ချစ်သူကိုအချိန်ပေးပါ

in #love6 years ago (edited)

ချစ်သူကိုအချိန်ပေးပါ။အပူ အပင်တွေ မရှိဘဲ ပေါ့ပါးစွာ ချစ်ရတဲ့သူရဲ့ လက်ကလေးကိုတွဲပြီး လျှောက်လည်တာမျိုး၊ ရုပ်ရှင်ရုံသွားတာမျိုးတွေကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်နော်။တစ်ပတ်တစ်ခါလောက်တော့ အဲ့လိုအချိန်ပေးသင့်ပါတယ်။
image
photo credit original source
အတူတူရှိနေတဲ့အချိန်လေးတွေမှာ နှစ်ယောက်သား အချိန် အတူတူ ကုန်ဆုံးဖို့ ကြိုးစားပါ။အပူ အပင်တွေ မရှိဘဲ ပေါ့ပါးစွာ ချစ်ရတဲ့သူရဲ့ လက်ကလေးကိုတွဲပြီး လျှောက်လည်တာမျိုး၊ ရုပ်ရှင်ရုံသွားတာမျိုးတွေကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်နော်။အိမ်ထောင်ရေး နေ့ရက်လေးတွေမှာ နှစ်ယောက်သား အချိန် အတူတူ ကုန်ဆုံးဖို့ လျော့နည်းတတ်လာတာမျိုး ဖြစ်တတ်ပါတယ်။ ချစ်သူတွေတုန်းကတော့ နှစ်ယောက်သား သီးသန့်တွေ့ဆုံချိန်တွေကို ဖန်တီးတတ်ပေမယ့် အိမ်ထောင်ရေးရယ်လို့ ဖြစ်လာတဲ့အချိန်မှာ ဘေးနားရှိနေတာပဲ ဆိုတဲ့စိတ်ကြောင့် သီးသန့် အချိန်ယူတာမျိုးတွေက ရှားပါးလာပါတော့တယ်။ အခုBaby ပြောပြပေးချင်တာကတော့ အိမ်ထောင်ရေးလေးမှာ နှစ်ယောက်သား အချိန် အတူတူ ကုန်ဆုံးဖို့ ကြိုးစားသင့်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေးမှာ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု အပြည့်ရှိနေဖို့ ကလည်း အရေးကြီးတဲ့အချက်ပါပဲ။တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမှသာခိုင်မြဲမှာပါ။
image
photo credit original source
အိမ်ထောင်ကျပြီးသွားရင်လဲ ဒီအချက်ကတော့ အရေးကြီးတဲ့အချက်တွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။ ချစ်သူတွေတုန်းကလို အပူ အပင်တွေ မရှိဘဲ ပေါ့ပါးစွာ ချစ်ရတဲ့သူရဲ့ လက်ကလေးကိုတွဲပြီး လျှောက်လည်တာမျိုး၊ ရုပ်ရှင်ရုံသွားတာမျိုးတွေကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်နော်။ တစ်အိမ်တည်း အတူနေတာပဲ ဒီလို သက်သက်ကြီး အပြင်သွားဖို့ မလိုအပ်ပါဘူးလို့တော့ မတွေးလိုက်နဲ့နော်။ အိမ်မှာဆိုရင် လုပ်စရာတွေ များပြီး ဟိုဟာလေး ထလုပ်လိုက် ဒီဟာလေး ထလုပ်လိုက်နဲ့ ဖြစ်နေပြီး ကြည်နူးနေဖို့ အချိန်ရှိမှာ မဟုတ်လို့ပါ။ အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင်လည်း ချစ်သူတွေတုန်းကလို အချိန်ယူပါ နော်။ဒီလိုအချိန်ယူပေးမှ သာယာတဲ့အိမ်ထောင်ရေးဖြစ်လာမှာပါ။
image
photo credit original image source
နှစ်ယောက်တူတူ အနားယူနေတဲ့အချိန်မျိုး၊ အိမ်မှာ နေတဲ့အချိန်တွေမှာ တစ်ယောက် တစ်နေရာစီ တစ်ယောက် တစ်မျိုးစီ ပြုလုပ်တာမျိုးထက် တစ်ခုတည်းကို နှစ်ယောက် အတူ ပြုလုပ်တာမျိုးကို ဦးစားပေးပါ။ ဥပမာ…တစ်ယောက်က ဟင်းချက်နေတဲ့အချိန် ကျန်တစ်ယောက်က သန့်ရှင်းရေး လုပ်နေတာမျိုးထက် တစ်ယောက်က ဟင်းချက်တယ် ဆိုရင် ကျန်တစ်ယောက်က ဘေးနားကနေ ဟင်းချက်တာအတွက် လိုအပ်တဲ့ အရာလေးတွေကို ကူညီပေးတာမျိုးကို ပြုလုပ်ပေးတတ်ပါစေနော်။မင်္ဂလာမောင်နှံလေးတို့လည်း ချစ်ရတဲ့ ချစ်သူလေးနဲ့ စတင်လိုက်တဲ့ နေ့ရက်လေးတွေတိုင်းမှာ ပျော်ရွှင်စရာလေးတွေကို ဖန်တီးရင်း အိမ်ထောင်ရေး နေ့ရက်လေးတွေတိုင်း ကြည်နူးခြင်းတွေနဲ့ ဖြတ်သန်းလိုက်နိုင်ဖို့ ပြောပြလိုက်ရပါတယ်နော်။အားလုံးကျေနပ်ကြမယ်လို့လဲ Baby မျှော်လင့်ပါတယ်။
image
photo credit original source
အနေဝေးနေတဲ့စုံတွဲတွေလဲရှိမှာပါ။အနေဝေးရင် မေ့လွယ်တယ်ဆိုတာတွေ ရှိတတ်တာကို သတိရပေးပါ။ အနေဝေးတိုင်း မေ့ကြကြေးဆိုရင်တော့ Long Distance Relationship ဆိုတာတောင် ရှိတော့မှာ မဟုတ်ပါဘူး။ ချစ်သူတွေ အချင်းချင်းမှာ အကြောင်း အမျိုးမျိုးကြောင့် အနေဝေးနေမယ်ဆိုရင်တောင် ချစ်သူချင်း ဆက်သွယ်ချိန် မလျော့ဖို့ နည်းလမ်းတွေ ရှာဖွေပါ။ အနေဝေးတာ နီးတာထက် စိတ်ချင်း နီးနေဖို့က ပိုအရေးကြီးလို့ပါ။ နှစ်ယောက်ကြားက အချိန်တွေကို တတ်နိုင်သမျှ နားချိန်၊ အိပ်ချိန်၊ အလုပ်လုပ်ချိန်တွေကို တူအောင် ထားပါ။ ဒါမှ ကိုယ့်ချစ်သူလေး အားတဲ့အချိန် ကိုယ်လည်း အားနေတဲ့အတွက် နှစ်ယောက်သား စကားပြောချိန်၊ တစ်နေ့တာ အတွေ့အကြုံတွေ ဖလှယ်ချိန် ရရှိမှာ ဖြစ်ပါတယ်။ နည်းလမ်းတွေအများကြီးထဲက နည်းလမ်းသေးသေးလေးတွေ ဖြစ်ပါစေ ရှာဖွေဖန်တီးပြီး ချစ်သူချင်း တစ်နေ့ထက် တစ်နေ့ ပိုချစ်ခင်လာနိုင်ဖို့ Baby က ဝေမျှပေးလိုက်ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင့်။
image
photo credit original source

Author- @babysister
Yangon.
Myanmar.
5/18/2018.
10:58 Am.
Thanks to all steemit friends.
image
photo by me.****

Sort:  

ဟုတ်ပြီ။ပေးလိုက်မယ်ချစ်သူကိုတော့မဟုတ်ဘူး။ချစ်သူဖြစ်ဖို့ကြိုးစားနေတုန်းမမတစ်ယောက်ကိုပါညမ။အက်လဲ့။သာယာလိုက်တာ။

အော်အာစရိက မမကိုချစ်နေတာပေါ့။ဘယ်မမလဲအလင်းပြပါ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by babysister from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 63598.38
ETH 2746.61
USDT 1.00
SBD 2.65