အောင်မှလားဟုမေးသောအခါ

in #life7 years ago

image

အလုပ်မရလို့၊ချစ်သူနဲ့ကွဲလို့၊ အိမ်လေးတစ်လုံးတောင်
ပိုင်ဆိုင်ခွင့်မရှိလို့ အစရှိသဖြင့် စိတ်ဆင်းရဲ နေရင်
သင့်မှာမနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်ရှိသေးတယ်ဆိုတာ
မမေ့ပါနဲ့။ လူတိုင်းမနက်ဖြန်ကို မျှော်လင့်ခွင့်မရှိပါ
ဘူး။ ကင်ဆာဖြစ်နေတဲ့သူတွေ၊ ရောဂါဆိုးခံစားနေရသူတွေ
AIDS ဖြစ်နေတဲ့ ကလေးတွေ သူတို့လေးတွေ
ရော မနက်ဖြန်ကို သင့်လိုရဲရဲဝံ့ဝံ့မျှော်လင့်ရဲမယ် သင်ထင်လို့လား? မနက်ဖြန်တိုင်းမှာ သင်ပိုကောင်းတဲ့
အလုပ်တစ်ခုရသွားနိုင်ပါတယ်။ အရင်ချစ်သူထက် သင့်ကိုပိုချစ်တဲ့ ချစ်သူတစ်ယောက်လည်းရသွားနိုင်ပါတယ်။
အရေးကြီးတာ အမြဲတမ်းမျှော်လင့်ချက်ရှိပြီး အချိန်တိုင်း အကောင်းဆုံးလုပ်ဆောင်နေဖို့ပဲလိုပါတယ် မျှော်လင့်ပါ မတွေဝေပါနဲ့
လူတော်တော်များများစိတ်ဓာတ်ကျရခြင်းအကြောင်းအရင်းက
သူတို့ကိုသူတို့ သူများတွေနဲ့ လိုက်နှိုင်းယှဉ်လို့ပါ
ပဲ။ သူများတွေက ရုပ်ပိုလှတယ်၊ပိုက်ဆံပိုရှာနိုင်တယ် စသဖြင့်ပေါ့။ နောက်ဆုံး ပြောရရင် ဖေ့ဘွတ်ပေါ်မှာ ပေါ်မှာ
လိုက်ပိုရတယ်ကအစ လိုက်မနှိုင်းယှဉ်ပါနဲ့။ လူတွေက အများအမြင် ရှေ့မှာသာ ပျော်စရာတွေ၊ ကြွားစရာတွေ
ထုတ်ပြနေကြတာပါ။ သူတို့ထဲမှာလည်း စိတ်ဓာတ်ကျနေသူတွေ အများကြီးပါပဲ။ ဒါ့ကြောင့် သင့်ကိုယ်သင်
ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့
ဘဝမှာအောင်မြင်တဲ့သူတွေက စိတ်ဓာတ်ကျမှုရဲ့လွှမ်းမိုးခြင်းကို ဘယ်တော့မှာမခံပါဘူး။ သူတို့က ကျနေတဲ့
စိတ်ဓာတ်ကိုအမြဲပြန်ကောက်တင် တိုက်နေတဲ့တိုက်ပွဲကို နိုင်အောင်တိုက်ပါတယ်။ တကယ်တော့ အောင်မြင်
ချင်ရင် လက်ဝှေ့သမားတွေကို အတုယူရပါမယ် လက်ဝှေ့သမားဆိုတာ တစ်ကြိမ်တစ်ခါတော့ မူးမေ့သွား
လောက်အောင်အထိုးခံဖူးပါတယ်။ ဒါပေမယ့် မူးဝေနေတဲ့စိတ်ကို
ပြန်စုစည်း ဒိုင်လူကြီးရဲ့ အမှတ်စဉ်ကိုသေချာလေးတော့
နားထောင် ထိုးနေတဲ့ပွဲကဆက်ပြီး အနိုင်ရအောင် ထိုးရပါတယ်။ တစ်ခါတစ်လေ လောကကြီးမှာ အရှိုက်ကို
အထိုးခံရသလို မူးမေ့သွားလောက်တဲ့ လောကဓံတရားတွေ သင်ခံစားရပါလိမ့်မယ်။ ဒါကသင်တစ်ယောက်ထဲ
မဟုတ်ပါဘူးဒါပေမယ့် အဲ့ဒိအချိန်ကျရင် သင့်ရဲ့စိတ်တွေကိုပြန်စုစည်းပါ သင်တိုက်နေတဲ့ပွဲကို နိုင်အောင်
ဆက်တိုက်ပါ ဘယ်တော့မှာ လဲကျတဲ့နေရာမှာပဲပျော်မနေပါနဲ့။ သင့်ကိုယ်သင် စိတ်ဓာတ်တက်ကြွအောင်
အမြဲနေပါလို့ပြောချင်ပါသည်

Sort:  

very good

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 66543.69
ETH 3327.31
USDT 1.00
SBD 2.71