စိတ်ကုန်သွားရင်...

in #love8 years ago

လူတစ်ယောက် စိတ်ဆိုးသွားရင်
ပြန်ချော့လို့ရတယ်။

စိတ်ကောက်သွားရင်လည်း
ပြန်ချော့လို့ရတယ်။

စိတ်ကုန်သွားပြီ ဆိုရင်တော့
ဘာမှလုပ်လို့ မရတော့ဘူး။

မင်းအပေါ်စိတ်ကုန်သွားတဲ့
သူတစ်ယောက်ကို မင်းဆီ
စိတ်ပြန်လည်လာအောင်
လုပ်ဖို့ဆိုတာ သူစိမ်းတစ်ယောက်နဲ့
ရင်းနှီးအောင်လုပ်ရတာထက် ခက်တယ်။

ဘာလို့လဲ ဆိုတော့......

မင်းအပေါ်စိတ်ကုန်သွားတဲ့
သူတစ်ယောက်ရဲ့ ခံစားတတ်တဲ့
နှလုံးသားက မင်းအတွက်
သေဆုံးသွားခဲ့လို့ပဲ....

ဒါကြောင့်.....
လူတစ်ယောက်ကို စိတ်တိုအောင်
စိတ်ကောက်အောင် အထိပဲလုပ်ပါ။
image
ဒါပေမယ်.....
စိတ်ကုန်သွားတဲ့အထိတော့
ဘယ်တော့မှ မလုပ်မိပါစေနဲ့။

လေးစားစွာဖြင့်​ 😊😊😊
ဇင်းနစ်​ မ​ကွေး

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65855.69
ETH 1930.19
USDT 1.00
SBD 0.38