အလွမ်းကျောင်းမှာ ပန်းလာကောက်တဲ့ ကောင်မလေး (အပိုင်း ၆
အလွမ်းကျောင်းမှာ
ပန်းလာကောက်တဲ့
ကောင်မလေး
(အပိုင်း ၆)
"လာလာ ခိုင်သဇင်ကြည်ရေ "
ဟင့် နာမည်ကိုက အငြိမ့်သမလိုလို လာပါပြီ Labour ကောင်လေးကပစ္စည်းတွေသယ်ရင်းသူကရှေ့ကဦးဆောင်ပြီး ရုံးခန်းထဲကို ရို့ရို့လေးဝင်လာရင်း ခေါင်းညွတ်နုတ်ဆက်လေသည်
ကိုယ်ကတော့ ဟွန့်ဆိုပြီ မဲ့ပြမိလိုက်လားမသိ သူမကတော့မျက်လွှာချလျှက်
"ဆရာ ခွင့်လွတ်ပါနော်"
အင်း ခက်တော့နေပြီ အင်းလေသနားစရာလေး သူကအပစ်မရှိပါဘူးလေ သူ့ခဗျာအနေရခက်နေပါ့မယ်
"ဟာ ရပါတယ်ညီမရယ် ညီမကအပစ်မှမရှိတာ အပစ်ရှိတာက ဒီကောင် မင်း ဒီညတော့ လုပ်လိုက်တော့ကွာ"
ထုံးစံအရ ဂွင်ဝင်တုန်းဒီကောင့်ကိုညှင်းဆဲရမည်လေ
"ညီမထိုင်နော် နာမယ်က ဘာတဲ့"
သူမရိုကျိုးစွာကုလားထိုင်မှာဝင်ထိုင်ရင်း
"ခိုင်သဇင်ကြည်ပါဆရာ ခိုင်လို့ခေါ်ပါဆရာ"
သူမရဲ့မျက်ဝန်းပြာပြလေးကိုခုမှသတိထားမိသည် အို ခိုင်သဇင်ကြည်တဲ့လား
အတွေးထဲရူပ်ခတ်သွားလေပြီ
ခိုင် ငင် ဟုတ်များနေလားမသိတော့
စိတ်တွေယောက်ယက်ခပ်သွားလေပြီ
"ခိုင်သဇင်ကြည် တဲ့လား "
"ဟုတ်"
"ညီမကဘယ်ဇာတိလဲဟင်"
"ခိုင်ကရွှေဘိုကပါရှင့်"
ကြားထဲက အောင်မြင့်မနေနိုင်တော့
"ရွှေဘိုကလေ မန်းလေး Gtcက epနဲ့ကျောင်းပြီးတယ် မင်းဘာသိချင်သေးလဲ"
"ဟုတ်ဘူး အောင်မြင့်ရဲ့ ခနငါမေးပြရစေအူး"
"ခုနကတော့စိတ်တိုနေတာဆို"
"အေးပါ ခနလေးပါ ငါသိချင်တာရှိလို့"
"ညီမမှာအမရှိလားဟင်"
သူမမျက်ဝန်းကိုမလွတ်တမ်းကြည့်ပြီးသူမအဖြေကိုမျှော့်လင့်တကြီးစောင်းစားရင်း
"ဟုတ် အမတစ်ယောက်ရှိပါတယ်ရှင်"
"နာမည်က?"
ကိုယ့်မျက်လုံးတွေအရောင်တောက်နေမယ်ဆိုတာ ကွကိုယ်ပဲသိတယ်လေ ဘာကြောင့်လဲဆိုတာလည်း ကွကိုယ်ပဲသိတာပေါ့
"မမနာမည်က ခိုင်နှင်းဆီနီ ပါရှင့်"
"ဟာ "
မှင်သက်မက်မောစွာ ကျေကွဲရပါပြီ တချိန်က နှလုံးသည်းပွတ်ချစ်လှပါသောခိုင်
နှစ်ယောက်တကမ္ဘာတည်ထောင်မယ်ဆိုသောခိုင်
ဘဝအဆက်ဆက်မခွဲတမ်းခိုင်မြဲပြစေဆိုတဲ့ခိုင်
ကိုယ်တို့ဘာကြောင့်ဝေးသွားရတာလဲခိုင်ရယ်
"ဟေ့ရောင် မင်းဘာဖြစ်"
အောင်မြင့်ရဲ့စကားသံကြားမှ အတိတ်ကရုန်းထွက်ရင်း
"အော် တခြားဟုတ်ပါဘူးကွာ "
"ဆရာက မမကိုသိလို့လားရှင့်"
အယ် ခက်ပြီ ဘာဖြေရမလဲ သိဘူး သိဘူး
အာ့လိုပဲဖြေလိုက်တော့မယ်ကွာ
"သိပါဘူး ကဲပါ ပစ္စည်းတွေထားခဲ့လေ"
"အေးပါ မင်းကြည့်ပြီးရင်အကြောင်းပြန်ပေးလေ ငါတို့သွားတော့မယ်နော်"
ဆွံအမိ
"ဆရာ ခွင့်ပြုပါအုးရှင့်"
မှင်သက်စွာငေးမောမိ ထပ်သူကျမတူပေမယ့် ပြောပုံဆိုပုံ မျက်နှာအကျ ကိုယ်ခန္ဓာအချိုးအဆစ်တွေက ခိုင်မှခိုင်ဆိုတာ ကြည့်လေပိုထင်းရှားလေပါလားကွယ်
"သွားတော့မယ်လို့"
အောင်မြင့်ကပြောလဲပြောထလဲထမှ
"အေးပါကွာ ငါဖုန်းဆက်လိုက်ပါ့မယ်"
"မဆက်နဲ့ ငါပဲဆက်မယ် ရုံးဆင်းချိန် ok"
အောင်မြင့်ရင်ထဲမေးခွန်းများစွာရှိလိမ့်မယ်ဆိုတာ
ခိုင့်ရဲ့ညီမ ခိုင်လေးရင်ထဲမှာလဲမေးခွန်းများစွာရှိနေမယ်ဆိုတာ
ပုံပျက်ဆင်းပျက်ဖြစ်နေတဲ့ကိုယ့်အနေအထားကြောင့်ဆိုတာ သိပါတယ်
"အေးပါ ငါလိုက်မပို့တော့ဘူးနော်"
"Ok သွားပြီ"
"ဘိုင့်"
အောင်မြင့်နှင့် ခိုင်လေးတို့ထွက်ခွာသွားတဲ့နောက်မျက်လုံးကလိုက်ကြည့်နေပေမယ့်
စိတ်တွေက ဟိုးးးးအဝေးမှာကျန်ခဲ့တဲ့အပျော်တွေ အလွမ်းတွေ မျှော်လင့်ခြင်းတွေပျက်သုန်းခြင်းတွေပြည့်နက်နေတဲ့ အတိတ်တွေဆီပေါ့. . .