Greeting

in #love7 years ago

တောင်ဒဂုံတွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်၊ ကျူးလွန်သူကို အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ဖမ်းမိ
===========-==========-==========-=======
August 8, 2017

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် (၇၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ဩဂုတ်လ ၇ ရက်နေ့က ည ၉ နာရီက စက်ဘီးဖြင့် ဝင်တိုက်ရာမှ အချင်းများပြီး အမျိုးသားနှစ်ဦး အသတ်ခံရသော နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်။

ပြစ်မှုကျူးလွန်သူသူနှင့် အသတ်ခံရသူတို့မှာ တစ်လမ်းတည်း နေထိုင်သူများဖြစ်ပြီး ယခင် တစ်ဦးနေအိမ်သို့ တစ်ဦး ဝင်ထွက်သွားလာမှုများ ရှိခဲ့ကြောင်း၊ အခင်းဖြစ်နေ့က လူသတ်မှု ကျူးလွန်သော ဘိုဘို (ခ) မာမူလေး စီးလာသည့် စက်ဘီးသည် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးကို၏ စက်ဘီးနှင့် တိုက်မိရာ အဆိုပါလူငယ်က ဆဲဆိုသွားကြောင်း၊ ဘိုဘိုက စက်ဘီးကို နေအိမ်တွင်ထား၍ ဓားယူကိုယူပြီး ဆဲဆိုသွားသော လူငယ်၏ အိမ်သို့ လိုက်လာစဉ် လူငယ်၏ ဖခင်ဖြစ်သူ ဦးတင်ဦးနှင့် ထပ်မံစကားများ ရန်ဖြစ်ရာမှ ဦးတင်ဦးနှင့် အကိုဝမ်းကွဲဖြစ်သူ ဦးသန်းထွဋ်အောင်တို့က ဝိုင်းဝန်းထိုးကြိတ်ခံရမှုကြောင့် ဓားဖြင့် ပြန်လည်ခုခံရာမှ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်။

“စက်ဘီးနဲ့ အတိုက်ခံရတဲ့ ချာတိတ်က သူ့ကို (ပြစ်မှုကျူးလွန်ခဲ့သူ) ဆဲသွားလို့ အိမ်ပြန် စက်ဘီးထားဓားယူပြီး နောက်က လိုက်လာတယ်။ ချာတိတ်အိမ်ရောက်တော့ ချာတိတ်အဖေနဲ့ အကိုက သူ့ကို လက်သီးနဲ့ ဝိုင်းထိုးလို့ ထွက်ပြေးခဲ့တာကို ဟိုနှစ်ယောက်က လိုက်ဖမ်းရာက သူ့မှာ ပါလာတဲ့ ဓားနဲ့ အထိုးခံရပြီး နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့တာပါ” ဟု ယင်းအမှုအား စစ်ဆေးနေသည့် ရဲအရာရှိက ရှင်းပြသည်။

“နှစ်ယောက် တစ်ယောက်ဆိုတော့ မနိုင်လို့ သူက ထွက်ပြေးတာကို ဟိုနှစ်ယောက်က လိုက်ဖမ်းတာ။ ဖမ်းတော့ တစ်ယောက်က မိသွားတဲ့ချိန် သူ့မှာ ပါလာတဲ့ ဓားနဲ့ အတွက်ခံလိုက်ရတယ်။ ပြီးတော့ သူက ဘုရင့်နောင်လမ်းဘေးက နေအိမ်တစ်အိမ်ထဲ ထပ်ဝင်ပြေးရာက ဂျောင်ပိတ်မိသွားချိန် နောက်က လိုက်လာတဲ့ တစ်ယောက်ကို ကြောက်ကန်ကန်ပြီး ဓားနဲ့ ထပ်ထိုးခဲ့တာလို့ သိရတယ်။ ပြစ်မှုကျူးလွန်ပြီး နေအိမ်ပြန်ဓားထား အဝတ်စားလဲပြီး မြဝတီကို ထွက်ပြေးမယ် ကြံစည်နေချိန် အဝေးပြေးဝင်းမှာ ဖမ်းမိခဲ့တာပါ” ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါ လူသတ်မှုကြောင့် အသက် ၄၆ နှစ် ဦးတင်ဦး (ခ) ကုလားနှင့် အသက် ၃၆ နှစ် ဦးသန်းထွဋ်အောင်တို့မှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး လူသတ်မှု ကျူးလွန်သော ဘိုဘို (ခ ) မာမူလေးသည် ဆွေမျိုးများရှိရာ မြဝတီဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန် ကြံစည်နေချိန် အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ဩဂုတ်လ ၇ ရက် ည ၁၀ နာရီက ဖမ်းမိခဲ့သည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့
The Voice
Photo ..cd

By ရဲ ရင့် ထွန်း ရဲရင့် ထွန်း

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55838.64
ETH 2285.93
USDT 1.00
SBD 2.33