မမုန်းပါနဲ့
မမုန်းပါနဲ့
"မငိုနဲ့တော့နော်....."
"...."
"ဒီမှာ ထိုင်...."
ဝတီအိပ်ယာပေါ်ထိုင်ချလိုက်သည်။ မျက်ရည်စများနှင့်ဝတီ့က စစ်သွေး ကို မော့ကာကြည့်၏။ သူမရှေ့ ထိုင်ချလိုက်ပြီး မျက်ရည်သုတ်ပေးလိုက်သည်။
"မငိုနဲ့ နော်......"
ဝတီက ခေါင်းငြိမ့်သည်။
"အော်....ဦးဝတီ့အတွက် လက်ဆောင် ပေးမလို့.."
အခန်းဝရှေ့ ကျနေတဲ့ လက်ဆောင်ဘူးကို သွားယူပြီး သူမလက်ထဲ ထဲ့ပေးလိုက်သည်။ သူမက ဖွင့်ကြည့်လိုက်ပြီး....
"ဦး...."
"ကြိုက်လား.....ဦးသိပ်မရွေးတတ်လို့.."
"ငယ် အရမ်းကြိုက်တယ်..."
သူမက ဒေါက်ဖိနပ် လေးကို တယုတယ ကိုင်တွယ်လိုက်သည်။
"လှတယ်...စင်ဒရဲလား ဖိနပ်လေးလိုပဲ..."
"ညကျရင်.....စီးခဲ့နော်..."
"အင်း....ကျေးဇူးနော် ဦး..."
ပြုံးပျော်နေတဲ့ ဝတီ့ကို ကြည့်ပြီး ကိုယ်ပါပြုံးလိုက်သည်။
❤❤❤❤❤
"ဝတီ...အဆင်သင့် ဖြစ်ပြီလား..."
စစ်သွေး ငယ့်အခန်းရှေ့ရပ်ကာ ပြောလိုက်သည်။
"ပြီးပြီ ဦး....ငယ်လာပြီ.. "
ငယ့်ပြန်ဖြေသံနဲ့အတူ ငယ်တံခါးဖွင့်ကာ ထွက်လာ၏။ ပန်းနုရောင် ဂါဝန်လေးနဲ့ သူမ သိပ်လှနေသည်။ ပန်းရောင်တွေ မဝတ်နဲ့လို့ ပြောထားတာကို......တကယ်ဆို သူမ ကိုယ့်ကို ရင်မခုန်ခုန်အောင်လုပ်သည်။ အယောင်ယောင်အမှားမှား ကိုယ့်ရင်ဘတ်ကို လက်နှင့်အုပ်ကာ ကိုင်လိုက်မိသည်။ ရင်ခုန်သံတွေ သိပ်မြန်နေသည်။
"ဟို....ငယ်တို့သွားတော့မလား..."
ငယ်က ခေါင်းငုံ့ကာ ပြောသည်။ ကိုယ်က စူးစိုက်ကြည့် နေမိတာကိုး.....
"သွားမယ် လေ....."
"ဘယ်သွားမလို့လဲ သား..."
လှေကားအဆင်း မေမေနဲ့ တွေ့သည်။မေမေ့ကို ကြိုမပြောထားတာမို့ မေမေက မေးခြင်း.....
"သားတို့ သူငယ်ချင်း ပါ မွေးနေ့လုပ်တာ အဲ့တာ..."
"ကြိုတော့မပြောဘူး ....ငယ့်ကို ပါ ထည့်လိုက်မှာပေါ့....ဒါမှ အပြင်နဲ့ အဆက်အသွယ် ရှိမှာ...."
"ဟို....."
"အဲ....ငယ်ကကော ငယ်သွားမလို့ြ့ပင်ထားတာလဲ....မဟုတ်မှလွဲရော... "
မေမေက ငယ့်ကိုမြင်တော့အထူးအဆန်း မေးသည်။မထူးတော့ပြီ......
"သားခေါ်သွားမလို့လေ...မေမေပြောမှာ ကြိုသိနေလို့ နောက်ကျတော့မယ် သွားတော့မယ်.. .ဝတီ မြန်မြန်.. "
သခိုးလူမိဖြစ်ကာ ရှက်၍ မြန်မြန် ထွက်သွား တဲ့ သားကို ကြည့်ကာ ပြုံးလိုက်သည်။တကယ်ဆို သားအခုတလော ငယ်လေးကို ခံစားချက်တွေ ရှိနေတာ ရိပ်မိသည်။
"ငယ်လေး...မြန်မြန် လိုက်သွားလိုက်.. .တော်ကြာ သားအော်နေဦးမယ်...."
"အင်း...မေကြီး ငယ် သွားတော့ မယ်..."
"နေဦး ...တစ်ခုခု မေ့နေတယ်ထင်တယ်..."
မေကြီးက ပါးကို လက်ညိုးထောက်ကာပြောသည်။
"ဟီး...အာဘွား မေကြီး..."
ငယ်အပြေးဆင်းကာသွားသည်။
"အ......"
ငယ် ခြေချော်ကာ လဲကျမလိုဖြစ်သွားသည်။ လဲမကျသွားတာ တစ်ယောက်ယောက် ထိန်းလိုက်တာမို့......
"ကျေးဇူး...."
စစ်သွေး လှည့်ကာ ကြည့်လိုက်တော့ သူမက ဟိုကောင်လေး ရဲ့ ရင်ခွင်ထဲ.....မြင်လိုက်ရတာနဲ့ တပြိုင်နက် ဒေါသထွက်လာသည်။
"ဝတီ.......နောက်ကျနေပြီ...မြန်မြန် လာ...."
ဒေါသတကြီး အော်ကာပြောလိုက်ရင်း ကားထဲ ဝင်လိုက်သည်။
"ဟို ဝတီသွားတော့မယ်နော်..."
"အင်း......"
"...."
"ဟိုလေ...ဝတီ..."
တံခါးဝအရောက် ဝတီ့ကို ခေါ်လိုက်တာမို့ ဝတီလှည့်ကြည့်လိုက်သည်။
"ဘာမဟုတ်တော့ဘူး ....မင်းအရမ်းလှတယ် ပြောမလို့..."
"ဝတီ..."
ဦးကအော်လိုက်တာမို့ ဝတီသူ့ကိုဘာမှ ပြန်မပြောတော့ပဲ ကားဆီသွားလိုက်သည်။
❤❤❤❤❤
"ဟင်...."
ကားထားရာနေရာနှင့် မွေးနေ့ကျင်းပတဲ့ နေရာက အတန်ငယ် ဝေးတာမို့ လမ်းလျှောက် ကာ သွားရသည်။ ဦးဘေးနားက ယှဉ်လျှောက်ရင်း လေပြေလေးက ဖွဖွလေး တိုက်ခတ်ကာ ဦးရေမွှေးနံကို ရလိုက်သည်။ ဦးဘေးနားက ယှဉ်လျှောက်နေရပါလားဆိုသော အသိက ရင်ကို တုန်ရီလှိုက်မော စေသည်။ ထိုအချိန်တွင် ဦးက ငယ့်လက်ကို ဆုပ်ကိုင်လိုက်သည်။
"မင်း....မသိတဲ့ သူတွေနဲ့ဆိုတော့ .....တမျိုးဖြစ်နေမှာ ဆိုးလို့..."
ငယ်ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။ ဒီလိုတော့လဲ ဂရုတစိုက်ရှိပါလား ဆိုပြီး ငယ်စဉ်းစားမိတော့ ရင်ထဲတလှပ်လှပ်ဖြစ်လာပြန်သည်။
သူမလက်သေးသေးလေးကို စစ်သွေး ဆုပ်ကိုင်ရင်း ရင်ခုန်သံမြန်လာသည်။ တကယ်ဆို ဒီမှာ လူတွေ အများကြီး ရှိတာ သူမကို ယောကျာ်းလေး တွေ ငေးကြည့်မှာ မလိုလား...။ သူမမှာ ကိုယ်ရှိကြောင်း သူမလက်လေး ဆုပ်ကိုင်ရင်းပြရမည်။ ဒါကို သဝန်တိုတယ်လို့ ခေါ်တာလား...မသေချာ...။ကိုယ်ကလွဲရင် သူမကို တခြားသူကိုမကြည့်စေချင်သလို...ကိုယ်ကလွဲရင် တခြားသူကို သူမကြည့်တာကိုလဲ မကြိုက်.....။
"လာ.....လာ..စစ်သွေး မင်းကိုစောင့်နေတာ."
"....."
"ဟျောင့်.....သူလေးက..."
မေးလာသော မင်းခန့်ကို စိုက်ကြည့်လိုက်မှ....
"အေးပါကွာ......လာ လူစုံနေပြီ..."
"အ...."
ငယ် ဒေါက်အချွန်တွေ စီးလေ့မရှိတာကောမို့ ခြေထောက်ခေါက်သွာသည်။ မလဲ ကျသွား၍ တော်သေးသည်။
"ရလား...ဝတီ..."
"အင်း...."
ဝတီဦးကို ပြုံးပြကာ ထိုင်လိုက်သည်။ ဦးက ငယ့်လက်ကို မလွှတ်သေးပဲ ကိုင်ထားသည်။ ငယ် နဲနဲ ရုန်းလိုက်သော်လည်း ဦးက မလွှတ်တမ်း ဆုပ်ကိုင်ထားသည်။
ဦးသူငယ်ချင်း တွေက ငယ့်ကို အကဲခတ်နေတာ နေရခတ်သည်။ မသိတဲ့ လူတွေကြားနေရတာ ငယ့်အဖို့ အဆင်မပြေ.. .....ဦးသူငယ်ချင်း တွေဖြစ်နေတာမို့ ပိုဆိုးသည်။
စားစရာသောက်စရာတွေ ရောက်လာမှ ဥိးက ငယ့်လက်ကို လွှတ်ပေးသည်။
"ဝိုင်...."
"မလိုဘူး...သူသောက်လို့မရသေးဘူး...."
"ဘာ....စစ်သွေး.. ..မင်း ကတော့ ကလေး မုန့်ပေးကြိုက်တာလား....? အသက်မပြည့်သေးတဲ့ ကလေးကိုကွာ....."
"ဒါကြောင့် ဟို့နေ့က အသဲအသန်ခံစားနေရတာနေမှာပေါ့....ဘယ်သူများလဲလို့ ...လတ်စသတ်တော့ ကလေးလေး ကို ချိန်နေတာကို..."
"ဟျောင့်တွေ....တော်တော့...."
တကယ်ဆိုစစ်သွေး အမှန်လဲ ဝတ်ီကို ခေါ်လာခြင်းမှာ ကိုယ်သူမကို ကိုယ့်လူဖြစ်ကြောင်း သိစေလို၍ဖြစ်သည်။ပေါ်တင်ကြီး ပြောတော့ သူမ နေရခက်မှာ စိုးရိမ်သည်။
"ငါတို့ ပြန်တော့မယ်.. ."
ခဏလောက် သူငယ်ချင်း တွေနဲ့စကားပြောပြီး စစ်သွေး ပြန်တော့မယ်ဟုပြောလိုက်သည်။ သူမ ပျင်းနေလိမ့်မည်.....
"နေပါဦးဟ..."
"မင်းကလဲ...."
"လုပ်စရာလေးတွေရှိသေးတယ်....လာ ဝတီ...ငါတို့သွားပြီနော်.."
သူငယ်ချင်း တွေကို နုတိဆက်ရင်း ဝတီ့လက်ကို ဆွဲကာ ထွက်လိုက်သည်။
"အ..."
ငယ်ခြေထောက် က ချော်သွားပြန်သည်။ ဦးက သေချာကိုင်ပေးလိုက်၍ လဲ မကျသွားချင်းဖြစ်သည်။
"ရလား...."
"အင်း.. ..."
လမ်းနည်းနည်းလေလျှောက်လိုက်တော့ ခြေထောက်က နာလာသည်။ အဆစ်လွဲသွားသလား မသိ....။
"ရလား..."
သူမ က ရတယ်ပြောသော်လည်း အဆင်ပြေ ဟန်မတူ....
"လာ....ဟိုမှာခဏ ထိုင်ရအောင်...."
လူလဲ ရှင်းပြီး ထိုင်စရာလေးက အသင့်ရှိတာမို့ သူမကို ဖြေးဖြေး တွဲရင်း ထိုင်ခိုင်းလိုက်ပြီး သူမရှေ့ထိုင်ချကာ သူမ ခြေထောက် ကို ကိုင်လိုက်သည်။
"အ....ဦး...."
"နာနေတယ်မလား...."
"ရတယ် ဦး...ငယ်လုပ်လိုက်မယ်..."
"ဦးလုပ်ပေးမယ် .....ဆောရီး ဦးဒီလိုဖိနပ်ဝယ်ပေးလို့ ဖြစ်ရတာ...."
ငယ်ဂရုတစိုက် ရှိနေလွန်းသည့် ဦးကို စိုက်ကြည့်နေလိုက်သည်။
"နာသေးလား...."
ဦးက မေးရင်း မော့ကြည့်တော့ မျက်လုံး ချင်းဆုံကာ ရင်တွေခုန်လာသည်။ လေပြေညှင်းညှင်းလေး တိုက်သွားသည်။ ဦးနဲ့နှစ်ယောက်ထဲ ရှိတယ်ဆိုသော အသိကြောင့်ရင်ထဲ ခုန်၍လာပြန်သည်။အတန်ကြာမှ ငယ်အရင် မျက်နှာ လွှဲလိုက်သည်။
"ငယ်...."
စစ်သွေး သူမမျက်နှာကို ကိုယ့်ဘက် ဆွဲလှည့်လိုက်သည်။ ရင်ခုန်သံ တွေကို ကြားနေရသည်။
"ဦး...ငယ့်ကို မမုန်းပါဘူး..."
"ဟင်...."
ဦးက အဆက်အဆက်မရှိ ပြောကာ ဦးမျက်နှာ က တိုးကပ်လာသည်။ ရင်ခုန်သံ တွေက ဒုတ် ဒုတ်ဟုပင် မမြည်နိုင်တော့ပဲ တဒုန်းဒုန်း တဒိုင်ဒိးုင်း ဖြစ်လာသည်။
သူမ နှုတ်ခမ်းကို ထိလိုက်မိတာနဲ့ နူးညံ့ တဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။ သူမက မျက်လုံး ပြူးကျယ် ကာ အံသြနေလေသည်ထင်။ ရင်ခုန်သံ တွေက ပို၍ မြန်ဆန်လာသည်။ အူယားစွာ သူမနှုတ်ခမ်းလေးကို ခပ်ဖွဖွ ဖိကိုက်ကာ ထားလိုက်သည်။
ရင်ခုန်သံ တွေက ရပ်တန့်မသွားပဲ နားနှင့်ပင်ကြားနေရသည်။သူမရဲ့ရင်ခုန်သံတွေလား ကိုယ့်ရဲ့ ရင်ခုန်သံ တွေလား မသိ။ သိလဲမသိချင်တော့...သိတာတစ်ခုက သူမကို လုံးဝချစ်နေပြီ ဆိုတာ .......
"ဒုတ်...ဒုတ်...ဒုတ်"[ရင်ခုန်နေတာ....😁😄]