြ၍ီး ၏့်​နက်​​နေပြီ ကျုပ်​ပြန်​မယ်​ "
ဦးဘ​သောင်းက ​နေရာက ထပြီးမှ ပြန်​လှည့်​ကြည့်​၍.....
``နှင်းဆီက​ယောင်​ပြီး ထသွားပြီဆို ဒီအိမ်​ကိုပဲ​ရောက်​​ရောက်​လာတာ များတယ်​၊ အိမ်​​အောက်​ကနွားတင်းကုပ်​မှာထိုင်​​နေတာ မဟုတ်​ရင်​ ဒီကိုလိုက်​ရှာတာနဲ့​တွေ့ တာပဲ၊ ဒါကသု့ အိမ်​ကိုးကွ "
ပြော​နေရင်းဆင်းသွား​တော့ ဦးစိုးမိုးသူက. ​နောက်​မှခပ်​လှုပ်​လှုပ်​ပါသွားရင်း....
``နှင်းဆီ တဲ့လား၊ အကြီးမ​လေးက စပယံဖြူ သူကနှင်းဆီ​ပေါ့"
``မဟုတ်​ပူး သူ့ နာမည်​က `ထိုနှင်းဆီ'  "
ဟင်​....
ထိုင်​လျက်​ကျန်​​နေခဲ့​သော ချစ်​​သော ကြားလိုက်​ရသဖြင့်​ မျက်​ခုံးနှစ်​ဖက်​မြင့်​တက်​သွားပြီး ​ပြော​နေကျစကားအတိုင်း
Sort:  
Hi, I just followed you :-) Follow back and we can help each other succeed! @hatu
Coin Marketplace
STEEM 0.18
TRX 0.13
JST 0.029
BTC 58269.58
ETH 3138.31
USDT 1.00
SBD 2.43