ကျွန်တော်တို့စုံတွဲsteemCreated with Sketch.

in #love6 years ago

ကျွန်တော်သူမကိုအရမ်းချစ်ပါသည်
သူမရဲ့မျက်ဝန်းလှလှတွေကိုချစ်သည်သူမရဲ့နှုဆ်ခမ်းပါးပါးလေးတွေကိုချစ်သည်သူမရဲ့လှုပ်ရှားဟန်တွေကိုချစ်သည်
ပြောရမယ်ဆိုရင်သူမနဲ့ပတ်သက်သမျှလားလုံးကိုချစ်သည်
အချစ်မှာအသွားအပြန်ရှိတယ်ဆိုတာတကယ်လားမသိ သူမလဲကျွန်တော့်ကိုအသက်နှင့်အမျှချစ်ပါသည်တဲ့ ပျော်လိုက်သည့်ဖြစ်ခြင်းး
ချစ်သူချင်းသူရောကိုယ်ရောအသဲအသက်တမျှချစ်တယ်ဆိုတာသည်ခေတ်မှာအလွန်ကိုရှားသွားပြီမဟုတ်လား
ကျွန်တော်ကတောင်သူသားသမီးဆိုတော့တောင်သူပဲလုပ်ရပါတယ်
ရုပ်လဲမချောပါဘူး အသားလား မည်းတာပေါ့ အလုပ်ကြမ်းသမားကိုးးဗျ
ပိုက်ဆံလဲမချမ်းသာပါဘူး
ဘာကြောင့်ချစ်တာလဲလို့ကျွန်တော်သူ့ကိုအကြိမ်ကြိမ်မေးခဲ့ဖူးပါတယ်
သူကကျွန်မချစ်တဲ့မောင်ဟာမောင်မို့လို့ချစ်တာပါတဲ့
ပိုပျော်ရပြီလေ ကျွန်တော့်လို၆တန်းထွက်နဲ့အလုပ်ကြမ်းသမားတစ်ယောက်ကိုသူ့လိုကျောင်းဆရာမတစ်ယောက်ကချစ်တယ်ဆိုတော့ဘာပြောရမှန်းတောင်မသိတော့ဘူး
သူနဲ့ကျွန်တော်ဘယ်လိုစတွေ့သလဲလို့ခင်ဗျားတို့တွေးနေမှာပေါ့
တွေးချင်လဲတွေးလောက်စရာပဲလေ သူမလိုယဉ်ယဉ်လေးနဲ့အသက်ရှူမှားလောက်အောင်ချစ်စရာကောင်းတဲ့အစိမ်းအဖြူဝတ်ဆရာမလေးနဲ့ကျွန်တော်နဲ့ဆိုတာဆီနဲ့ရေ ငါးပိနဲ့ပေါင်မုန့် မသာနဲ့နားဋောင်းလိုဘယ်လိုမှကြည့်လို့လိုင်ဖက်မှာမဟုတ်ဘူးဆိုတာတွေ့တဲ့လူတိုင်းခံစားမိကြမှာချည်းပါပဲ
ဒါပေမဲ့သူမကိုကျွန်တော်ချစ်တယ်
သူမကလဲနောက်တစ်ယောက်မရှိနိုင်တော့မဲ့အချစ်မျိုးနဲ့ကျွန်တော့်ကိုချစ်တယ်
ပြီးပြီလေ
ဘယ်သူဖျက်ဖျက်မပျက်နိုင်တဲ့အချစ်ဆိုတာမတွေ့ဖူးရင်ကျွန်တော်တို့အတွဲကိုလာကြည့်ပေါ့
အားကျသွားစေရမယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62980.29
ETH 2631.01
USDT 1.00
SBD 2.82