မိန်းက​လေးတစ်​​ယောက်​ တကယ်​ချစ်​လာရင်

in #love6 years ago

မိန်းက​လေးတစ်​​ယောက်

တကယ်​ ချစ်​လာတဲ့အခါ

သာမန်​ထက်​ ပိုရစ်​လာတတ်​​ပေမယ့်

သည်းခံစိတ်​ရှည်​ခြင်း မြင့်​မားလာတယ်



အတိတ်​ကဇာတ်​လမ်း​တွေကို

စကားနာမထိုးတတ်​​တော့ဘဲ

လက်​ရှိအ​နေအထားမှာ သူမက

သ​ဘောထားပြည့်​ဝသူအဖြစ်

ခိုင်​ခိုင်​မာမာ ရပ်​တည်​လာတတ်​တယ်



ဘေးစကား​တွေ နားမ​ယောင်​တတ်​​တော့ဘဲ

ပြဿ နာတစ်​ခုကို ​ခေါင်း​အေး​အေးနဲ့

ဖြေရှင်းလာတတ်​သလို

အ​ပေါင်းအသင်း​တွေနဲ့ သူမရဲ့ အချိန်​​တွေကို

ကုန်​ဆုံးမှုနည်းလာ​စေပြီး

သူမ ချစ်​ရသူကိုပဲ အချိန်​​တွေ ပုံအပ်​လာတတ်​တယ်



အ​လျော့​ပေးလာတတ်​ပြီး

စကား​ပြောဆိုရာတွင်​ ချိုချိုသာသာ​ပြောတတ်​လာကာ

အလှအပကို သာမန်​ထက်

မက်​​မောလာတတ်​တယ်



အချစ်​စိတ်​​ကြောင့်​ပဲလား မသိ

က​လေးဆန်​မှု​တွေ ​လျော့နည်းလာကာ

တည်​ငြိမ်​ရင့်​ကျက်​လာပြီး

ဘဝအတွက်​ ​လေးနက်​တဲ့အစီအစဉ်​​တွေကို

ရေးဆွဲပြင်​ဆင်​​နေတတ်​တယ်



ဘယ်​​လောက်​ပဲ ​ပျော်​​ပျော်​​နေတတ်​တယ်​ဆို​ပေမယ့်

တစ်​​ယောက်​တည်း တိတ်​ဆိတ်​စွာ

ငို​ကြွေး​နေတတ်​ပြန်​တယ်



နှလုံးသားထဲက ​နေရာယူထားသူ

တစ်​​ယောက်​တည်းကိုပဲ အာရုံစိုက်​​နေတတ်​ပြီး

ဘယ်​​လောက်​ပဲ အစစအရာရာပြည့်​စုံသူဖြစ်​ပါ​စေ

သူမကို ချဉ်းကပ်​လာရင်

ပြတ်​သားစွာ ငြင်းဆန်​လာတတ်​တယ်



သာမန်​ထက်​ သတ္တိ​တွေရှိလာပြီး

ချစ်​သူနဲ့ ပတ်​သက်​လာရင်​ မိဘနဲ့ အသိုင်းအဝိုင်း

ပတ်​ဝန်းကျင်​ကို​တောင်​မှ

ရင်​ဆိုင်​ရဲလာတတ်​တယ်



ဆုံးဖြတ်​ချက်​တစ်​ချို့်​ကို

ပြတ်​သားစွာချတတ်​လာပြီး

အသုံးအစွဲကြီးသူ ဖြစ်​ခဲ့ရင်​​တောင်​မှ

ကပ်​​စေးနှဲ လာတတ်​တယ်



မိန်းက​လေးတစ်​​ယောက်​က

အချစ်​နဲ့ ထိ​တွေ့သွားတဲ့အခါ

နဂိုထက်​ သိသိသာသာ

ပြောင်းလဲလာခြင်းအ​ကြောင်းက

အချစ်​​ကြောင့်​လို့ တထစ်​ချ စွပ်​စွဲလို့ မရတတ်​​ပေမယ့်

သူမ ချစ်​ရသူကို ဆုံးရှုံးသွားမှာ စိတ်​ပူတဲ့

စိတ်​​ကြောင့်​ပဲ ပြုပြင်​​ပြောင်းလဲလာတယ်​ဆိုရင်

ပိုမှန်​ပါလိမ့်​မယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.030
BTC 59218.43
ETH 2534.91
USDT 1.00
SBD 2.44