 မုန်းသစ်​ပင်

in #love6 years ago

နွေ မုန်းသစ်​ပင်

သည်​​နွေ​ရောက်​လျှင်
သည်​​လောက်​ပူမယ်
သည်​နှယ်​ညှိုး​ခြောက်
သည်​​လောက် ​သွေ့ ​ယော်
မွေ့ မ​ပျော်​လို့ 
ကျ​နော်​ ​နွေကိုမုန်းလိုက်​သည်​ ။

ပြေ​ပြေသုတ်​ဖြူး
နွေ​လေရူးမှာ
ယစ်​မူးခဲ့တုန်းကတခါ ....

ပျံ့ ပျံ့ ​ထွေး​ထွေး
နွေဦး​တေးမှာ
ငေး​မောခဲ့ရင်းတကြိမ်​ .....

ဝိုးဝါးယိုဖိတ်
မသိစိတ်​နှင့်​ ​ချော့သိပ်​​မွေ့ ညင်
နွေရင်​ခွင်​မှာ ခိုဝင်​တွယ်​ငြိခဲ့ဘူးသည်​ ။

တစစနှင့်
မြကိုင်းမြခက်​ ကျ​နော့လက်​တို့ 
ပျက်​စီးညှိုး​ခြောက်​လာသည့်​အခါ....

တ​ဖြေး​ဖြေးနှင့်
မြ​သွေးစိမ်းစို ကျ​နော့ကိုယ်​တို့ 
ယွင်းယို​သွေ့ ​ခြောက်​လာသည့်​အခါ .....

တစစနှင့်
မြရွက်​မြလွှာ ရင်​အမွှာတို့ 
ကြေကာနွမ်းလျလာသည့်​အခါ ....

ဪ. ​နွေဆိုသည်​မှာ
သည်​လိုပါလား ရင်​မှာအသိ
ခိုဝင်​မိ၏ သတိစိတ်​ဝင်
ကျိုး​ကြောင်းယှဉ်​ကာ ​ရှောင်​ကြဉ်​လိုစိတ်
မုန်​သည့်​စိတ်​ဖြင့်
နွေရိပ်​​နွေ​ယောင်​ မမြင်​လို ။

အေး​လေ ....
နွေဟာ​နွေပဲ ​သွေလို့ မလွယ်
ဖယ်​လို့ မဖြစ်​ ​ရှောင်​မဖြစ်​တိုင်း
နွေအရိုင်းမှာ ရိုးပြိုင်းရွက်​​လျော
ရင်​​မော​မောနှင့်
ဥသြသံကို ​မျှော်​မိသည်​ ။ ။

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 57254.26
ETH 2887.51
USDT 1.00
SBD 3.60