"ရင်​ကိုခွဲတဲ့...မိုးရာသ်ီ´´ Part (1)

in #love6 years ago

"ရင်​ကိုခွဲတဲ့...မိုးရာသ်ီ´´
Part (1)

ဘာလိုလိုနဲ့.....​နောက်​တစ်​ကြိမ်​မိုးရာသီကို​ရောက်​လာပြန်​ပြီ
ဒီမိုး​ရေစက်​​တွေကြားမှာသူနဲ့ဆုံ​တွေ့ခဲ့သလို
ဒီမိုးစက်​​တွေ....ကြားမှာပဲ.........

ဝုန်း....​ဝေါ​ဝေါ....​ဝေါ
ကျောင်းဆင်းချိန်​ကျမှမိုးကအငြိုးနဲ့ရွာ​နေသလားဟုထင်​ရ​လောက်​​အောင်​မိုး​တွေသည်း​နေသည်

``ကျွတ်​...ဒီ​နေ့မှပဲထီးမယူလာပါဘူးဆို´´
ရာရာတစ်​​ယောက်​တည်း...မ​ကျေမနပ်​​ရေရွတ်​မိ​နေတာပါ..ရာရာကလဲရာရာပဲ​လေ...လွယ်​အိတ်​အ​လေးကြီးကိုလွယ်​ရတာမကြိုက်​တာမလို့...အ​ရေးကြီးတဲ့စာအုပ်​​တွေသာထည့်​​လေ့ရှိပြီထီ​ဆောင်​တတ်​တဲ့အကျင့်​မရှိ.​နေ့လည်​က​နေပူ​နေတာမလို့...ည​နေမိုးမရွာလောက်​ပါဘူးဆိုပြီး...ထီးမယူလာခဲ့မိ​ပေ

ဝေါ....​ဝေါ..
ရာရာ့တစ်​ကိုယ်​လုံးမိုး​တွေလဲစိုကုန်​​သော​ကြောင့်​..မိုးခိုမယ့်​​နေရာကို
အ​​ပြေးအလွှား သွားခဲ့မိသည်​...ရာရာမိုးခိုမယ့်​​နေရာမှာ..အရင်​​ရောက်​​နေတဲ့လူတစ်​​ယောက်​ ရာရာ့ထက်​အသက်​ကြီးမယ်​ထင်​သည်​..အသားဖြူဖြူနဲ့...ရာရာကြိုက်​တဲ့project-k dancer group ထဲက ရဲရင့်​​သော်​ရဲ့styleမျိုး...

မိုးရွာထဲတွင်​​ပြေးလွှား​နေတဲ့​ကောင်​မ​လေးတစ်​​​ယောက်​ နှိုင်းမိုးခို​နေ​သော အမိုး​အောက်​သို့အ​ပြေး​လေး​ရောက်​လာခဲ့သည်
ကျောင်းဝတ်​စုံ​လေးနဲ့မိုး​ရေ​တွေရွဲ​နေ​သော ​ကောင်​မ​လေးကို နှိုင်း​ငေး​နေမိသည်​....
နှိုင်းအသက်​၂၆ရှိပါပြီ...ဒီအသက်​အရွယ်​ထိနှိုင်းရင်​ကိုခုန်​​စေမယ့်​မိန်းခ​လေးမျိုး...မရှိခဲ့ပါ..အခုနှိုင်း...​ကောင်​မ​လေး ရဲ့ဖြူစင်​တဲ့အလှ က​လေးဆန်​တဲ့အပြုအမူ​လေး​တွေကို​ငေးရင်း..ရင်​​တွေခုန်​​နေမိတာအတိုင်းအဆမဲ့
ဒီချာတိတ်​​လေးကနှိုင်းရင်​ခုန်​​အောင်​ပြုစား​နေသလားပင်​ထင်​ရသည်​....နှိုင်းကိုကြည့်​တဲ့ပုံစံ​လေးက...မထီမဲ့မြင်​အကြည့်​​လေး...နှစ်​​ယောက်​ထဲရှိ​နေတာမို့...မယုံသလို​လေးနဲ့ ဟိုဘက်​အစွန်​မှာရပ်​​နေတာက
အသည်းယားစရာ
လူကိုမယုံသလိုလုပ်​​နေ​သော​ကောင်​မ​လေးကို
နှိုင်းမ​နေနိုင်​စွာပင်​​ခေါ်လိုက်​မိသည်​..မ​ခေါ်လို့လဲမရ..မိုးကသည်း​နေလိုက်​တာ...တိတ်​ဖို့ပင်​မမြင်

ချာတိတ်​...ဒီဘက်​ကိုလာ​လေ အဲ့ဘက်​ကမိုးပတ်​တရ်​´´ရပါတယ်​...´´

ရာရာ့ကိုများချာတိတ်​တဲ့...လူကိုနိုမ်​သလို​ခေါ်တဲ့အ​ခေါ်​ဝေါ်မျိုးမို့....ရာရာမုန်းပါသည်​...

နှိုင်း...ချာတိတ်​ရဲ့အသံစွာစွာ​လေး​ကြောင်းပြုံးလိုက်​မိသည်​...

``ဘာရပါတယ်​လဲ...လာခဲ့...နမိုးနီးယားဝင်​​အောင်​လို့လား´´

ဟာ...ခင်​များ...ရာရာ့လက်​ကိုဆွဲစရာလား😡´´​သြော်​...ချာတိတ်​ရယ်​...ကိုယ်​က​စေတနာနဲ့ပါ..မင်း​လေး အ​အေးမိမာစိုးလို့...မိုးလုံတဲ့​နေရာကို​ရွေ့ခိုင်းတာပါဗျ´´

ဟွန့်​...ဘယ်​လိုလူကြီးပါလိမ့်​...လူကိုများပိုင်​စိုးပိုနင်းနဲလက်​လာဆွဲရတယ်​လို့...ရွယ်​တူသာဆိုဒီလူကြီးရာရာ့လက်​ချက်​နဲ့နာ​လောက်​ပြီ...

ရတယ်​...မလိုဘူး´´မင်းနာမည်​...ရာရာလား´´
နှိုင်းမ​နေနိုင်​စွာပင်​...​မေးလိုက်​မိသည်

ရာရာ့နာမည်​ကို​​မေးတဲ့လူတိုင်း​ပြောစရာလား´´ရတယ်​​လေ...မ​ပြောလဲကိုယ်​ကချာတိတ်​လို့​ခေါ်ယုံပဲ´´
``ခင်​များနဲ့မှမသိတာ...ရာရာ့ကို​ခေါ်စရာမလိုပါဘူး´´

တကယ်​ဆိုးတဲ့​ကောင်းမ​လေး....မ​ပြောဘူးဆိုပြီး​ပြောလိုက်​တာသတိမထားမိဘူးလားမသိဘူး

``ကိုယ့်​နာမည်​ နှိုင်းယှဉ်​ခ ပါ..ဒီမြို့​လေးကိုဒီ​နေ့မှ​ရောက်​တာ...မင်း​လေးက ကိုယ့်​ရဲ့ပထမဆုံး မိတ်​​ဆွေ..ဘယ်​လိုလဲ ကိုယ့်ကိုပြန်​ခင်​မယ်​မလား´´

``​ဆောရီးပဲ...ရာရာ​တွေ့သမျှလူတိုင်းကိုမခင်​တတ်​ဘူး...´´

``ချာတိတ်​မခင်​လဲ...ကိုယ်​ကခင်​ပြီးသွားပြီဆို​တော့...ဘာပဲဖြစ်​ဖြစ်​ချာတိတ်​က...ကိုယ့်​ရဲ့မိတ်​​ဆွေဖစ်​သွားပြီိ´´

``ကျွတ်​...ခင်​များဘာသာခင်​ချင်​ခင်​ ​မခင်​ချင်​​နေ...ရာရာ​တော့သွားပြ်ီ...မိုးလဲတိတ်​ပြီိ´´

ရာရာတဲ့လား....မင်းလေးကိုကိုယ်​စိတ်​ဝင်​စားသွားပြီ...နှိုင်းယှဉ်​ခ ဆိုတဲ့ကိုယ့်​ကိုသဲသဲလှုပ်​စိတ်​​ဝင်​စားတဲ့သူ​တွေများ​ပေမယ့်​ မင်း​လေး​ကစိတ်​မဝင်​စားဘူးတဲ့လား

ရာရာ...ကိုယ်​တို့ထပ်​ဆုံ​တွေ့ကြပါစို့...


ရာရာ....ဖျားတာသုံးရက်​ရှိပြီ...အခုထိမသက်​သာ​သေး...ရာရာ ဆရာဝန်​ကြီးရဲ့သမီးဆို​ပေမယ့်​...​ဆေးထိုး​ဆေး​သောက်​ ​ကြောက်​သည်..
ခါးတူး​နေတဲ့​ဆေး​တွေကိုလဲမ​သောက်​ချင်​...
ဆေးထိုးတဲ့နာကျင်​မှုကြီးကိုလဲ...မုန်းတယ်

``​ဖေ့သမီး​လေး.....မသက်​သာ​သေးဘူးလား..ဒီတိုင်းဆို​ဖေဆက်​မကု​တော့ဘူး...အသစ်​​ရောက်​လာတဲ​ဒေါက်​တာ​လေးနဲ့ပဲကု​ခိုင်း​တော့မယ်​´´

ဟာ...​ဖေ​နော်​...​ရာရာသက်​သာ​နေပြီိ´´ရာရာ...​ဆေးထိုးစရာမလို​တော့ဘူး...​ဖေရဲ့´´
``ရာရာ....သမီး​လေး​ဆေးမ​သောက်​ပဲလွှင့်​ပစ်​တာ​တွေ...​ဖေ​ဖေမသိဘူးထင်​လို့လား....မရဘူး...သမီး​ဆေးထိုးရမယ်​´´
ဦးသိန်းထိုက်​...သမီး​လေးကို..​အော်​မိပြီ်​..မိတဆိုးသမီး​လေးမို့...အလိုလိုက်​ထားသမျှ...ကျန်းမာ​ရေးနဲ့ပတ်​သက်​ရင်​​တော့အလိုမလိုက်​နိုင်​ပါ....သူ့မှာတွယ်​တာစရာဆိုလို့...ဒီသမီိ​လေးပဲရှိ​တော့တာ

ည​နေကျရင်​...​ဒေါက်​တာ​လေးလာလိမ့်​မယ်​´´​ဖေ့သမီး....ဂျစ်​ဖို့...မစဉ်းစားနဲ့​တော့´´

ဟွန့်​....​ဖေကြီးရယ်​...ရာရာ့အ​ကြောင်းမသိဘူးလား...ဟို​ဒေါက်​တာ...ရာရာ့ကို​ဆေးမကုပဲထွက်​​ပြေးသွား​စေရမယ်​...ဟွင်း ဟွင်းး

#ဆက်ရန်

Coin Marketplace

STEEM 0.26
TRX 0.12
JST 0.031
BTC 56792.82
ETH 2874.63
USDT 1.00
SBD 3.67